Connect with us

Eastern Europe

ရုရှားနိုင်ငံ နော့ဗ်ဂိုရော့ဒ်ဒေသရှိ သမ္မတအိမ်တော်အား ယူကရိန်းက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ဟု ရုရှား ပြော

ရုရှားနိုင်ငံ မော်စကိုမြို့တွင် နှစ်ကုန်ပိုင်း နှစ်ပတ်လည်သတင်းစာရှင်းလင်းပွဲ၌ ရုရှားသမ္မတ ဗလာတီမာပူတင် ရှင်းလင်းပြောကြားနေပုံကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို/ကိဗ်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ အနောက်မြောက်ပိုင်း နော့ဗ်ဂိုရော့ဒ်ဒေသရှိ သမ္မတအိမ်တော်အား ပစ်မှတ်ထား၍ ယူကရိန်းက ညအချိန် ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်က ဒီဇင်ဘာ ၂၉ ရက်၌ ပြောကြားခဲ့သည်။
“ဒီဇင်ဘာ ၂၈-၂၉ ရက် ညပိုင်းမှာ ယူကရိန်းအစိုးရက ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတရဲ့ အိမ်တော်ကို တာဝေးတိုက်ခိုက်ရေးဒရုန်း ၉၁ စင်းနဲ့ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်” ဟု လက်ဗ်ရော့ဗ်က ပြောကြားခဲ့သည်။
ကျူးကျော်ဝင်ရောက်လာသော ဒရုန်းအားလုံးကို ရုရှားစစ်တပ်၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့် ပစ်ချနိုင်ခဲ့ကာ ဒရုန်းအပျက်အစီး အပိုင်းအစများကြောင့် ထိခိုက်ဒဏ်ရာရသူနှင့် အပျက်အစီးများဖြစ်ပေါ်ခဲ့သည့် သတင်းများ ကြားသိရခြင်းမရှိဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ယူကရိန်းအကျပ်အတည်းအား ဖြေရှင်းနိုင်ရန် ရည်ရွယ်သည့် ရုရှား-အမေရိကန် ဆွေးနွေးမှုများ အကြိတ်အနယ် လုပ်ဆောင်နေခိုက် ယူကရိန်းဘက်က ယင်းတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု လက်ဗ်ရော့ဗ်က အလေးအနက်ပြောကြားခဲ့သည်။
ထိုသို့ အဆင်အခြင်မဲ့သော လုပ်ရပ်များကို ခေါင်းငုံ့ခံမည်မဟုတ်ကြောင်း၊ ရုရှားစစ်တပ်က လက်တုံ့ပြန်တိုက်ခိုက်မည့် ပစ်မှတ်များကို သတ်မှတ်အတည်ပြုထားပြီးဖြစ်ကာ တိုက်ခိုက်မှုလုပ်ဆောင်မည့် အချိန်ကိုလည်း သတ်မှတ်ထားပြီးဖြစ်ကြောင်း ၎င်းက သတိပေးခဲ့သည်။

ရုရှားအနေဖြင့် အမေရိကန်နှင့် ဆွေးနွေးညှိနှိုင်းရေး လုပ်ငန်းစဉ်မှ နုတ်ထွက်ရန် ရည်ရွယ်ချက်မရှိဟုလည်း လက်ဗ်ရော့ဗ်က အလေးထားပြောဆိုခဲ့သည်။
သို့သော် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးကမူ ထိုသို့တိုက်ခိုက်ခဲ့သည်ဟူသော စွပ်စွဲ‌ပြောဆိုမှုကို ဒီဇင်ဘာ ၂၉ ရက်က ငြင်းဆန်ခဲ့ပြီး ယင်းသည် ရုရှားဖက်ဒရေးရှင်းဘက်မှ နောက်ထပ်အလိမ်အညာတစ်ခုသာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။
မြို့တော်ကိဗ်အား တိုက်ခိုက်မှုများအပါအဝင် ယူကရိန်းအား ရုရှား၏တိုက်ခိုက်မှုများကိုလည်းကောင်း၊ အကျပ်အတည်းအား အဆုံးသတ်ရေးအတွက် လိုအပ်သော အစီအမံများလုပ်ဆောင်ရန် ရုရှားဘက်က ငြင်းဆန်နေမှုကိုလည်းကောင်း အကြောင်းပြချက်ပေးရန် ထိုသို့ပြောဆိုခြင်းဖြစ်ကြောင်း ဇယ်လန်းစကီးက ပြောသည်။
“သူတို့ဟာ မြို့တော်နဲ့ အစိုးရအဆောက်အဦတွေကို ပစ်မှတ်ထားဖွယ်ရှိတဲ့ တိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့ အကြောင်းပြချက် ဖန်တီးရုံသက်သက်ပါပဲ” ဟု ၎င်းက ဆိုသည်။ “သမ္မတအိမ်တော်ကို တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ ဖြစ်ရပ်က လုံးဝကို လုပ်ကြံဇာတ်လမ်းတစ်ပုဒ်သာဖြစ်တယ်”
ယူကရိန်းအနေဖြင့် သံတမန်လမ်းကြောင်းမှ ကြိုးပမ်းအားထုတ်မှုများကို ထိခိုက်ပျက်ပြားစေနိုင်သည့် လုပ်ရပ်များကို လုပ်ဆောင်ခြင်းမရှိသော်လည်း ရုရှားဘက်ကမူ ယင်းလုပ်ရပ်များကို အမြဲတစေ လုပ်ဆောင်လေ့ရှိကြောင်း ဇယ်လန်းစကီးက အလေးအနက်ပြောကြားခဲ့သည်။ (Xinhua)

……………….
(English Version)
Russia says Kiev launched drone attack on presidential residence in Novgorod
MOSCOW/KIEV, Dec. 29 (Xinhua) — Russian Foreign Minister Sergei Lavrov said Monday that Kiev launched an overnight drone attack targeting the presidential residence in Russia’s northwestern region of Novgorod.
“On the night of December 28-29, the Kiev regime launched a terrorist attack using 91 long-range strike drones on the state residence of the President of the Russian Federation,” Lavrov said.
He added that all incoming drones were shot down by air defense systems of the Russian Armed Forces, and no reports of casualties or damage caused by drone debris were received.
Lavrov emphasized that the attack was carried out amid intensive Russia-U.S. negotiations aimed at resolving the Ukraine crisis.
He warned that such reckless actions would not go unanswered, confirming that the Russian Armed Forces had already identified the targets for retaliatory strikes and set the timing for their execution.
Lavrov also noted that Moscow had no intention of withdrawing from the negotiation process with the United States.
Ukrainian President Volodymyr Zelensky on Monday denied the accusation of the attack, calling it “another lie from the Russian Federation.”
He said such claims are intended to justify Russian attacks on Ukraine, including strikes on the capital, as well as Russia’s own refusal to take necessary steps to end the crisis.
“They’re simply preparing the ground to carry out strikes, probably on the capital and probably on government buildings,” he said.
“This alleged ‘residence strike’ story is a complete fabrication,” Zelensky said.
He stressed that Ukraine does not take steps that can undermine diplomatic efforts, but Russia “always takes such steps.”
English Caption
Russian President Vladimir Putin speaks during his annual year-end press conference in Moscow, Russia, Dec. 19, 2025. (Xinhua/Hao Jianwei)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.