Connect with us

International Organizations

၂၀၂၅ ခုနှစ်တွင် ဖီဖာကလပ်ကမ္ဘာ့ဖလားက ထင်ရှားသော ဘောလုံးပြိုင်ပွဲဖြစ်ခဲ့ပြီး ပီအက်စ်ဂျီက ဥရောပကို စိုးမိုးထားခဲ့

ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဆုဖလားနှင့်အတူ အောာင်ပွဲခံနေသည့် ပီအက်စ်ဂျီအသင်း ကစားသမားများနှင့် နည်းပြချုပ် လူးဝစ်စ် အန်နရီကေး (ယာ-ပထမ) တို့အား ၂၀၂၅ ခုနှစ် မေ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

အထင်ကရ နိုင်ငံတကာ အမျိုးသားဘောလုံးပြိုင်ပွဲမရှိသည့် နှစ်တစ်နှစ်ဖြစ်သည့်အလျောက် ကလပ်အသင်း ဘောလုံးပြိုင်ပွဲနှင့် သက်ဆိုင်သော အကြောင်းအရာများကသာ သတင်းများကို လွှမ်းမိုးထားခဲ့ပြီး ပီအက်စ်ဂျီက ထိတ်ထိတ်ကြဲ ချန်ပီယံအသင်းတစ်သင်းအဖြစ် ‌ပေါ်ထွက်လာခဲ့သည်။

ပီအက်စ်ဂျီအသင်းမှာ မေလနှောင်းပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အင်တာမီလန်ကို ၅ ဂိုးပြတ်အနိုင်ရရှိကာ ချန်ပီယံလိဂ်ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့ရာ နည်းပြ လူးဝစ်စ် အန်နရီကေးက နာမည်ကျော်ကစားသမား အစုအဖွဲ့ထက် အသင်းလိုက်စုစည်းညီညွတ်မှု တန်ဖိုးကို အလေးထားပြောဆိုခဲ့သည်။ အဆိုပါ စပိန်လက်ရွေးစင်နည်းပြဟောင်းက နည်းစနစ်ပိုင်း အရည်အသွေးကို လျင်မြန်မှု၊ ပေါက်ကွဲနှုန်းမြင့်မားသော ကစားဟန်တို့နှင့် ပေါင်းစပ်ထားသော အသင်းတစ်သင်းကို တည်ဆောက်ထားခြင်းဖြစ်ကာ ပီအက်စ်ဂျီအနေဖြင့် ပြည်တွင်း၌ နှစ်အတန်ကြာ စိုးမိုးထားပြီးနောက် ဥရောပချန်ပီယံအဖြစ် ပထမဆုံးအကြိမ် အောင်ပွဲခံနိုင်ခဲ့သည်။

ထို့အတူ ပီအက်စ်ဂျီကစားသမား အူစမန် ဒမ်ဘီလီသည်လည်း ၎င်း၏ပုံရိပ်ကို အကောင်းဆုံး တည်ဆောက်နိုင်ခဲ့ပြီး ဘလွန်းဒီအောဆုနှင့် ဖီဖာအကောင်းဆုံး ဘောလုံးသမားဆု (အမျိုးသား) တို့ကို ဆွတ်ခူးနိုင်ခဲ့သည်။ ပီအက်စ်ဂျီက ဖီဖာကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် ချဲလ်ဆီးအသင်းကို ၀-၃ ဂိုးဖြင့် အရေးနိမ့်ခဲ့သော်လည်း ပြင်သစ်ဘောလုံးလောကကို ဆက်လက်စိုးမိုးထားနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဆုဖလားကို ထပ်မံဆွတ်ခူးနိုင်ရန် ပြင်ဆင်လျက်ရှိသည်။
အင်္ဂလန်တွင် ယာဂင် ကလော့ပ်နေရာ၌ အစားထိုးတာဝန်ယူခဲ့သည့် အာနယ် ဆလော့၏ ပထမဆုံးရာသီတွင် လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ်ဆုဖလားကို သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော် ယခုဘောလုံးရာသီတွင်မူ နွေရာသီအပြောင်းအရွှေ့၌ ငွေကြေးအလုံးအရင်း အသုံးပြုထားသည့် လီဗာပူးလ်အနေဖြင့် ပရီးမီးယားလိဂ်ကို ထပ်မံစိုးမိုးထားလိမ့်မည်ဟူသော မျှော်လင့်ချက်များ ပျက်သုဉ်းကာ ခက်ခဲသောရာသီတစ်ခုကို ဖြတ်သန်းနေရပြီး ကစားသမားသစ်များမှာလည်း အသင်းနှင့်အံဝင်နိုင်ရန် ရုန်းကန်နေရသည့်အတွက် ဆလော့အဖို့ ဖိအားများ မြင့်တက်လာခဲ့သည်။

