Asia
ထိုင်းနိုင်ငံနှင့် နယ်စပ်ပဋိပက္ခကြောင့် ကမ္ဘောဒီးယားနိုင်ငံရှိ စာသင်ကျောင်း ၃၇၇ ကျောင်း ပိတ်ထားရ
ဖနွမ်းပင်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံနှင့် နယ်စပ်ပဋိပက္ခဖြစ်ပွားနေခြင်းကြောင့် နယ်စပ်ပြည်နယ်များရှိ စာသင်ကျောင်းပေါင်း ၃၇၇ ကျောင်း ပိတ်ထားရကြောင်း ကမ္ဘောဒီးယားအစိုးရက ဒီဇင်ဘာ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
“ကျောင်းပိတ်ထားမှုကြောင့် ကျောင်းသား ၇၈,၅၈၅ ဦးနှင့် ဆရာ၊ ဆရာမ ၃,၁၉၇ ဦး ထိခိုက်နစ်နာခဲ့ရပါတယ်” ဟု ပညာရေး၊ လူငယ်နှင့် အားကစားဝန်ကြီးဌာနက ၎င်း၏တရားဝင် Facebook စာမျက်နှာတွင် ထုတ်ပြန်ခဲ့သည်။
အဓိကထိခိုက်ခဲ့သော ပြည်နယ်များမှာ Oddar Meanchey ၊ Preah Vihear နှင့် Banteay Meanchey တို့ဖြစ်သည်။
အဆိုပါပဋိပက္ခတွင် အပြစ်မဲ့ကမ္ဘောဒီးယား အရပ်သား လေးဦးသေဆုံးခဲ့ပြီး အခြားသူကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုပဋိပက္ခကြောင့် ထောင်ပေါင်းများစွာသော ပြည်သူများမှာ နယ်စပ်အနီးရှိ ၎င်းတို့၏နေအိမ်များမှ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်း ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီး Neth Pheaktra က ဒီဇင်ဘာ ၈ ရက်၌ ပြောကြားခဲ့သည်။
“Oddar Meanchey ပြည်နယ်မှာ အရပ်သားသုံးဦး သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ Preah Vihear ပြည်နယ်မှာ သေဆုံးခဲ့တာပါ” ဟု ၎င်းက ဆင်ဟွာသတင်းဌာနသို့ ဖုန်းဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
………………
(English Version)
377 schools in Cambodia closed due to border conflict with Thailand
PHNOM PENH, Dec. 8 (Xinhua) — The Cambodian government said on Monday that a total of 377 schools in border provinces have been shut down due to the ongoing border conflict with Thailand.
“The closure has affected 78,585 students and 3,197 teachers,” the Ministry of Education, Youth and Sport said in a post on its official Facebook page.
The main affected provinces are Oddar Meanchey, Preah Vihear, and Banteay Meanchey.
Cambodian Information Minister Neth Pheaktra said on Monday that four innocent Cambodian civilians have been killed in the conflict, with nine others wounded, as tens of thousands of people have fled their homes near the border for safe shelters.
“Three civilians were killed in Oddar Meanchey province and one was killed in Preah Vihear province,” he told Xinhua by telephone. ■
English Caption
Cambodian civilians flee their homes near border with Thailand for a safe shelter in Siem Reap province, Cambodia on Dec. 8, 2025. (Agence Kampuchea Presse/Handout via Xinhua)
