Connect with us

International Organizations

အာဆင်နယ်အသင်း၏ ဒဏ်ရာပြဿနာ ကြီးထွားလာစဉ် ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်တွင် ပါဝင်လှုပ်ရှားမည်ဟု အာတေတာ အရိပ်အမြွက်ပြော

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရုဂေးစ်မြို့တွင် ကလပ်ဘရုဂေးအသင်းနှင့် အာဆင်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဘောလုံးပွဲစဉ်မတိုင်မီ အာဆင်နယ်နည်းပြချုပ် မစ်ကယ် အာတေတာအား တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

အာဆင်နယ်အသင်းအနေဖြင့် ယခုနှစ်ဘောလုံးရာသီတွင် ဒဏ်ရာပြဿနာများ၏ ထိုးနှက်မှုကို ဆက်တိုက်ရင်ဆိုင်နေရစဉ် အာဆင်နယ်အသင်းမန်နေဂျာ မစ်ကယ် အာတေတာက ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက် အခြေအနေကို အသေအချာ စောင့်ကြည့်သွားမည်ဟု အရိပ်အမြွက်ပြောကြားခဲ့သည်။

အာဆင်နယ် (ဂန်းနားစ်) အနေဖြင့် ပြိုင်ပွဲစုံတွင် ပါဝင်ယှဉ်ပြိုင်ရာ၌ ပွဲဆက်များမှုကို ဖြေရှင်းရန်နှင့် အသင်း၏လူစာရင်း တောင့်တင်းစေရန်အတွက် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် ပေါင် သန်း ၂၅၀ ဝန်းကျင် အသုံးပြု၍ ကစားသမားသစ် ၈ ဦးအထိ ခေါ်ယူအားဖြည့်ခဲ့သည်။ ထိုသို့ ပြောင်းရွှေ့ကြေးအများအပြား အသုံးပြုထားသည့်တိုင် ဒဏ်ရာပြဿနာများက အသင်းအား တဖန်ပြန်၍ ခြိမ်းခြောက်လျက်ရှိသည်။
ကိုင်ဟားဗက်ဇ်မှာ ရာသီအစကတည်းကပင် ပါဝင်ကစားနိုင်ခြင်းမရှိသလို အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်ဒ်၊ ဘူကာယို ဆာကာ၊ ဂါဘရီရယ် မာတင်နယ်လီ၊ နိုနီ မာဒူအက်ကေနှင့် မက်စ် ဒေါင်းမန်းတို့မှာလည်း ဒဏ်ရာကြောင့် အနားယူနေရသည်။

ရာသီအစပိုင်းတွင် အာဆင်နယ်အသင်းအတွက် အဓိကစိုးရိမ်စရာမှာ တိုက်စစ်ပိုင်းတွင် ပွဲထွက်ကစားသမား နည်းပါးနေခြင်းဖြစ်သော်လည်း ယခုအခါ ခံစစ်ပိုင်းအတွက် ကစားသမားရွေးချယ်ရာတွင်လည်း အခက်တွေ့နေပြီဖြစ်သည်။ ဒီဇင်ဘာ ၂၇ ရက်က ဘရိုက်တန်အား ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် ဂျူရီယန် တင်ဘာ ပါဝင်နိုင်ခြင်းမရှိသလို ရီကာဒို ကာလာဖီအိုရီမှာလည်း သွေးပူလေ့ကျင့်ခန်းလုပ်နေစဉ် ဒဏ်ရာရရှိသွားသည့်အတွက် အာတေတာအနေဖြင့် ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ကို ညာနောက်ခံလူအဖြစ် အသုံးပြုခဲ့ရသည်။

ထိုပွဲစဉ်၌ နောက်ခံလူ ဂါဘရီရယ် ပြန်လည်ပါဝင်နိုင်ခဲ့သော်လည်း ခရစ္စသီယန် မော့စကယ်ရာ၊ တင်ဘာနှင့် ကာလာဖီအိုရီတို့ ပြန်လည်ကစားနိုင်မည့်အချိန်ကိုမူ တိတိကျကျ မသိရသေးပေ။
“ကျွန်တော်တို့ ကစားသမားတချို့ရဲ့ အခြေအနေနဲ့ ခေါ်ယူနိုင်မယ့်အချိန်ကို အမှန်တကယ် သိရတော့မှာပါ” ဟု အာတေတာက ပြောသည်။
“ကျွန်တော်တို့ ရှာဖွေမှုတွေကို တက်တက်ကြွကြွလုပ်ရပါမယ်။ ပြီးတော့ ကျွန်တော်တို့ ‌တကယ်လုပ်နိုင်သလား မလုပ်နိုင်သလားဆိုတာရောပေါ့။ မတူညီတဲ့အခြေအနေဖြစ်ပေမဲ့ တစ်ခုခု ထူးခြားနိုင်တာမို့လို့ အမြဲတမ်း ကြိုတင်ပြင်ဆင်ထားဖို့က ကျွန်တော်တို့ရဲ့အလုပ်ပဲလေ” ဟု အာတေတာက ဆက်လက်ပြောသည်။

