Connect with us

International Organizations

၂၀၂၅ ခုနှစ် မေ ၉ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာအားကစားသတင်းကောက်နုတ်ချက်

— လာလီဂါ ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပေးမည့် စိတ်လှုပ်ရှားဖွယ် ‘El Clasico’ ပွဲစဉ်
ယခုတစ်ပတ်တွင် ယှဉ်ပြိုင်ကစားမည့် စပိန်လာလီဂါပွဲစဉ်များအနက် ချန်ပီယံဆုဖလားအတွက် အဆုံးအဖြတ်ပေးမည့် ဘာစီလိုနာနှင့် ရီးရဲလ်မက်ဒရစ်တို့၏ ‘El Clasico’ ပွဲစဉ်မှာ စိတ်ဝင်စားစရာအကောင်းဆုံး ပွဲစဉ် ဖြစ်သော်လည်း ဥရောပဝင်ခွင့်ရရေးနှင့် တန်းမဆင်းရရေးအတွက် ရုန်းကန်တိုက်ပွဲဝင်မည့် အရေးကြီးပွဲစဉ်များကိုလည်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ယခုရာသီတွင် လေးကြိမ်မြောက် ထိပ်တိုက်တွေ့ဆုံမှုအဖြစ် ရီးရဲလ်မက်ဒရစ်က ဘာစီလိုနာအား အဝေးကွင်း၌ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကာ လေးပွဲကစားရန် ကျန်ရှိနေချိန်တွင် ဘာစီလိုနာက လေးမှတ်ဖြတ်၍ ဦးဆောင်လျက်ရှိသည်။
ကာလို အန်ဆယ်လော့တီ၏ အသင်းမှာ ထိုပွဲစဉ်တွင် အနိုင်ရရှိပါက ချန်ပီယံဆုဖလားအတွက် ဆက်လက်စိန်ခေါ်နိုင်မည် ဖြစ်သော်လည်း ရှုံးနိမ့်ခဲ့မည်ဆိုလျှင် မျှော်လင့်ချက်များ ပျက်ပြယ်သွားမည်ဖြစ်သည်။
ပြီးခဲ့သည့်သုံးကြိမ် ထိပ်တိုက်တွေ့ဆုံရာ၌ ဘာစီလိုနာက သုံးကြိမ်စလုံး အနိုင်ရရှိထားပြီး ဆန်တီယာဂို ဘာနေဗျူးတွင် ၄-၀ ဂိုးဖြင့်လည်းကောင်း၊ စပိန်စူပါဖလား ဗိုလ်လုပွဲတွင် ၅-၂ ဂိုးဖြင့်လည်းကောင်း၊ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲတွင် ၃-၂ ဂိုးဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိထားကာ ဟန်ဆီဖလစ်ခ်၏ အသင်းမှာ ယခုပွဲစဉ်တွင် အနိုင်ရရှိပါက ဆုဖလားရယူနိုင်ရန် သေချာသလောက်နီးပါး ဖြစ်သွားမည်ဖြစ်သည်။
သို့သော် ဘာစီလိုနာအနေဖြင့် မေ ၆ ရက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့တွင် အင်တာမီလန်အား အချိန်ပို၌ ၃-၄ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ယခုပွဲစဉ်ကို ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ဘာစီလိုနာအနေဖြင့် ကြားပွဲစဉ် နှစ်ပွဲတွင် အကြိတ်အနယ် ကစားခဲ့ရသော်လည်း ရီးရဲလ်မှာမူ ကြားရက်များတွင် အနားရခဲ့သည်။
…..
