International Organizations
ဖလာမင်ဂို ကွင်းလယ်ကစားသမား ကာရာစကယ်က မာဆေးလ်အသင်းသို့ ပြောင်းရွှေ့ဖွယ်ရှိ
ရီယိုဒီဂျနေရိုး၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)
ကိုလံဘီယာ လက်ရွေးစင် ကွင်းလယ်ကစားသမား ဂျော့ဂ်ျ ကာရာစကယ်သည် ဥရောပ၏ ဇန်နဝါရီလ အပြောင်းအရွှေ့ကာလတွင် မာဆေးလ်အသင်းသို့ ပြောင်းရွှေ့ရန် ဖလာမင်ဂိုအသင်းမှ ထွက်ခွာနိုင်ဖွယ်ရှိကြောင်း မီဒီယာဖော်ပြချက်များအရ သိရသည်။
ပြင်သစ် လီဂူးဝမ်းကလပ်အသင်း မာဆေးလ်က အသက် ၂၇ နှစ်အရွယ် ကစားသမား ကာရာစကယ်အတွက် ယူရို ၁၅ သန်းဖြင့် ကနဦးကမ်းလှမ်းထားကြောင်း ဘရာဇီးသတင်းဌာန Esporte News Mundo က ဖော်ပြခဲ့သည်။
ဖလာမင်ဂိုအသင်းကမူ ၎င်းတို့အသင်းနှင့် ၂၀၂၉ ခုနှစ် ဇွန်လအထိ စာချုပ်ချုပ်ဆိုထားသည့် ကွင်းလယ်ဖန်တီးရှင် ကာရာစကယ်ကို လက်လွှတ်ပေးရန် ယူရို သန်း ၂၀ ထက်မနည်း ရှာဖွေနေကြောင်းလည်း အဆိုပါသတင်းဌာနက ဖြည့်စွက်ဖော်ပြခဲ့သည်။
ကာရာစကယ်သည် ဒိုင်နမိုမော်စကိုအသင်းမှ သြဂုတ်လတွင် ရောက်ရှိလာပြီးကတည်းက ဖလာမင်ဂိုအသင်းအတွက် ၂၄ ပွဲ ကစားခဲ့ပြီး ဂိုးသုံးဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ငါးကြိမ်ပြုလုပ်ခဲ့သည်။
၎င်း၏ စွမ်းဆောင်မှုများက ဖလာမင်ဂိုအသင်းအား ယခုနှစ် ကိုပါလီဘာတာဒိုရီ ချန်ပီယံဆုနှင့် ဘရာဇီးစီးရီးအေ ချန်ပီယံဆုတို့ကို ရရှိစေခဲ့သည်။ ကာရာစကယ်သည် နိုဝင်ဘာလတွင် နယူးဇီလန်အသင်း၊ သြစတြေးလျအသင်းတို့နှင့် ခြေစမ်းပွဲများအတွက် ကိုလံဘီယာအသင်းသို့ ပြန်လည်ခေါ်ယူခံခဲ့ရပြီး ယင်းပွဲစဉ်နှစ်ပွဲစလုံး၌ အရန်ခုံမှ ပါဝင်ကစားခဲ့ကြောင်း သိရသည်။ (Xinhua)
………………
(English Version)
Flamengo midfielder Carrascal linked with Marseille move
RIO DE JANEIRO, Dec. 27 (Xinhua) — Colombia international midfielder Jorge Carrascal could leave Flamengo to join Marseille in Europe’s January transfer window, according to media reports.
The French Ligue 1 side has submitted an initial bid of 15 million euros for the 27-year-old, Brazilian news outlet Esporte News Mundo reported.
It added that Flamengo is seeking at least 20 million euros to release the playmaker, who is contracted to the Rio de Janeiro club until June 2029.
Carrascal has made 24 appearances for Flamengo since his August arrival from Dynamo Moscow, scoring three goals and providing five assists.
His performances helped Flamengo win this year’s Copa Libertadores and Brazilian Serie A titles. In November, he was recalled to Colombia’s national squad for friendlies against New Zealand and Australia, coming off the bench in both matches. ■