လွန်ခဲ့သောဘောလုံးရာသီက အာဆင်နယ်အသင်းမှာ ဒဏ်ရာပြဿနာများနှင့် အကြီးအကျယ်ရင်ဆိုင်ခဲ့ရပြီး အရေးကြီးပွဲစဉ်များတွင် အဓိကနောက်ခံလူ ဂါဘရီရယ် မာဂါ‌ဟေးစ် ပါဝင်နိုင်ခဲ့ခြင်းမရှိသလို ကွင်းလယ်လူ မစ်ကယ် မယ်ရီနိုကိုလည်း တိုက်စစ်မှူးနေရာတွင် ယာယီအသုံးပြုခဲ့ရသည်။ နောက်ဆုံးတွင်မူ အာဆင်နယ်က ပရီးမီးယားလိဂ်တွင် သုံးရာသီဆက်တိုက် အဆင့်-၂ ဖြင့်သာ ရာသီသိမ်းခဲ့ပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တွင်လည်း ပီအက်စ်ဂျီအား ရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရသည်။ (Xinhua)

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရုဂေးစ်မြို့တွင် ကလပ်ဘရုဂေးအသင်းနှင့် အာဆင်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဘောလုံးပွဲစဉ်မတိုင်မီ အာဆင်နယ်ကစားသမားများ အသင်းလိုက်ဓာတ်ပုံ ရိုက်ကူးနေစဉ် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က အာဆင်နယ်အသင်းနှင့် ချဲလ်ဆီးအသင်းတို့ ယှဉ်ပြိုင်ခဲ့သည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်၌ အာဆင်နယ်အသင်းမှ မစ်ကယ် မယ်ရီနို ဂိုးသွင်းပြီးနောက် အသင်းဖော်များနှင့်အတူ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

………………..
(English Version)
Arteta signals January transfer activity as Arsenal injury woes mount
LONDON, Dec. 29 (Xinhua) — Arsenal manager Mikel Arteta has indicated the club will closely monitor the January transfer market as injury problems continue to disrupt their season.
The Gunners invested around 250 million pounds in the summer, signing eight new players in an effort to strengthen the squad and cope with a demanding schedule across multiple competitions.
Despite that outlay, injuries once again threaten to derail their campaign.
Kai Havertz was sidelined from the opening day, while captain Martin Odegaard, Bukayo Saka, Gabriel Martinelli, Noni Madueke and Max Dowman have all missed time through injury.
While attacking absences were the main concern earlier in the season, Arsenal’s defensive options are now under strain. Arteta was forced to use Declan Rice at right-back in Saturday’s 2-1 win over Brighton after Jurrien Timber was ruled out and Riccardo Calafiori suffered a problem during the warm-up.
Gabriel returned to action in that match, but there is still no clarity over the recovery timelines for Cristhian Mosquera, Timber or Calafiori.
“We’re going to be really aware of the situation and the timescale of certain players,” Arteta said.
“We have to be actively looking, and then can we do it or not? That’s a different story, but our job is to be always very prepared because something can happen,” he said.
Last season, Arsenal were badly hit by fitness issues, losing key defender Gabriel Magalhaes for the run-in and being forced to deploy midfielder Mikel Merino as a makeshift striker. They eventually finished second in the Premier League for a third consecutive year and exited the Champions League at the semifinal stage against Paris St-Germain.
English Caption 1
Arsenal’s head coach Mikel Arteta is seen before the UEFA Champions League football match between Club Brugge and Arsenal in Bruges, Belgium, on Dec. 10, 2025. (Xinhua/Peng Ziyang)
English Caption 2
Players of Arsenal pose for a group photo before the UEFA Champions League football match between Club Brugge and Arsenal in Bruges, Belgium, on Dec. 10, 2025. (Xinhua/Peng Ziyang)
English Caption 3
Mikel Merino of Arsenal celebrates scoring with teammates during the English Premier League match between Arsenal FC and Chelsea FC in London, Britain, on Nov. 30, 2025. (Xinhua)