Connect with us

Asia

သမ္မတဟောင်း ယွန်းနှင့် ဇနီးဖြစ်သူတို့အား အဂတိလိုက်စားမှုဖြင့် စုံစမ်းစစ်ဆေးမှုကို တောင်ကိုရီးယား အထူးအစိုးရရှေ့နေအဖွဲ့ အပြီးသတ်

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ကြားနာစစ်ဆေးမှု ခံယူပြီးနောက် တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆက်ယိုအား ၂၀၂၅ ခုနှစ် ဇူလိုင် ၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- NEWSIS via Xinhua)

ဆိုးလ်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)

ဖြုတ်ချခံ တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆက်ယိုနှင့် ၎င်း၏ဇနီးဖြစ်သူတို့အား အဂတိလိုက်စားမှု စွဲချက်များဖြင့် စုံစမ်းစစ်ဆေးမှုများကို တောင်ကိုရီးယား အထူးအစိုးရရှေ့နေအဖွဲ့က ဒီဇင်ဘာ ၂၉ ရက်၌ အပြီးသတ်ခဲ့ကြောင်း သိရသည်။
အထူးအစိုးရရှေ့နေ မင်ဂျုံကီ၏အဖွဲ့က ရက် ၁၈၀ ကြာ စုံစမ်းစစ်ဆေးမှုကို အပြီးသတ်ခဲ့ပြီးနောက် အချုပ်ကျနေသည့် စွဲချက်တင်ခံရသူ ၂၀ ဦး အပါအဝင် စုစုပေါင်းလူပုဂ္ဂိုလ် ၇၆ ဦးအား စွဲချက်တင်အရေးယူကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ယွန်းနှင့် ၎င်း၏ဇနီးဖြစ်သူ ဂင်မ်ဂွန်ဟီးတို့အပေါ် စွပ်စွဲချက်များမှာ အလွန်ကျယ်ပြန့်ကာ စတော့ဈေးကစားခြင်း၊ တန်ဖိုးကြီးလက်ဆောင်များ လက်ခံရယူခြင်း၊ သမ္မတရုံးနှင့် သမ္မတအိမ်တော် နေရာရွှေ့ပြောင်းရာတွင် ဥပဒေနှင့်ဆန့်ကျင်၍ ဝင်ရောက်စွက်ဖက်ခြင်း၊ နိုင်ငံရေးရန်ပုံငွေများကို တရားမဝင် လက်ခံရယူခြင်း စသည်တို့ ပါဝင်ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။

ယွန်း သမ္မတတာဝန် ထမ်းဆောင်ခြင်းမပြုမီကပင် ထွက်ပေါ်ခဲ့သည့် ထိုစွပ်စွဲချက်များမှာ နယ်ပယ်အားဖြင့် ကျယ်ပြန့်သကဲ့သို့ သဘောသဘာဝအားဖြင့်လည်း အလွန်လေးနက်ကြောင်း အထူးအစိုးရရှေ့နေအဖွဲ့က ပြောသည်။
ဂင်မ်မှာလည်း သမ္မတကတော်ဟူသော အရှိန်အဝါကိုအသုံးချ၍ တန်ဖိုးကြီးလက်ဆောင်များကို လိုလိုလားလား လက်ခံခဲ့သလို ရာထူးခန့်အပ်မှုများနှင့် အဆိုပြုရွေးချယ်မှုများတွင် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်စွက်ဖက်ခဲ့သည်ဟု အထူးအစိုးရရှေ့နေအဖွဲ့က အတည်ပြုခဲ့သည်။ အစိုးရရုံးအား ခေတ်သစ်ပုံစံ အကျိုးအမြတ်ရှာဖွေနည်းဟု ခေါ်ဆိုနိုင်သော ယင်းလုပ်ရပ်ကြောင့် အစိုးရလုပ်ငန်းစနစ်များကို အကြီးအကျယ် ပျက်ယွင်းစေခဲ့သည်ဟု ၎င်းအဖွဲ့က အလေးအနက်ပြောကြားခဲ့သည်။
ဩဂုတ်လကတည်းက အချုပ်ကျခံနေရသော ဂင်မ်အား ထောင်ဒဏ် ၁၅ နှစ် ချမှတ်ရန် အထူးအစိုးရရှေ့နေအဖွဲ့က တောင်းဆိုထားကာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက်၌ ပြစ်ဒဏ်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။ ဂင်မ်သည် အချုပ်ကျရင်း ရုံးတင်စစ်ဆေးခံရသည့် ပထမဆုံး တောင်ကိုရီးယား သမ္မတကတော်ဟောင်းလည်းဖြစ်သည်။ (Xinhua)

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ ဆိုးလ်ဗဟိုခရိုင်တရားရုံး၌ တောင်ကိုရီးယား သမ္မတဟောင်း ယွန်းဆက်ယို၏ဇနီး ဂင်မ်ဂွန်ဟီး (အလယ်) အား ၂၀၂၅ ခုနှစ် ဩဂုတ် ၁၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – NEWSIS/Handout via Xinhua)

………………..
(English Version)
S. Korea’s special counsel finalizes graft probe into ex-president Yoon, wife
SEOUL, Dec. 29 (Xinhua) — South Korea’s special counsel on Monday finalized investigations into corruption charges of former impeached President Yoon Suk-yeol and his wife.
The team of independent counsel Min Joong-ki said in a statement, unveiled after wrapping up the 180-day probe, that it filed charges against a total of 76 people, including 20 indicted under detention.
It noted that the allegations against Yoon and his wife, Kim Keon-hee, were wide-ranging, including: stock price manipulation, accepting luxury gifts, illegally interfering in the relocation of the presidential office and residence, and illegally receiving political funds.
The special counsel team said the allegations, which had emerged even before Yoon took office, were both extensive in scope and significant in nature.
It was confirmed that Kim had exploited her position as first lady both to readily receive luxury gifts and to extensively interfere in appointments and nominations. This conduct, which could be called a modern-day sale of public office, resulted in a significant breakdown of public systems, the team stressed.
The special counsel team demanded a 15-year prison term for Kim, who has been held at a detention center since August. The sentencing date was set for Jan. 28 next year.
Kim became the first wife of a former South Korean president to be tried under detention.
English Caption 1
Former South Korean President Yoon Suk-yeol is pictured after a hearing in Seoul, South Korea, July 9, 2025. (NEWSIS via Xinhua)
English Caption 2
Kim Keon-hee (C), wife of former South Korean President Yoon Suk-yeol, is seen at the Seoul Central District Court in Seoul, South Korea, Aug. 12, 2025. (NEWSIS/Handout via Xinhua)