International Organizations
အာဆင်နယ်က အက်စတွန်ဗီလာကို ၄-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိ၊ မန်ချက်စတာယူနိုက်တက်နှင့် ဝူလ်ဗာဟမ်တန် သရေရလဒ်ထွက်ပေါ်
လန်ဒန်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)
ဒီဇင်ဘာ ၃၀ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အာဆင်နယ်က ဒုတိယပိုင်းအစတွင် သွင်းယူခဲ့သည့် သွင်းဂိုးနှစ်ဂိုးအပါအဝင် အက်စတွန်ဗီလာကို အိမ်ကွင်း၌ ၄-၁ ဂိုးဖြင့် ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့သည့်အတွက် မန်ချက်စတာစီးတီးအား ငါးမှတ်ဖြတ်၍ အမှတ်ပေးဇယားထိပ်ဆုံး၌ ဦးဆောင်လျက်ရှိသည်။
ပထမပိုင်းတွင် နှစ်သင်းကြား နည်းစနစ်ပိုင်း အားပြိုင်ခဲ့ပြီးနောက် ပွဲချိန် ၄၈ မိနစ်တွင် ဘူကာယို ဆာကာ၏ ထောင့်ကန်ဘောကို အက်စတွန်ဗီလာဂိုးသမား အမ်မီလီယာနို မာတီနက်ဇ် ထွက်ပုတ်ရာမှ ဂါဘရီရယ် မာဂါဟေးစ်နှင့်ထိကာ ဂိုးဝင်သွားခဲ့သဖြင့် ပွဲမှာအသက်ဝင်လာခဲ့သည်။
လေးမိနစ်အကြာတွင် မာတင် အိုဒီဂတ်၏ သေသေသပ်သပ် ဖန်တီးပေးမှုကို မာတင် ဇူဘီမန်ဒီက ပိတ်သွင်း၍ အာဆင်နယ်အတွက် ဒုတိယဂိုးသွင်းယူခဲ့သလို ပွဲချိန် ၆၉ မိနစ်တွင် လူးကက်စ် ဒစ်ဂ်နီ၏အမှားမှတစ်ဆင့် လီယန်ဒရို ထရော့ဆက်ဒ်က တတိယဂိုးသွင်းယူခဲ့သည်။
ကြံ့ခိုင်မှုအပြည့်ဖြင့် ပြန်လာနိုင်ခဲ့သည့် ဂါဘရီရယ် ဂျေးဆူးက စတုတ္ထဂိုးသွင်းယူကာ အက်စတွန်ဗီလာ၏ ၁၁ ပွဲဆက်တိုက် နိုင်ပွဲရရှိထားမှုကို ပြတ်ပြတ်သားသား ချိုးဖျက်နိုင်ခဲ့သည်။ ပွဲချိန် ၉၄ မိနစ်တွင် အိုလီ ဝက်ကင်စ်က ဧည့်သည်အသင်းအတွက် နှစ်သိမ့်ဂိုးတစ်ဂိုး သွင်းယူခဲ့သည်။
ချဲလ်ဆီးက ဘုန်းမောက်ကို အိမ်ကွင်း၌ ၂ ဂိုးစီ သရေကျခဲ့သည့်အတွက် ချန်ပီယံပြေးလမ်းမှ ပိုမိုလမ်းချော်သွားပြီဖြစ်ကာ ထိုပွဲစဉ်၌ ဘုန်းမောက်က အိမ်ရှင်ချဲလ်ဆီးထက် ဂိုးသွင်းခွင့်များ ပိုမိုဖန်တီးနိုင်ခဲ့သည်။
ဒေးဗစ် ဘရွတ်ခ်က ဘုန်းမောက်အတွက် စောစောစီးစီး ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ကိုးလ်ပါမာက ပင်နယ်တီမှတစ်ဆင့် ပြန်လည်ချေပခဲ့ပြီး ပွဲချိန် ၂၃ မိနစ်တွင် အန်ဇို ဖာနန်ဒက်ဇ်က ဦးဆောင်ဂိုး ပြန်လည်သွင်းယူခဲ့သော်လည်း ဂျက်စတင် ကလွိုက်ဗက်က လေးမိနစ်အကြာတွင် ချေပဂိုးသွင်းယူခဲ့သည်။
ဒုတိယပိုင်းတွင် နှစ်သင်းစလုံးက အနိုင်ဂိုးရရှိရန် ကြိုးစားခဲ့သော်လည်း ချဲလ်ဆီးအသင်းက ထောင့်ကန်ဘောများကို အသုံးမချနိုင်ခဲ့သဖြင့် သရေရလဒ်ဖြင့်သာ အဆုံးသတ်ခဲ့သည်။
အမှတ်ပေးဇယားအောက်ဆုံးမှ ဝူလ်ဗာဟမ်တန်က မန်ချက်စတာယူနိုက်တက်အား အဝေးကွင်းတွင် ၁ ဂိုးစီ သရေကစားခဲ့ပြီး ယခုရာသီတွင် တတိယမြောက် ရမှတ်ကို ရယူနိုင်ခဲ့သည်။ ဂျော်ရှူအာ ဇက်ခ်ဇီးက ပွဲချိန် ၂၇ မိနစ်တွင် ယူနိုက်တက်အတွက် အဖွင့်ဂိုးသွင်းယူခဲ့သော်လည်း ပွဲချိန် ၄၅ မိနစ်တွင် လာဒီစလက်ဗ် ကရက်ဂျ်စီက ချေပဂိုးသွင်းယူခဲ့သည်။ ပွဲပြီးခါနီးတွင် ယူနိုက်တက်က သွင်းဂိုးတစ်ဂိုး ရရှိခဲ့သော်လည်း VAR က ပယ်ဖျက်ခဲ့သဖြင့် နည်းပြ ရူဘင် အာမိုရင်မ်အတွက် စိတ်ပျက်စရာရလဒ်တစ်ခုဖြစ်ခဲ့သည်။
နော်တင်ဟမ်ဖောရက်စ်က အဲဗာတန်ကို အိမ်ကွင်း၌ ၀-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သဖြင့် တန်းဆင်းရမည့် အန္တရာယ်မှ လွတ်မြောက်နိုင်ခြင်းမရှိသေးပေ။ အဆိုပါပွဲစဉ်၌ ဂျိမ်းစ်ဂါနာနှင့် သီယာနို ဘယ်ရီတို့က အဲဗာတန်အတွက် အနိုင်ဂိုးများ သွင်းယူခဲ့ခြင်းဖြစ်ကာ နှစ်ဆန်းပိုင်းက ၎င်းအား ရာထူးမှထုတ်ပယ်ခဲ့သည့် အသင်းအား ရှုံးနိမ့်ခဲ့သည့်အတွက် နော်တင်ဟမ်ဖောရက်စ်နည်းပြ ရှောင်ဒိုက်ချ်အဖို့ စိတ်ပျက်စရာဖြစ်ခဲ့သည်။
ဘန်လေကမူ အိမ်ကွင်း Turf Moor တွင် နယူးကာဆယ်ယူနိုက်တက်ကို ၁-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သဖြင့် အသင်း၏ အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့ကာ နယူးကာဆယ်အသင်းမှ ဂျိုလင်တန်နှင့် ယိုအန် ဝစ်ဆာတို့က ဦးဆောင်ဂိုးများကို စောစောစီးစီး သွင်းယူခဲ့သည်။ (Xinhua)