ဘာစီလိုနာအနေဖြင့် ဟန်ဆီ ဖလစ်ခ်လက်ထက် ပထမရာသီ၌ အောင်မြင်မှုများ ရယူနိုင်ခဲ့ကာ တင်းကျပ်သော ဘဏ္ဍာရေးစည်းမျဉ်း ကန့်သတ်ချက်များနှင့် ရင်ဆိုင်ရခြင်း၊ အိမ်ကွင်း နူးကမ့်အား မွမ်းမံပြင်ဆင်နေသည့်အတွက် အိုလံပစ်အားကစားကွင်း (ကွင်းဟောင်း) ၌ အိမ်ကွင်းပွဲစဉ်များကို လက်ခံကစားရခြင်းတို့ ရှိခဲ့စေကာမူ လာလီဂါဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့သည်။
လာမင်း ယမားလ်က သတင်းခေါင်းစီးများထက်တွင် လွှမ်းမိုးမှုအရှိဆုံး ကစားသမားဖြစ်ခဲ့သလို နည်းပြ ဖလစ်ခ်သည်လည်း ရာဖင်ညာ၊ ပက်ဒရီ၊ ဖာမင် လိုပက်ဇ်နှင့် ဖယ်ရန် တောရက်စ် စသည့် ကစားသမားများကို ထွန်းတောက်စေခဲ့သည့်အတွက် ချီးကျူးခံခဲ့ရသည်။ ထို့အတူ ဘာစီလိုနာအသင်းမှာ အမှတ်ပေးဇယား ဦးဆောင်သူအဖြစ် ၂၀၂၅ ခုနှစ်ကို ထပ်မံအဆုံးသတ်နိုင်ခဲ့သလို ဥရောပချန်ပီယံဆုကို စိန်ခေါ်နိုင်ရန်လည်း ရည်မှန်းထားကာ နူးကမ့်ကွင်းသို့ ပြန်လည်ရောက်ရှိလာခြင်းက အသင်း၏ ဘဏ္ဍာရေးဖိအားများကို လျော့ကျစေဖွယ်ရှိသည်။
ရီးရဲလ်မက်ဒရစ်မှာမူ ပိုမိုတည်ငြိမ်မှုနည်းသော နှစ်တစ်နှစ်ကို အားတင်းဖြတ်သန်းနေရသည်။ ယမန်နှစ်က ကာလို အန်ဆယ်လော့တီလက်ထက်တွင် လာလီဂါဆုဖလားနှင့် လွဲချော်ခဲ့သလို ချန်ပီယံလိဂ်တွင်လည်း ကွာတားဖိုင်နယ်မှ လှည့်ပြန်ခဲ့ရပြီးနောက် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ဇာဘီ အလွန်ဆိုက နည်းပြအဖြစ် စတင်တာဝန်ယူခဲ့သည်။ ထို့နောက်တွင်လည်း ရီးရဲလ်အသင်းက ကလပ်ကမ္ဘာ့ဖလားတွင် ပီအက်စ်ဂျီကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ကာ အသင်းအဝတ်လဲခန်း၌ ပြဿနာများရှိနေသည်ဟူသော သတင်းများနှင့် အသင်း၏ရလဒ်များ ဆိုးရွားနေသည့်အတွက် နည်းပြအလွန်ဆိုအပေါ် သံသယဝင်မှုများလည်း တစ်‌ကျော့ပြန်ပေါ်ထွက်လာခဲ့သည်။
ဘွန်ဒက်စ်လီဂါတွင် ဘိုင်ယန်မြူးနစ်က အမှတ်ပေးချန်ပီယံဆုကို ပြန်လည်ဆွတ်ခူးနိုင်ခဲ့သလို အီတလီစီးရီးအေတွင်လည်း နာပိုလီက ရာသီပိတ်ပွဲစဉ်၌ ကာဂလီယာရီကို ၂-၀ ဂိုးဖြင့် အနိုင်ယူကာ ဆုဖလားကိုင်မြှောက်နိုင်ခဲ့သည်။
ပြိုင်ပွဲဝင်အသင်းအရေအတွက် တိုးချဲ့ထားသော ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲက ကမ္ဘာ့ဘောလုံးအားကစားတွင် ဥရောပအသင်းများကို ပိုမိုအားကောင်းစေခဲ့သလို ဆုကြေးခွဲဝေရရှိမှုကြောင့်လည်း အကျိုးအမြတ်များစွာ ရရှိခဲ့သည်။ ထိုပြိုင်ပွဲတွင် ဘရာဇီးကလပ် ဖလူမင်နိစ်၊ ပါလ်မီးရက်စ်နှင့် ဆော်ဒီကလပ် အယ်လ်-ဟီလာအသင်းတို့နှင့်အတူ ဥရောပကလပ်အသင်းငါးသင်း ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့သည်။ ဖလူမင်နိစ်က အယ်လ်ဟီလာကို အနိုင်ရခဲ့သော်လည်း ဆီမီးဖိုင်နယ်တွင် ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့ကာ အကြိတ်အနယ်ရှိသော ဗိုလ်လုပွဲတွင် ချဲလ်ဆီးက ပွဲပန်းနေသော ပီအက်စ်ဂျီကို ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ (Xinhua)

စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ၂၀၂၅ ခုနှစ် မေ ၁၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါပွဲစဉ်၌ ဘာစီလိုနာအသင်းမှ လာမင်း ယမားလ် (ယာ) နှင့် ဗီလာရီးရဲလ်အသင်းမှ အဲလက်စ် ဘာအန်နာတို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်ရှိ မက်ထ်လိုက်ဖ် အားကစားကွင်း၌ ၂၀၂၅ ခုနှစ် ဇူလိုင် ၁၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲ၌ ချဲလ်ဆီးအသင်းမှ အန်ဇို ဖာနန်ဒက်ဇ် (ယာ) နှင့် ပီအက်စ်ဂျီအသင်းမှ ဗီတင်ညာတို့၏ ယှဉ်ပြိုင်ကစားဟန်ကို တွေ့ရစဉ် (ဆင်ဟွာ)

…………………
(English Version)
Yearender: FIFA Club World Cup takes center stage as PSG rules Europe
MADRID, Dec. 26 (Xinhua) — In a year without a major men’s international tournament, club football dominated the headlines, with Paris Saint-Germain emerging as one of the standout winners.
PSG capped the season by winning the UEFA Champions League in late May with a 5-0 rout of Inter Milan, as coach Luis Enrique underlined the value of cohesion over a collection of star names. The former Spain coach has built a side that blends technical quality with pace and aggression, and after years of domestic dominance, PSG fully justified its first European crown.
Ousmane Dembele set the tone and was later named Ballon d’Or winner and FIFA Best Men’s Player. Despite a 3-0 defeat to Chelsea in the FIFA Club World Cup final, PSG looks well-placed to maintain its grip on French football and mount another Champions League challenge.
In England, Liverpool stormed to the Premier League title in Arne Slot’s first season after replacing Jurgen Klopp. However, after heavy summer spending, expectations of further dominance have given way to a difficult campaign, with new signings struggling to gel and Slot facing growing pressure.
Barcelona enjoyed a successful first season under Hansi Flick, winning La Liga despite strict financial limits and playing home matches at the former Olympic Stadium while Camp Nou undergoes renovation.
Lamine Yamal drew the biggest headlines, but Flick also earned credit for elevating players such as Raphinha, Pedri, Fermin Lopez and Ferran Torres. Barcelona ends 2025 top of La Liga again and hoping to contend in Europe, with a return to Camp Nou expected to ease financial strain.
Real Madrid endured a more turbulent year. Carlo Ancelotti’s side missed out on the league title and exited the Champions League in the quarterfinals last season, before Xabi Alonso took over ahead of the Club World Cup. Madrid was then outclassed by PSG in the semifinals, and the year ends amid reports of dressing-room unrest and renewed questions over Alonso after poor results.
Elsewhere, Bayern Munich reclaimed the Bundesliga title, while Napoli sealed Serie A with a 2-0 win over Cagliari in the final round.
The expanded Club World Cup reinforced European strength in the global game – and the prize money distribution that sustains it. Five European clubs reached the quarterfinals along with Brazil’s Fluminense and Palmeiras and Saudi side Al-Hilal. Fluminense beat Al-Hilal before losing to Chelsea in the semifinals, while Chelsea produced a strong final to defeat a fatigued PSG.
English Caption 1
Players and head coach Luis Enrique (1st R) of Paris Saint-Germain celebrate winning the UEFA Champions League in Munich, Germany, May 31, 2025. (Xinhua/Peng Ziyang)
English Caption 2
Lamine Yamal (R) of Barcelona vies with Alex Baena of Villarreal during their La Liga match in Barcelona, Spain, on May 18, 2025. (Photo by Joan Gosa/Xinhua)
English Caption 3
Enzo Fernandez (R) of Chelsea vies with Vitinha of Paris Saint-Germain during the FIFA Club World Cup 2025 final at the MetLife Stadium, New Jersey, the United States, July 13, 2025. (Xinhua/Li Rui)