Connect with us

Eastern Europe

၂၀၂၆ ခုနှစ်အတွက် ရုရှားနိုင်ငံ၏ မဟာဗျူဟာမြောက် လုပ်ငန်းစဉ် ၆ ရပ်အား ပူတင် ကြေညာ

ကာဂျစ္စတန်နိုင်ငံ ဘစ်ရှ်ကက်မြို့တွင် ကျင်းပသည့် စုပေါင်းလုံခြုံရေး သဘောတူစာချုပ်အဖွဲ့ (CSTO) စုပေါင်းလုံခြုံရေးကောင်စီ အစည်းအဝေး၌ အမှာစကားပြောကြားနေသော ရုရှားသမ္မတ ဗလာတီမာ ပူတင်အား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Office of the President of the Kyrgyz Republic/Handout via Xinhua)

မော်စကို၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)

ရုရှားသမ္မတ ဗလာတီမာ ပူတင်က ၂၀၂၆ ခုနှစ်အတွက် ဦးစားပေးလုပ်ငန်းစဉ် ခြောက်ရပ်ကို ဒီဇင်ဘာ ၈ ရက်က ကြေညာခဲ့ကာ ဗဟိုအစိုးရနှင့် ဒေသန္တရ အာဏာပိုင်များအနေဖြင့် အမျိုးသားစီမံကိန်းများကို ထိထိရောက်ရောက် အကောင်အထည်ဖော်ရေး သေချာစေရန်အတွက် နိုင်ငံ့လူဦးရေ၊ စီးပွားရေးနှင့် နည်းပညာ နယ်ပယ်တို့တွင် ကြိုးပမ်းအားထုတ်မှုများ အရှိန်အဟုန်မြှင့်တင်ကြရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံအနေဖြင့် ၂၀၂၆ ခုနှစ်တွင် နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းချက်များအပေါ် တိုက်ရိုက် သက်ရောက်မှုရှိသော ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် အဓိကအာရုံစိုက်ရမည်ဖြစ်ကြောင်း မဟာဗျူဟာမြောက် ဖွံ့ဖြိုးတိုးတက်မှုနှင့် အမျိုးသားစီမံကိန်းများဆိုင်ရာ ကောင်စီ အစည်းအဝေး၌ ပူတင်က ပြောကြားခဲ့သည်။
နိုင်ငံအတွင်း ကလေးမွေးဖွားနှုန်း ဆက်တိုက်ကျဆင်းလာသည့်အတွက် အနုတ်လက္ခဏာဆောင်သော လူဦးရေအခြေအနေလားရာ အကောင်းဘက်သို့ ပြန်လည်ဦးတည်နိုင်ရေးမှာ အရေးအကြီးဆုံး လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ လက်ရှိကြိုးပမ်းအားထုတ်မှုများမှာ လုံလောက်မှုမရှိသေးကြောင်း ပူတင်က ပြောသည်။ ကလေးမွေးဖွားနှုန်း ပိုမိုမြင့်မားလာအောင် တိုက်တွန်းအားပေးရေး၊ ကလေးရှိသော မိသားစုများကို ထောက်ပံ့ပေးရေး၊ ဒေသအလိုက် အကောင်းဆုံးအလေ့အထများကို နိုင်ငံတစ်ဝန်းသို့ချဲ့ထွင်ရေးအတွက် ဘက်စုံထောင့်စုံမှ ဖြေရှင်းနည်းများကို ရှာဖွေကြရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
ရုရှားနိုင်ငံမှ အိမ်ထောင်စုများ၏ ကောင်းကျိုးအား တည်ငြိမ်သော စီးပွားရေးတိုးတက်မှုဖြင့် မြှင့်တင်ပေးခြင်းမှာ ဒုတိယအရေးအကြီးဆုံး လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ ယခုနှစ်အတွင်း ငွေကြေးဖောင်းပွမှု ကျဆင်းနေခိုက် စီးပွားရေးတိုးတက်ဖြစ်ထွန်းမှု အရှိန်နှေးကွေးလျက်ရှိရာ ‌ဂျီဒီပီတန်ဖိုးမှာ တစ်ရာခိုင်နှုန်းခန့် တိုးတက်နိုင်မည်ဟု မျှော်မှန်းထားကြောင်း ပူတင်က ဆိုသည်။
သို့သော် လက်ရှိအခြေအနေအရ စီးပွားရေးလည်ပတ်လှုပ်ရှားမှုများ တဖြည်းဖြည်း အရှိန်ရလာသည့်တစ်ချိန်တည်းတွင် အလုပ်လက်မဲ့ဖြစ်ပွားနှုန်း နည်းပါးခြင်းနှင့် သင့်တင့်သော ကုန်ဈေးနှုန်းတို့ကို ထိန်းထားလျက်ရှိကြောင်း ၎င်းက ပြောသည်။
