International Organizations
အက်သလက်တီကို မီနေးရိုးအသင်းသို့ ပြောင်းရွှေ့ရန် ရီနန်လိုဒီ ပြင်ဆင်
ရီယိုဒီဂျနေးရိုး၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)
အက်သလက်တီကို မီနေးရိုးအသင်းသည် အက်သလက်တီကို မက်ဒရစ်အသင်း၏ နောက်ခံလူဟောင်း ရီနန်လိုဒီကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် သဘောတူညီချက်တစ်ရပ် ရရှိခဲ့ကြောင်း ဘရာဇီးစီးရီးအေကလပ် အက်သလက်တီကို မီနေးရိုးအသင်းက ဒီဇင်ဘာ ၂၄ ရက်တွင် ကြေညာခဲ့သည်။
အသက် ၂၇ နှစ်အရွယ် ကစားသမား ရီနန်လိုဒီက ဆေးစစ်မှုခံယူရန်နှင့် ငါးနှစ်စာချုပ် ချုပ်ဆိုရန် ရက်အနည်းငယ်အတွင်း ဘယ်လို ဟောရီဇွန်တီမြို့သို့ သွားရောက်ရန် စီစဉ်ထားသည်။
“ဆေးစစ်မှုတွေ ပြီးစီးပြီး အတည်ပြုပြီးရင် စာချုပ်လက်မှတ်ရေးထိုးတာနဲ့ တရားဝင်ကြေညာတာကို ပြုလုပ်မှာပါ” ဟု အက်သလက်တီကို မီနေးရိုးအသင်း၏ တရားဝင်ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။
ဘရာဇီးအသင်းအတွက် ၁၉ ပွဲ ကစားထားသော လိုဒီသည် စက်တင်ဘာလတွင် Al-Hilal အသင်းနှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေခဲ့သည်။ ၎င်း၏ ကိုးနှစ်ကြာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝတွင် နော်တင်ဟမ် ဖောရက်စ်၊ မာဆေးလ်နှင့် အက်သလက်တီကို ပါရာနန်ဆီအသင်းများ၌လည်း ကစားခဲ့သည်။
အက်သလက်တီကို မီနေးရိုးအသင်းသည် ယခုနှစ် ဘရာဇီး၏ အသင်း ၂၀ ပါဝင်သော စီးရီးအေအမှတ်ပေးဇယားတွင် ၁၂ ပွဲနိုင်၊ ၁၂ ပွဲသရေကျပြီး ၁၄ ပွဲရှုံးဖြင့် အဆင့် ၁၁ နေရာ၌ ရပ်တည်ခဲ့ကြောင်း သိရသည်။ (Xinhua)
………………..
(English Version)
Renan Lodi set for Atletico Mineiro move
RIO DE JANEIRO, Dec. 24 (Xinhua) — Atletico Mineiro has reached an agreement to sign former Atletico Madrid defender Renan Lodi on a free transfer, the Brazilian Serie A club said on Wednesday.
The 27-year-old is due to arrive in Belo Horizonte in the coming days to undergo a medical and sign a five-year contract.
“The signing of the contract and the official announcement will take place after the completion and approval of the medical exams,” read a statement on Atletico Mineiro’s official website.
Lodi, who has 19 Brazil caps, had been without a club after parting ways with Al-Hilal in September. His nine-year professional career has also included spells at Nottingham Forest, Marseille and Atletico Paranaense.
Atletico Mineiro finished 11th in Brazil’s 20-team Serie A standings this year with 12 wins, 12 draws and 14 losses. ■
English Caption
Atletico de Madrid’s Renan Lodi (R) competes during a Spanish first division league football match between Atletico de Madrid and Rayo Vallecano in Madrid, Spain, Jan. 2, 2022. (Photo by Gustavo Valiente/Xinhua)
