Connect with us

North America

ယူကရိန်းငြိမ်းချမ်းရေးသဘောတူညီချက် “ပိုမိုနီးစပ်လာပြီ” ဟု ဇယ်လန်းစကီးနှင့် ဆွေးနွေးပြီးနောက် ထရမ့် ဆို

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ပါးလ်မ်ကမ်းခြေရှိ မာ-အာလာဂို အပန်းဖြေစခန်း၌ ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးနှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်က တွေ့ဆုံသည့်ဓာတ်ပုံအား အိမ်ဖြူတော်မှ ထုတ်ပြန်စဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးနှင့် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင် တွေ့ဆုံပြီးနောက် ယူကရိန်းအကျပ်အတည်းကို အဆုံးသတ်ရန် ငြိမ်းချမ်းရေးသဘောတူညီချက်နှင့် “ကျွန်တော်တို့ ပိုမိုနီးစပ်လာပါပြီ၊ အလွန်နီးစပ်နိုင်ဖွယ်ရှိပြီ” ဟု ၎င်းအနေဖြင့် ထင်မြင်ကြောင်း ဒီဇင်ဘာ ၂၈ ရက်၌ ပြောကြားခဲ့သည်။
သမ္မတနှစ်ဦးသည် ၎င်းတို့၏တွေ့ဆုံမှုအတွင်း နေတိုးနှင့် ဥရောပသမဂ္ဂခေါင်းဆောင်များအပါအဝင် ဥရောပခေါင်းဆောင်များနှင့် စကားပြောဆိုခဲ့ကြောင်း ထရမ့်က ဇယ်လန်းစကီးနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးအစီအစဉ်၏ စည်းကမ်းသတ်မှတ်ချက်များ၏ ၉၅ ရာခိုင်နှုန်းခန့်ကို ယင်းအစီအစဉ်နှင့်သက်ဆိုင်သူများက သဘောတူညီထားပြီးဖြစ်သော်လည်း “အလွန်ခက်ခဲသော ပြဿနာတစ်ခု သို့မဟုတ် နှစ်ခု” ကျန်ရှိနေသေးကြောင်း ထရမ့်က ပြောကြားခဲ့သည်။
ဇယ်လန်းစကီးကလည်း အမေရိကန်နိုင်ငံ၊ ဥရောပနိုင်ငံများနှင့် ယူကရိန်းနိုင်ငံတို့သည် ယူကရိန်းနိုင်ငံအတွက် လုံခြုံရေးအာမခံချက်များနှင့်ပတ်သက်၍ ၁၀၀ ရာခိုင်နှုန်းနီးပါး သဘောတူညီထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော်တို့က ငြိမ်းချမ်းရေးမူဘောင်ရဲ့ ရှုထောင့်အားလုံးကို ဆွေးနွေးခဲ့ကြတာပါ” ဟု ဇယ်လန်းစကီးက ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
………………..
(English Version)
Trump says “a lot closer” to Ukraine peace deal following talks with Zelensky
WASHINGTON, Dec. 28 (Xinhua) — U.S. President Donald Trump said Sunday that he thinks “we’re getting a lot closer, maybe very close” to a peace deal to end the Ukraine crisis after his meeting with Ukrainian President Volodymyr Zelensky in Florida.
The two presidents spoke with European leaders, including leaders of NATO and the European Union, during the course of their meeting, Trump told reporters at a joint press conference with Zelensky.
Trump said that about 95 percent of the terms of the peace plan have been agreed upon by parties involved, though “one or two very thorny issues” still remain.
Zelensky said the United States, Europe and Ukraine have almost 100 percent agreed on security guarantees for Ukraine.
“We discussed all the aspects of the peace framework,” said Zelensky. ■
English Caption
A screen shot taken from a video released by the White House shows U.S. President Donald Trump meeting with Ukrainian President Volodymyr Zelensky at the Mar-a-Lago estate in Palm Beach, Florida, the United States, Dec. 28, 2025. (Xinhua)