အဆင့်မြင့်နည်းပညာနှင့် တန်ဖိုးမြှင့်ထုတ်ကုန် ကဏ္ဍတို့တွင် လစာကောင်းသော အလုပ်အကိုင်များ ဖန်တီးရေးကို ၂၀၃၀ ပြည့်နှစ်အထိ ဦးစားပေးဖော်ဆောင်သွားမည့် အစိုးရဖွဲ့စည်းပုံဆိုင်ရာ အသွင်ကူးပြောင်းရေးစီမံချက်အား အမြန်ဆုံးစတင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့အတူ ရုရှားနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုဆိုင်ရာ ဖွဲ့စည်းပုံစနစ်အား ခေတ်နှင့်အညီ မွမ်းမံအဆင့်မြှင့်တင်ခြင်းက တတိယဦးစားပေး လုပ်ငန်းစဉ်ဖြစ်ကာ နက်နဲရှုပ်ထွေးသော အဆင့်မြင့်နည်းပညာ ထုတ်ကုန်များအား ပြည်ပသို့ပိုမိုတင်ပို့နိုင်ရေးကို ဦးတည်လုပ်ဆောင်နေသည့် တစ်ချိန်တည်းတွင် ပြည်တွင်းဈေးကွက်၌ ပြည့်မီလုံလောက်ခြင်းမရှိသော နည်းပညာမြင့်ထုတ်ကုန်များ တင်သွင်းခြင်းကိုလည်း အာရုံစိုက်လုပ်ဆောင်သွားရန် ပူတင်က တိုက်တွန်းခဲ့သည်။
ပွင့်လင်းမြင်သာမှု တိုးမြှင့်ရေးနှင့် မှောင်ခိုစီးပွားရေး လျှော့ချရေးမှာ စတုတ္ထမြောက် အဓိကလုပ်ငန်းစဉ်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် လက်လီ၊ လက်ကား ဈေးကွက်နှစ်ခုစလုံးတွင် တရားမဝင် အကျိုးအမြတ်ရှာဖွေခြင်း၊ မှတ်ပုံတင်ထားခြင်းမရှိသော အလုပ်ခန့်ထားမှုများကို လျှော့ချခြင်း၊ ငွေသားလည်ပတ်စီးဆင်းမှုအား တင်းတင်းကျပ်ကျပ် ကြပ်မတ်ဆောင်ရွက်ခြင်းတို့အတွက် စီမံချက်တစ်ရပ်ကို ချမှတ်ပြင်ဆင်ထားကြောင်း ပူတင်က ပြောသည်။
လုပ်သားအင်အားစု၏ ကုန်ထုတ်စွမ်းအား မြှင့်တင်ခြင်းမှာ ၂၀၂၆ ခုနှစ်အတွက် ပဉ္စမဦးစားပေးဖြစ်သည်ဟု ပူတင်က ပြောကြားခဲ့ကာ စိုက်ပျိုးရေး၊ ဒစ်ဂျစ်တယ်နည်းပညာဖွံ့ဖြိုးရေးနှင့် စွမ်းအင်ဝန်ကြီးဌာနတို့တွင် ကဏ္ဍတစ်ခုစီအလိုက် စွမ်းဆောင်ရည် စုစည်းမြှင့်တင်ရေးဌာနများ အလျင်အမြန်ဖွင့်လှစ်ရန်လည်း တိုက်တွန်းခဲ့သည်။
နည်းပညာဆိုင်ရာ ဦးဆောင်မှုအား အရှိန်မြှင့်တင်ရေးမှာ ဆဋ္ဌမမြောက် အရေးကြီးလုပ်ငန်းစဉ်ဖြစ်ကြောင်း၊ ရုရှားအနေဖြင့် ယခုနှစ်အတွင်း နည်းပညာဆိုင်ရာမူဝါဒသစ်အတွက် အခြေခံမူဘောင် ချမှတ်ခဲ့ကာ စည်းကမ်းပိုင်းအရ အရေးပါသော အပြောင်းအလဲများကို အတည်ပြုချမှတ်၍ နည်းပညာဆိုင်ရာ ထိန်းချုပ်စီမံနိုင်မှု သေချာစိတ်ချရရေးအတွက် ရည်ရွယ်သော အမျိုးသားစီမံကိန်းများကို စတင်ခဲ့ကြောင်း ပူတင်က ဆက်လက်ပြောကြားသည်။
အဆိုပါမျှော်မှန်းချက်မှာ သွင်းကုန်အစားထိုးရုံ သက်သက်သာမဟုတ်ဘဲ ဉာဏ်ရည်တု၊ အလိုအလျောက် ထိန်းချုပ်မှုစနစ်များ၊ ဒစ်ဂျစ်တယ်ပလက်ဖောင်းများနှင့် အဆင့်မြင့်စက်ယန္တရားတပ်ဆင်မှု စသည့် နယ်ပယ်များတွင် ရုရှားနည်းပညာများ ကမ္ဘာတစ်ဝန်း ထိုးဖောက်ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်စေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟုလည်း ပူတင်က အလေးထားပြောကြားခဲ့သည်။ (Xinhua)
……………….
(English Version)
Putin outlines 6 strategic tasks for Russia in 2026
MOSCOW, Dec. 8 (Xinhua) — Russian President Vladimir Putin on Monday outlined six priorities for 2026 as he urged the government and regional authorities to intensify efforts in demographic, economic and technological fields to ensure effective implementation of national projects.
