International Organizations
ရုန်းကန်နေရသည့် အိုဗီဒိုအသင်းမှ ဝါရင့်တိုက်စစ်မှူး ရွန်ဒွန် ထွက်ခွာမည်
မက်ဒရစ်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)
စပိန်လာလီဂါတွင် ရုန်းကန်နေရသည့် ရီးရဲလ် အိုဗီဒိုအသင်းက ဗင်နီဇွဲလားတိုက်စစ်မှူး ဆလိုမွန် ရွန်ဒွန်၏ အငှားစာချုပ်ကို အချိန်စော၍ ရပ်ဆိုင်းလိုက်ကြောင်း ဒီဇင်ဘာ ၃၁ ရက်က ကြေညာခဲ့သည်။
အသက် ၃၆ နှစ်အရွယ် ကစားသမား ရွန်ဒွန်အား အိုဗီဒိုအသင်းတွင် ရာသီတစ်ခုလုံး အငှားချရန် မက္ကဆီကိုကလပ်အသင်း ပါချူကာ (အိုဗီဒိုအသင်းနှင့် ပိုင်ဆိုင်မှုတူညီသော အသင်း) က စီစဉ်ထားသော်လည်း ယခုရာသီ၏ အလယ်၌ ပါချူကာအသင်းသို့ ပြန်သွားတော့မည်ဖြစ်သည်။
ရွန်ဒွန်သည် အိုဗီဒိုအသင်းအတွက် ၁၆ ပွဲ ကစားခဲ့ပြီး ရာသီတစ်လျှောက်လုံး စုစုပေါင်း ခုနစ်ဂိုးသာ ရရှိခဲ့သည့် ယင်းအသင်းအတွက် နှစ်ဂိုး သွင်းယူနိုင်ခဲ့သည်။
ခရစ္စမတ်အားလပ်ရက်မတိုင်မီ အိုဗီဒိုအသင်းသို့ ဗယ်လာဒိုးလစ်အသင်းမှ နည်းပြ ဂွီလာမို အယ်လ်မာဒါ ရောက်ရှိလာခြင်းက ရွန်ဒွန်အား ပါချူကာကို ပြန်ပို့ရန် ဆုံးဖြတ်ချက်ချရာမှာ အဓိကအချက်တစ်ခု ဖြစ်သည်မှာ ထင်ရှားသည်။ အယ်လ်မာဒါက အသင်းအား ဖိအားပေးကစားစေခြင်းကို ပိုနှစ်သက်ပြီး ရွန်ဒွန်၌မူ ထိုသို့လုပ်ဆောင်နိုင်ခြင်း မရှိပေ။
အိုဗီဒိုကလပ်အသင်းက “၎င်း၏ ကြိုးပမ်းအားထုတ်မှုအတွက်” ကျေးဇူးတင်ကြောင်း ထုတ်ပြန်ချက်နှင့်အတူ အသင်းမှ ၎င်း၏ထွက်ခွာမှုကို ကြေညာခဲ့ပြီး “ကမ္ဘာပေါ်မှာ ကံကောင်းပါစေ” ဟု ၎င်းအတွက် ဆုမွန်ကောင်းတောင်းခဲ့သည်။
Brandon Domingues နှင့် Alex Fores ကဲ့သို့ အခြားကစားသမားများကလည်း ဆောင်းရာသီအပြောင်းအရွှေ့ကာလတွင် ထွက်ခွာနိုင်ခြေရှိနေပြီး အိုဗီဒိုအသင်းသည် တန်းဆင်းဇုန်မှ လွတ်မြောက်ရန် ကစားသမားသစ်ခေါ်ယူမှုများအတွက် နေရာလွတ်များ ဖန်တီးပေးရန် ရှာဖွေနေကြောင်း သိရသည်။ (Xinhua)
…………………..
(English Version)
Veteran striker Rondon to leave struggling Oviedo
MADRID, Dec. 30 (Xinhua) — La Liga struggler Real Oviedo on Tuesday announced that it was cutting short the loan deal for Venezuelan striker Salomon Rondon.
The 36-year-old was due to spend the entire season on loan at Oviedo from the Mexican side Pachuca (which shares the same ownership as the Spanish club), but will now return to Mexico at the midpoint of the campaign.
Rondon played 16 times for Oviedo, scoring two goals, from the club’s disappointing total of just seven all campaign.
The arrival of coach Guillermo Almada from Valladolid just before the Christmas break is clearly a key factor in the decision to return Rondon to Pachuca. Almada prefers pressuring high up the field and Rondon doesn’t have the speed to do the job.
The club announced the departure with a communique thanking him “for his efforts,” and wishing him “all of the luck in the world.”
Other players such as Brandon Domingues and Alex Fores are also likely to leave in the winter transfer window as Oviedo looks to free up space for new signings in a bid to escape the relegation zone. ■
English Caption
Salomon Rondon of CF Pachuca celebrates after scoring during the FIFA Intercontinental Cup match between Brazil’s Botafogo and Mexico’s CF Pachuca in Doha, Qatar on Dec. 11, 2024. (Photo by Nikku/Xinhua)