ဗြိတိန်နိုင်ငံ လီဗာပူးလ်မြို့တွင် ၂၀၂၅ ခုနှစ် မေ ၁၁ ရက်က လီဗာပူးလ်အသင်းနှင့် အာဆင်နယ်အသင်းတို့ ယှဉ်ပြိုင်ခဲ့သည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်၌ အာဆင်နယ်အသင်းမန်နေဂျာ မစ်ကယ် အာတေတာအား တွေ့ရစဉ် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် အာဆင်နယ်အသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဘောလုံးပွဲစဉ်၌ ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေသည့် အာဆင်နယ်ကစားသမားများကို တွေ့ရစဉ် (ဆင်ဟွာ)


………………….
(English Version)
Arsenal beats Aston Villa 4-1, Wolves stuns Man Utd
LONDON, Dec. 30 (Xinhua) — Arsenal struck twice at the start of the second half to kickstart a vital and convincing 4-1 home win over Aston Villa on Tuesday night, extending its lead at the top of the Premier League five points clear of Manchester City.
After a tactical first half, the match sprang to life in the 48th minute when Aston Villa goalkeeper Emiliano Martinez spilled Bukayo Saka’s corner, the ball bouncing in off Gabriel Magalhaes.
Four minutes later, Martin Odegaard slipped a pass through for Martin Zubimendi to double Arsenal’s advantage, and Leandro Trossard drilled in a third in the 69th minute after an error from Lucas Digne.
Gabriel Jesus confirmed his return to full fitness with a fourth goal to end Aston Villa’s run of 11 consecutive wins in decisive fashion, although Ollie Watkins scored a 94th-minute consolation for the visitors.
Chelsea drops further behind in the title race after being held to a 2-2 draw at home to Bournemouth, who created more chances than the home team.
David Brooks gave Bournemouth an early lead, but Cole Palmer’s penalty and Enzo Fernandez’s 23rd minute effort turned the score around only for Justin Kluivert to score the fourth goal of the match just four minutes later to round off the scoring.
Both sides looked for a winner in the second half, with Chelsea unable to capitalize on a series of corners, and a draw ultimately a fair outcome.
Rock bottom Wolverhampton Wanderers claimed just its third point of the season with a 1-1 draw away to Manchester United. Joshua Zirkzee put Manchester United ahead in the 27th minute before Ladislav Krejci stunned the hosts on the stroke of halftime. Manchester United had a late effort ruled out by VAR, with the result a setback for coach Ruben Amorim.
Nottingham Forest is still in danger of relegation after a 2-0 defeat at home to Everton thanks to goals in each half from James Garner and Thierno Barry to frustrate home coach Sean Dyche against the club that sacked him at the start of the year.
Things look even worse for Burnley after early goals from Joelinton and Yoane Wissa gave Newcastle a 3-1 win at the Turf Moor Stadium.
English Caption 1
Mikel Merino of Arsenal celebrates scoring with teammates during the English Premier League match between Arsenal FC and Chelsea FC in London, Britain, on Nov. 30, 2025. (Xinhua)
English Caption 2
Arsenal’s manager Mikel Arteta gestures during the English Premier League match between Liverpool FC and Arsenal FC in Liverpool, Britain, on May 11, 2025. (Xinhua)
English Caption 3
Arsenal’s players celebrates scoring during the UEFA Champions League football match between Arsenal and Bayern Munich in London, Britain, Nov. 26, 2025. (Xinhua/Li Ying)
