Connect with us

International Organizations

စပိန်စူပါဖလားပြိုင်ပွဲအား ဆော်ဒီအာရေဗျတွင် ကျင်းပမှုကို ဘီဘာအိုအသင်းခေါင်းဆောင် အီနာကီ ဝီလီယမ်စ် ဝေဖန်

ဂျာမနီနိုင်ငံ ဒေ့ါမွန်မြို့တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်၌ ဘီဘာအိုအသင်းမှ အီနာကီ ဝီလီယမ်စ် (ဝဲ) ၏ ယှဉ်ပြိုင်ကစားဟန်ကို တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)

အက်သလက်တစ် ဘီဘာအိုအသင်းခေါင်းဆောင် အီနာကီ ဝီလီယမ်စ်က စပိန်စူပါဖလားပြိုင်ပွဲအား ဆော်ဒီအာရေဗျနိုင်ငံတွင် ကျင်းပမှုအပေါ် ဝေဖန်ပြောဆိုခဲ့ပြီး ယင်းပြိုင်ပွဲအား အသင်းပရိသတ်များနှင့် ဝေးရာတွင် ကျင်းပခြင်းမှာ လွဲမှားနေသည်ဟုလည်း ပြောကြားခဲ့သည်။
စပိန်စူပါဖလားပြိုင်ပွဲကို ဆော်ဒီအာရေဗျတွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလက ပထမဆုံးအကြိမ်ကျင်းပခဲ့ပြီးနောက် ဘီဘာအိုအနေဖြင့် ထိုပြိုင်ပွဲတွင် စတုတ္ထအကြိမ် ယှဉ်ပြိုင်ခွင့်ရရှိထားခြင်းဖြစ်သည်။ ဘီဘာအိုအသင်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စပိန်ပြည်တွင်း၌သာ ကျင်းပခဲ့သည့် ၂၀၂၁ ခုနှစ် စူပါဖလားပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည်။

ဘက်စကေးအခြေစိုက် ဘီဘာအိုအသင်းအနေဖြင့် ဆော်ဒီနိုင်ငံ ဂျက်ဒါမြို့တွင် ကျင်းပမည့် ယခုနှစ်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်၌ လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း လေယာဉ်လက်မှတ်ခနှင့် ဂျက်ဒါမြို့တွင် တည်းခိုနေထိုင်စရိတ်ကြောင့် လိုက်လံအားပေးမည့်သူများအတွက် ထိထိရောက်ရောက် ပံ့ပိုးမှုများ ရရှိနိုင်ဖွယ်မရှိပေ။
ထို့ပြင် လေးရက်အကြာတွင် ရီးရဲလ်မက်ဒရစ် သို့မဟုတ် အက်သလက်တီကိုမက်ဒရစ်နှင့် ယှဉ်ပြိုင်ရမည့် ဗိုလ်လုပွဲကစားခွင့်ရရေးမှာလည်း မရေမရာရှိနေသည့်အတွက် ပရိသတ်များအဖို့ ခရီးစဉ်စီစဉ်ရန် မဖြစ်နိုင်သလောက်နီးပါးပင်ဖြစ်သည်။
ဘီဘာအိုအသင်းအနေဖြင့် ဆန်မားမက်စ် အားကစားကွင်း၌ ဒီဇင်ဘာ ၃၀ ရက်က တံခါးဖွင့် လေ့ကျင့်ခန်းအစီအစဉ်တစ်ခု ပြုလုပ်ခဲ့ပြီးနောက် ယခုနှစ် စူပါဖလားပြိုင်ပွဲနှင့်ပတ်သက်၍ ဝီလီယမ်စ်အား မီဒီယာများက မေးမြန်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ လေ့ကျင့်ခန်းအစီအစဉ်၌ ပရိသတ် ၃၀,၀၀၀ ကျော် လာရောက်အားပေးခဲ့သော်လည်း ၎င်းတို့မှာ ရီးရဲလ်မက်ဒရစ် သို့မဟုတ် ဘာစီလိုနာအသင်း ပရိသတ်အများစုရှိရာ ဂျက်ဒါမြို့အထိ လိုက်လံအားပေးမည်မဟုတ်ပေ။
“ကျွန်တော့်အမြင်မှာတော့ ဆော်ဒီမှာ ပြိုင်ပွဲကျင်းပတာက အဓိပ္ပာယ်လုံးဝမရှိပါဘူး” ဟု ဝီလီယမ်စ်က ပြောသည်။