— နည်းပြသစ်လက်ထက်၌ တည်တည်ငြိမ်ငြိမ်ဖြင့် စဉ်ဆက်မပြတ် တိုးတက်လာသည့် ဖရိုင်းဘတ်
ဖရိုင်းဘတ်အသင်း၏ အခြေအနေမှာ အမြဲတစေ အနည်းငယ် တစ်မူထူးခြားနေတတ်သည်။
အဆိုပါ ကလပ်အသင်းမှာ ပရော်ဖက်ရှင်နယ် ဘောလုံးလောကကို အဓိပ္ပာယ်ဖွင့်ဆိုလျက်ရှိသော ပြင်းထန်သည့် ဖိအားများကို အန်တုလျက် လူငယ်များ၏ တိုးတက်မှု၊ အဖွဲ့အစည်းစိတ်ဓာတ်တို့ အမြစ်တွယ်နေသည့် တည်ငြိမ်သော ပတ်ဝန်းကျင်၌ ပုံမှန်တိုးတက်လျက်ရှိသည်။ ပြင်သစ်နှင့် ဆွစ်ဇာလန်နိုင်ငံတို့၏ နယ်စပ်အနီး၊ ဂျာမနီနိုင်ငံ အနောက်တောင်ဖျားတွင် အခြေစိုက်သော ဖရိုင်းဘတ်အသင်းမှာ “အလားအလာရှိသောအသင်း” အဖြစ်မှ ဘွန်ဒက်စ်လီဂါတွင် တောက်လျှောက်ရပ်တည်နိုင်သော အသင်းအဖြစ် တိုးတက်ပြောင်းလဲလာခဲ့သည်။
နှစ်အတန်ကြာ တိတ်ဆိတ်စွာဖြင့် တိုးတက်လျက်ရှိသော ဖရိုင်းဘတ်မှာ ယခုဆိုလျှင် ကလပ်အသင်း၏ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိရန် နီးစပ်နေပြီဖြစ်သည်။
ကီရယ်၊ ဖရန့်ဖွတ်တို့နှင့် ယှဉ်ပြိုင်ကစားရမည့် ပွဲစဉ်များ ကျန်ရှိနေချိန်တွင် ဖရိုင်းဘတ်အနေဖြင့် လေဗာကူဆင်၊ ဖရန့်ဖွတ်၊ ဒေ့ါမွန်နှင့် လိုက်ပ်ဇစ် စသော ၎င်းတို့ထက် ဘဏ္ဍာရေးအင်အား ပိုမိုတောင့်တင်းသည့် အသင်းများနှင့်အပြိုင် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အကြိတ်အနယ် အားပြိုင်လျက်ရှိသည်။
……
— ၂၀၂၈ ခုနှစ် အိုလံပစ်ပြိုင်ပွဲနှင့် မသန်စွမ်းအိုလံပစ်ပြိုင်ပွဲ အခမ်းအနားများအား Los Angeles Memorial Coliseum နှင့် Stadium အားကစားကွင်းတို့တွင် ကျင်းပမည်
သမိုင်းဝင် Los Angeles Memorial Coliseum နှင့် အင်ဂယ်လ်ဝုဒ်မြို့ရှိ Stadium အားကစားကွင်းတို့အား ၂၀၂၈ ခုနှစ် အိုလံပစ်ပြိုင်ပွဲနှင့် မသန်စွမ်းအိုလံပစ်ပြိုင်ပွဲတို့၏ ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားများအတွက် အသုံးပြုမည်ဖြစ်ကြောင်း ပြိုင်ပွဲစီစဉ်သူများက မေ ၈ ရက်၌ ကြေညာခဲ့သည်။
၂၀၂၈ ခုနှစ် ဇူလိုင် ၁၄ ရက်၌ ကျင်းပမည့် အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား အဆိုပါ အားကစားကွင်းနှစ်ခု၌ ကျင်းပသွားမည်ဖြစ်သဖြင့် Coliseum အားကစားကွင်း၌ အဆိုပါ ပြိုင်ပွဲအခမ်းအနားအား တတိယအကြိမ် လက်ခံကျင်းပမှု ဖြစ်လာမည်ဖြစ်ရာ အိုလံပစ်ပြိုင်ပွဲ သမိုင်းတွင် ထိုသို့ ကျင်းပခွင့်ရမည့် တစ်ခုတည်းသော အားကစားကွင်း ဖြစ်လာမည်ဖြစ်သည်။ အင်ဂယ်လ်ဝုဒ်မြို့ရှိ Stadium အားကစားကွင်းကိုမူ အိုလံပစ်ပြိုင်ပွဲအတွက် ပထမဆုံးအကြိမ် အသုံးပြုမှု ဖြစ်လာမည်ဖြစ်သည်။ အိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားအား Coliseum အားကစားကွင်းတွင် ဇူလိုင် ၃၀ ရက်၌ ကျင်းပသွားမည်ဖြစ်သည်။ လော့စ်အိန်ဂျလိစ်မြို့မှာ ၁၉၃၂ ခုနှစ်နှင့် ၁၉၈၄ ခုနှစ်တို့တွင် နွေရာသီအိုလံပစ်ပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။
…..