Speaking at a meeting of the Council for Strategic Development and National Projects, Putin said that in 2026, Russia must focus on addressing structural challenges that directly affect the country’s long-term development goals.
Putin said that reversing negative demographic trends is the foremost task since birth rates continue to decline, noting that existing efforts are insufficient. He called for a comprehensive set of solutions to encourage higher fertility, support families with children, and extend regional best practices nationwide.
Improving the well-being of Russian households through stable economic growth is the second key task, Putin said, noting that economic expansion slowed this year amid declining inflation, with GDP expected to grow by about 1 percent.
However, he said that conditions now exist for gradually accelerating economic activity while maintaining low unemployment and moderate price levels.
The government’s structural transformation plan through 2030, which prioritizes the creation of well-paid jobs in high-tech and high-value-added sectors, must begin immediately, he said.
Modernizing the structure of Russia’s foreign trade represents the third priority. Putin called for a shift toward exporting more complex, technologically advanced goods, while focusing imports on high-tech products that lack domestic equivalents.
Putin said increasing transparency and reducing the shadow economy is the fourth major task, adding that the government has prepared a plan to curb illegal turnover in wholesale and retail markets, reduce unregistered employment, and tighten oversight of cash circulation.
Raising labor productivity is the fifth priority for 2026, Putin said, urging the rapid launch of sector-specific competence centers at the agriculture, digital development and energy ministries.
Accelerating technological leadership forms the sixth major task, he noted. Russia has laid the foundation for a new technological policy this year, adopting important regulatory changes and launching national projects aimed at securing technological sovereignty, he added.
The goal, he stressed, is not merely import substitution, but the development of globally competitive Russian technologies in fields such as artificial intelligence, autonomous systems, digital platforms and advanced automation.
English Caption
Russian President Vladimir Putin speaks at a meeting of the Collective Security Treaty Organization (CSTO) Collective Security Council held in Bishkek, Kyrgyzstan, Nov. 27, 2025. (Office of the President of the Kyrgyz Republic/Handout via Xinhua)