“နိုင်ငံတစ်နိုင်ငံရဲ့ ပြိုင်ပွဲတစ်ခုကို တခြားတစ်နိုင်ငံမှာ သွားရောက်ကျင်းပတဲ့အခါ ပရိသတ်တွေအနေနဲ့ အသင်းရဲ့ပွဲစဉ်တွေကို လိုက်လံအားပေးဖို့ မလွယ်ကူတော့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အဲဒီမှာယှဉ်ပြိုင်ကစားတဲ့အခါ အဝေးကွင်းအသင်းလိုမျိုး ဖြစ်သွားတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါ တိုက်စစ်မှူးအနေဖြင့် ဆော်ဒီနိုင်ငံတွင် ပြိုင်ပွဲကျင်းပခြင်းကို ဝေဖန်ခဲ့သည်မှာ ပထမဆုံးအကြိမ်မဟုတ်ပေ။ လွန်ခဲ့သောဘောလုံးရာသီက ဘာစီလိုနာအသင်းကို ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်အပြီးတွင်လည်း ဝီလီယမ်စ်က “ပြည်တွင်းမှာပဲ ကစားမယ်ဆိုရင် ဘောလုံးကွင်းထဲမှာ ကျွန်တော်တို့အသင်းရဲ့ ပရိသတ်တွေအများကြီး ရှိနေမှာပါ။ ကျွန်တော်တို့ရဲ့ ပရိသတ်တွေ၊ မိသားစုတွေနဲ့ ကီလိုမီတာ ရာပေါင်းများစွာအကွာမှာ သွားကစားရတာကတော့ စိတ်ပျက်စရာပါပဲ။ ကျွန်တော့်အမြင်အရတော့ ဆော်ဒီနိုင်ငံမှာ လာကစားရတာ လုံးဝအဓိပ္ပာယ်မရှိပါဘူး” ဟု ပြောကြားခဲ့သည်။
စူပါဖလားပြိုင်ပွဲကို ဆော်ဒီနိုင်ငံတွင် ကျင်းပခြင်းမှာ စပိန်ဘောလုံးပရိသတ်များအကြား လူကြိုက်များခြင်း မရှိသော်လည်း စပိန်ဘောလုံးအဖွဲ့ချုပ်အနေဖြင့် တစ်နှစ်လျှင် ယူရိုသန်း ၄၀ ဝန်းကျင် အကျိုးအမြတ်ရရှိနေကာ ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

………………..
(English Version)
Bilbao captain Williams raises voice against Spanish Super Cup in Saudi Arabia
MADRID, Dec. 30 (Xinhua) — Athletic Bilbao captain Inaki Williams has spoken out against holding the Spanish Super Cup in Saudi Arabia, insisting it is wrong to take the competition away from the club’s supporters.
Bilbao has qualified for the Super Cup for the fourth time since the tournament was first played in Saudi Arabia in January 2020, and won the title in 2021, when it had to be played in Spain due to the pandemic.
The Basque side will play La Liga champion FC Barcelona in this year’s semifinal in Jeddah on January 7, but is unlikely to have significant traveling support, because of the flights and accommodation in the Saudi city.
Meanwhile, uncertainty over whether the club would then play a final against either Real Madrid or Atletico Madrid four days later makes organizing a trip almost impossible for fans.
Williams was asked about this year’s Super Cup after Bilbao held an open training session on Tuesday at San Mames Stadium, which was attended by over 30,000 fans – none of whom will be in Jeddah, where most of the local football fans support either Real Madrid or Barcelona.
“In my opinion, playing in Saudi Arabia is rubbish,” commented Williams.
“Taking a national competition to another country doesn’t make it easy for fans to travel and to follow the games. That means that when we play there, it seems like we are the away team,” he added.
It’s not the first time the striker has complained about playing in Saudi Arabia. After last season’s loss to Barcelona, he said: “If it had been played closer, the stadium would have been filled with many of our fans. It’s a shame that we have to play hundreds of kilometers away from our fans and our families. For me, it makes no sense to play here in Saudi Arabia.”
Although playing the Super Cup in Saudi Arabia isn’t popular with Spanish supporters, it earns the Spanish Football Federation around 40 million euros a year, with the contract lasting until 2029.
English Caption
Inaki Williams (L) of Athletic Club competes during the UEFA Champions League group stage 2nd round match between Borussia Dortmund and Athletic Club in Dortmund, Germany, Oct. 1, 2025. (Photo by Joachim Bywaletz/Xinhua)