Connect with us

International Organizations

ရီးရဲလ်မက်ဒရစ် တိုက်စစ်ကစားသမား အန်းဒရစ်ခ် လိုင်ယွန်အသင်းထံ အငှားဖြင့်ပြောင်းရွှေ့

စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ဆန်တီယာဂို ဘာနေဗျူး အားကစားကွင်း၌ ၂၀၂၅ ခုနှစ် ဧပြီ ၁ ရက်က ရီးရဲလ်မက်ဒရစ်နှင့် ရီးရဲလ်ဆိုစီဒက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်ဘုရင့်ဖလား (ကိုပါဒယ်ရေး) ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်၌ ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေသည့် ရီးရဲလ်မက်ဒရစ်အသင်းမှ အန်းဒရစ်ခ်အား တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

ရီးရဲလ်မက်ဒရစ်အသင်း၏ ဘရာဇီးတိုက်စစ်ကစားသမား အန်းဒရစ်ခ်မှာ ယခုနှစ်ဘောလုံးရာသီ ဒုတိယရာသီဝက်တွင် ပြင်သစ်လီဂူးဝမ်းကလပ် လိုင်ယွန်အသင်းထံ အငှားဖြင့် ပြောင်းရွှေ့ကစားရန် ကလပ်အသင်းနှစ်သင်းကြား သဘောတူညီမှုရရှိခဲ့ကြောင်း ဒီဇင်ဘာ ၂၃ ရက်က အသီးသီး ထုတ်ပြန်ကြေညာခဲ့သည်။
လိုင်ယွန်အသင်းအနေဖြင့် အန်းဒရစ်ခ်အား အငှားဖြင့်ခေါ်ယူမှုအတွက် ရီးရဲလ်မက်ဒရစ်အား ယူရိုတစ်သန်းဝန်းကျင် (အမေရိကန်ဒေါ်လာ ၁.၁၈ သန်း) ပေးချေရမည်ဖြစ်ကာ ထိုအပြောင်းအရွှေ့တွင် ရာသီကုန်၌ အပြီးသတ်ခေါ်ယူခွင့် ပါဝင်ခြင်းမရှိပေ။

အဆိုပါ အသက် ၁၉ နှစ်အရွယ် ကစားသမားမှာ ၂၀၂၄ ခုနှစ် နွေရာသီတွင် ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကာ လွန်ခဲ့သောဘောလုံးရာသီက လာလီဂါတွင် ၂၂ ပွဲ ပါဝင်ကစားခဲ့ရာ အများစုမှာ လူစားဝင်ကစားသမားအဖြစ် ကစားခွင့်ရခဲ့ခြင်းဖြစ်ကာ တစ်ဂိုးသာသွင်းယူနိုင်ခဲ့သည်။ သို့သော် အန်းဒရစ်ခ်မှာ စပိန်ဘုရင့်ဖလား (ကိုပါဒယ်ရေး) ပြိုင်ပွဲတွင် ငါးဂိုးသွင်းယူနိုင်ခဲ့ပြီး အသင်းအား ဗိုလ်လုပွဲသို့ ပို့ဆောင်ပေးခဲ့သည်။

ယခုရာသီတွင်မူ အန်းဒရစ်ခ်မှာ ဒဏ်ရာကြောင့် ပွဲထွက်ကစားခွင့် ပျောက်ဆုံးနေကာ သုံးပွဲသာ ကစားခွင့်ရခဲ့ပြီး လာလီဂါ၊ စပိန်ဘုရင့်ဖလားနှင့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် တစ်ပွဲစီ ပါဝင်ကစားထားခြင်းဖြစ်သည်။ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်မည့် ဘရာဇီးလက်ရွေးစင်အသင်းတွင် နေရာတစ်နေရာရရှိရန် ရည်မှန်းထားသည့် အန်းဒရစ်ခ်အနေဖြင့် ယခုကဲ့သို့ အငှားထွက်ကစားခြင်းဖြင့် ပွဲကစားချိန်ပိုမိုရရှိနိုင်ဖွယ်ရှိသည်။ (Xinhua)

စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ဆန်တီယာဂို ဘာနေဗျူး အားကစားကွင်း၌ ၂၀၂၅ ခုနှစ် ဧပြီ ၁ ရက်က ရီးရဲလ်မက်ဒရစ်နှင့် ရီးရဲလ်ဆိုစီဒက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်ဘုရင့်ဖလား (ကိုပါဒယ်ရေး) ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်၌ ရီးရဲလ်မက်ဒရစ်အသင်းမှ အန်းဒရစ်ခ် (ရှေ့) နောက်ပြန်ကန်ချက်ဖြင့် ဂိုးသွင်းရန် ကြိုးပမ်းနေစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ကော်လီဆီယမ် အားကစားကွင်း၌ ၂၀၂၅ ခုနှစ် ဧပြီ ၂၃ ရက်က ရီးရဲလ်မက်ဒရစ်နှင့် ဂီတာဖေးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါ ဘောလုံးပွဲစဉ်၌ ရီးရဲလ်မက်ဒရစ်ကစားသမား အန်းဒရစ်ခ် (ယာ) နှင့် ဂီတာဖေးကစားသမား ဟွမ် အီဂယ်စီယာစ်တို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)

……………
(English Version)
Real Madrid forward Endrick joins Lyon on loan
MADRID, Dec. 23 (Xinhua) — Real Madrid and Lyon have agreed a deal for Brazilian striker Endrick to spend the second half of the season on loan with the Ligue 1 club, both sides announced on Tuesday.
Lyon will pay Real Madrid around one million euros (1.18 million U.S. dollars) for the loan, which does not include an option to make the move permanent at the end of the campaign.
The 19-year-old joined Real Madrid in the summer of 2024. He scored one goal in 22 La Liga appearances last season, most of them as a substitute, but netted five times to help the club reach the Copa del Rey final.
This season, Endrick has lost playing time due to injury, making just three appearances — one each in La Liga, the Cup and the UEFA Champions League. The loan move is expected to give him more minutes as he looks to secure a place in Brazil’s squad for the 2026 FIFA World Cup.
English Caption 1
Endrick of Real Madrid celebrates a goal during the Copa del Rey semifinal 2nd leg football match between Real Madrid and Real Sociedad, in Santiago Bernabeu Stadium, Madrid, Spain, on April 1, 2025. (Photo by Gustavo Valiente/Xinhua)
English Caption 2
Endrick (front) of Real Madrid attempts a overhead kick during the Copa del Rey semifinal 2nd leg football match between Real Madrid and Real Sociedad, in Santiago Bernabeu Stadium, Madrid, Spain, on April 1, 2025. (Photo by Gustavo Valiente/Xinhua)
English Caption 3
Endrick (R) of Real Madrid vies with Juan Iglesias of Getafe CF during the Laliga football match between Real Madrid and Getafe CF in Coliseum Stadium, Madrid, Spain, on April 23, 2025. (Photo by Gustavo Valiente/Xinhua)