Connect with us

Asia

အိန္ဒိယနိုင်ငံ Gaurikund နေရာအနီးတွင် ရဟတ်ယာဉ်ပျက်ကျ

နယူးဒေလီ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ Dehradun မြို့မှ Kedarnath မြို့သို့ ခရီးပြုနေသော ရဟတ်ယာဉ်တစ်စင်းသည် ဥတ္တရာခန်းပြည်နယ် Gaurikund နေရာအနီးတွင် ပျက်ကျခဲ့ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူများက ဇွန် ၁၅ ရက်၌ ပြောကြားခဲ့ကြောင်း အိန္ဒိယမီဒီယာ သတင်းဖော်ပြမှုအရ သိရသည်။
ပျက်ကျချိန်တွင် ရဟတ်ယာဉ်ပေါ်၌ လူ ငါးဦး သို့မဟုတ် ခြောက်ဦး လိုက်ပါသွားခဲ့ကြောင်း၊ Kedarnath တောင်ကြားတစ်ခွင် ရာသီဥတုအခြေအနေမှာ လွန်စွာဆိုးဝါးလျက်ရှိကြောင်း ဒေသတွင်းမီဒီယာက သတင်းဖော်ပြထားသည်။
ရဟတ်ယာဉ် ပျက်ကျမှု၌ အသက်ရှင်ကျန်ရစ်သူများအား ရှာဖွေရန် အခင်းဖြစ်ပွားရာနေရာသို့ ကယ်ဆယ်ရေးအဖွဲ့များ အလျင်အမြန်သွားရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
Helicopter crashes near Gaurikund: Indian media
NEW DELHI, June 15 (Xinhua) — A helicopter travelling from Dehradun to Kedarnath has crashed near Gaurikund in Uttarakhand, police officials said on Saturday, according to Indian media.
Five or six people were on board at the time of the crash, according to local media. The weather across the Kedarnath valley was reported to be extremely bad.
Rescue teams have been rushed to the spot to trace survivors.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.