International Organizations
မီလီတို ဒဏ်ရာရရှိမှုကြောင့် အလွန်ဆို၏ ရီးရဲလ်မက်ဒရစ်အတွက် ပြဿနာများထပ်တိုးလာ
မက်ဒရစ်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)
ရီးရဲလ်မက်ဒရစ်အသင်းမှ ဘရာဇီးလက်ရွေးစင် ဗဟိုနောက်ခံလူ အက်ဒါ မီလီတိုမှာ ဒီဇင်ဘာ ၇ ရက်က ဆယ်လ်တာဗီဂိုအသင်းအား အိမ်ကွင်း၌ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်၌ ဒဏ်ရာကြောင့် ကွင်းထဲမှထွက်ခွာခဲ့ရပြီးနောက် ၎င်းအနေဖြင့် ကာလကြာမြင့်စွာ အနားယူရဖွယ်ရှိကြောင်း သိရသည်။
မီလီတိုမှာ ဆယ်လ်တာအသင်းတိုက်စစ်မှူး ပတ်ဘလို ဒူရန်နှင့် ဘောလုံးယှဉ်လုစဉ် ထိခိုက်မိကာ ၎င်း၏ဘယ်ဘက်တံကောက်ကြောကို လက်ဖြင့်ဆုပ်ကိုင်လျက် လဲကျသွားပြီးနောက် ၎င်းအား အန်တိုနီယို ရူဒီဂါနှင့် လူစားလဲခဲ့ရပြီး ၎င်းအားလူစားလဲချိန်တွင် သိသိသာသာနာကျင်နေပုံရကာ ကွင်းထဲမှတွဲ၍ခေါ်ထုတ်ခဲ့ရသည်။
ရီးရဲလ်မက်ဒရစ်အသင်းဘက်က ဆေးမှတ်တမ်း ထုတ်ပြန်ခြင်းမရှိသေးသော်လည်း မီလီတိုမှာ ၂၀၂၅ ခုနှစ်အတွင်း အသင်းအတွက် ပါဝင်ကစားနိုင်ဖွယ် မရှိတော့သလို ဆော်ဒီအာရေဗျနိုင်ငံတွင် ဇန်နဝါရီလအစောပိုင်း၌ ယှဉ်ပြိုင်ကစားမည့် စပိန်စူပါဖလားပြိုင်ပွဲတွင်လည်း ပါဝင်နိုင်ရန် မသေချာကြောင်း သိရသည်။
မီလီတိုမှာ လွန်ခဲ့သည့်ဘောလုံးရာသီများကလည်း ဒဏ်ရာပြဿနာများကြောင့် ရုန်းကန်ခဲ့ရသူဖြစ်ကာ ဒူးဒဏ်ရာခွဲစိတ်ကုသမှုနှစ်ကြိမ် ခံယူခဲ့ရသလို ကြွက်သားဒဏ်ရာ ထပ်မံရရှိခဲ့သည့်အတွက်လည်း နိုဝင်ဘာလထဲတွင် နှစ်ပတ်ကြာ အနားယူခဲ့ရပြန်သည်။
ရီးရဲလ်နည်းပြ ဇာဘီ အလွန်ဆိုအနေဖြင့် ဖိအားအောက်တွင် ရောက်ရှိနေကာ အဆိုးရွားဆုံးဖြစ်ဖွယ်ရှိသော အခြေအနေ၌ မီလီတို ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ရီးရဲလ်အသင်းမှာ ဒီဇင်ဘာ ၁၀ ရက်တွင် အရေးကြီး ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် မန်ချက်စတာစီးတီးအား အိမ်ကွင်း၌ဧည့်ခံကစားရမည်ဖြစ်သည်။
နည်းပြအလွန်ဆိုမှာ မီလီတိုအပြင် ဒေးဗစ် အလာဘာ၊ ဒင်းဟွေဆန်၊ ဖာလန် မန်ဒီ၊ ဒါနီ ကာဗာဟယ်တို့ကို ဒဏ်ရာကြောင့် လက်လွှတ်ထားရသလို ထရန့် အလက်ဇန်းဒါး-အာနိုးလ်မှာလည်း ၂၀၂၅ ခုနှစ်အတွင်း လက်ကျန်ပွဲစဉ်အားလုံးကို လွဲချော်ဖွယ်ရှိသည်။
သို့ဖြစ်၍ ရီးရဲလ်မက်ဒရစ်၏ ဗဟိုနောက်ခံလူနေရာအတွက် အန်တိုနီယို ရူဒီဂါနှင့် ရာအူး အဆန်စီယိုတို့ နှစ်ဦးသာ ကြံ့ခိုင်မှုပြည့်ဝနေသလို ဘယ်နောက်ခံလူများဖြစ်သည့် အယ်လ်ဗာရို ကာရဲရက်စ်နှင့် ဖရန် ဂါစီယာတို့မှာလည်း ဒီဇင်ဘာ ၇ ရက် လာလီဂါပွဲစဉ်၌ အနီကတ်ပြသခံထားရသည့်အတွက် ယခုသီတင်းပတ်ကုန်၌ ဒီပေါ်တီဗီု အလာဗက်စ်နှင့် ယှဉ်ပြိုင်ကစားမည့် လာလီဂါအဝေးကွင်းပွဲစဉ်၌ ပွဲပယ်ခံရမည်ဖြစ်သည်။ (Xinhua)

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၅ ခုနှစ် ဩဂုတ် ၃၀ ရက်က ရီးရဲလ်မက်ဒရစ်အသင်းနှင့် မာယော့ကာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါဘောလုံးပွဲစဉ်၌ ရီးရဲလ်မက်ဒရစ်ကစားသမား အက်ဒါ မီလီတို (ရှေ့) နှင့် မာယော့ကာအသင်းမှ မတ်တီယို ဂျိုးဆက်တို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၆ ရက်က ရီးရဲလ်မက်ဒရစ်နှင့် အိုလံပစ်မာဆေးလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပြိုင်ပွဲ ပွဲစဉ်-၁ ၌ ရီးရဲလ်မက်ဒရစ်နည်းပြ ဇာဘီ အလွန်ဆိုအား တွေ့ရစဉ် (ဆင်ဟွာ)