— အနာဂတ်တွင် အောင်မြင်မှုများ ပိုမိုရယူနိုင်ရန် အခိုင်အမာ စိတ်ပိုင်းဖြတ်ထားသော တရုတ်ရေခဲပြင်ဟော်ကီ လူငယ်ကြယ်ပွင့်ကစားသမား Zhan Jiahui
တရုတ်အမျိုးသမီး ရေခဲပြင်ဟော်ကီအသင်း၏ ဂိုးသမားဖြစ်သူ Zhan Jiahui မှာ အသက် ၁၉ နှစ်အရွယ်မှာပင် နိုင်ငံတကာအဆင့်အထိ ထိုးဖောက်နေရာယူနိုင်ခဲ့ပြီဖြစ်သည်။
ဆန်းကျန့်မြို့တွင် ဧပြီလ၌ ကျင်းပခဲ့သည့် IIHF Women’s World Championship ပြိုင်ပွဲ Division I အုပ်စု-A ပွဲစဉ်များတွင် ပေကျင်းဇာတိဖြစ်သည့် Zhan မှာ ပွဲစဉ်ငါးပွဲတွင် ရိုက်ချက်ပေါင်း ၁၈၇ ချက်အနက် ၁၇၆ ချက်အား ကာကွယ်နိုင်ခဲ့ပြီး တရုတ်အသင်းအား ယင်းအုပ်စု၌ ဆက်လက်ရပ်တည်နိုင်ရန် ကူညီစွမ်းဆောင်ပေးခဲ့သည်။
၎င်း၏ စွမ်းဆောင်ရည်အပေါ် IIHF ကောင်စီအဖွဲ့ဝင် မာတာ ဇာဝါဇကာက ချီးကျူးပြောဆိုခဲ့သည်။ “တရုတ်အသင်းရဲ့ လူငယ်ဂိုးသမားက မယုံနိုင်လောက်အောင်ပါပဲ။ လူငယ်မျိုးဆက်သစ်တွေ တိုးတက်လာတာကို တွေ့နိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။ (Xinhua)

…………………
(English Version)
Title-deciding Clasico big game in La Liga
A title-deciding ‘Clasico’ between FC Barcelona and Real Madrid is the standout game in La Liga this weekend, but there are also vital games with regard to the race for Europe and the struggle to avoid relegation.
Real Madrid travels to Barcelona for the fourth meeting between the two sides this season, four points behind Barca in the title race with four games to play.
A win for Carlo Ancelotti’s side would drag it right back into the title mix, while defeat means its title hope is over.
Barca has won the three previous meetings, with a 4-0 victory in the Santiago Bernabeu, followed by a 5-2 thrashing of Madrid in the Spanish Supercup and a thrilling 3-2 win in the Copa del Rey final, which implies that Hansi Flick’s team is favorite for a win to virtually assure the title.
However, Barca goes into the game on the back of its heartbreaking 4-3 defeat after extra time to Inter Milan on Tuesday. While Barca has faced Inter in two intense midweek matches, Real Madrid has been able to rest.
…..
Freiburg’s steady rise continues under new coach
Things have always been a little different at SC Freiburg.
Far from the intense pressure that defines much of professional football, the club has grown steadily in a calm environment, rooted in youth development and community spirit. Nestled in Germany’s far southwest near the French and Swiss borders, Freiburg has evolved from a so-called “niche team” into a consistent presence in Bundesliga.
Now, after years of quiet progression, the club stands on the verge of qualifying for the UEFA Champions League for the first time in its history.
With matches against Kiel and Frankfurt remaining, Freiburg finds itself in the thick of the race alongside financially stronger clubs such as Bayer Leverkusen, Eintracht Frankfurt, Borussia Dortmund, and RB Leipzig.
…..
LA Memorial Coliseum, Stadium to share 2028 Olympic, Paralympic ceremonies
The historic Los Angeles Memorial Coliseum and the Stadium in Inglewood will share the opening and closing ceremonies of the 2028 Olympic and Paralympic Games, organizers announced on Thursday.
With the two venues sharing the Olympics opening ceremony on July 14, 2028, it will mark the third time the Coliseum has staged this event – the only stadium to claim that feat in Olympic history – and will represent the first Olympic use of the Stadium in Inglewood. The Games’ closing ceremony will take place at the Coliseum on July 30. Los Angeles hosted the Summer Olympic Games in 1932 and 1984.
…..
Chinese ice hockey prospect Zhan hopes for brighter future with full commitment
At just 19, China’s women’s ice hockey goalie Zhan Jiahui has already made her name on the international stage.
At the IIHF Women’s World Championship Division I Group A in Shenzhen in April, the Beijing native turned away 176 of 187 shots across five games, helping China remain in the group.
Her performance earned high praise from IIHF Council member Marta Zawadzka: “China’s young goalie was impressive. We can see that the young generation is coming over.”