……………….
(English Version)
Militao injury adds to Alonso’s Real Madrid problems
MADRID, Dec. 8 (Xinhua) — Real Madrid central defender Eder Militao could be set for a lengthy spell on the sidelines after the Brazilian limped out of Sunday’s home defeat to Celta Vigo.
Militao went to ground clutching his left hamstring after having chased down Celta forward Pablo Duran, and had to be helped off the pitch in evident pain before being replaced by Antonio Rudiger.
Although the club has yet to publish a medical report, it seems unlikely Militao will play again in 2025 and he has to be considered a serious doubt for the Spanish Supercup, which will be played in Saudi Arabia in early January.
Militao has struggled with injuries in recent seasons, needing two knee operations and then suffering another muscle problem that sidelined him for a fortnight in November.
The injury comes at the worst possible time for under-pressure Real Madrid coach Xabi Alonso, whose side entertains Manchester City in a vital Champions League game on Wednesday.
As well as Militao, Alonso is missing David Alaba, Dean Huijsen, Ferland Mendy, Dani Carvajal and Trent Alexander-Arnold, who is also likely to miss the rest of 2025.
That leaves just Antonio Rudiger and Raul Asencio as Real Madrid’s only two fit central defenders, while the red cards shown to left-backs Alvaro Carreras and Fran Garcia on Sunday mean they will be suspended for next weekend’s La Liga visit to Deportivo Alaves.
English Caption 1
Eder Militao of Real Madrid celebrates a goal during the La Liga football match between Real Madrid and RCD Espanyol in Santiago Bernabeu Stadium, Madrid, Spain, Sept. 20, 2025. (Photo by Gustavo Valiente/Xinhua)
English Caption 2
Eder Militao (front) of Real Madrid vies with Mateo Joseph of RCD Mallorca during the La Liga football match between Real Madrid and RCD Mallorca in Madrid, Spain, on Aug. 30, 2025. (Photo by Gustavo Valiente/Xinhua)
English Caption 3
Xabi Alonso, coach of Real Madrid, reacts during the first round match of UEFA Champions League between Real Madrid and Olympique Marseille in Madrid, Spain, on Sept. 16, 2025. (Photo by Gustavo Valiente/Xinhua)
