Connect with us

International Organizations

၂၀၂၅ ခုနှစ် ဇွန် ၂၆ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်တာမီလန်၊ ဒေ့ါမွန်နှင့် ဖလူမင်နိစ်တို့ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ပြီး ရေးဗားပလိတ် ပြိုင်ပွဲမှထွက်ခွာခဲ့ရ
ဇွန် ၂၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု-E တွင် အင်တာမီလန်က ရေးဗားပလိတ်ကို အနိုင်ရရှိကာ အုပ်စုထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့သလို အုပ်စု-F တွင်လည်း ဒေ့ါမွန်က အူလ်ဆန်ကို အနိုင်ယူကာ အုပ်စုပထမနေရာကို ရယူနိုင်ခဲ့သည်။
အခြားပွဲစဉ်များတွင် မွန်တာရေးက မျှော်လင့်ချက်မရှိတော့သည့် အူရာဝါရက်ဒိုင်းမွန်းကို ဂိုးပြတ်အနိုင်ယူ၍ နောက်ဆုံး ၁၆ သင်းအဆင့်ကို တက်ရောက်သွားပြီဖြစ်ကာ ဖလူမင်နိစ်က မာမီလိုဒီ ဆန်းဒေါင်းစ်နှင့် ဂိုးမရှိသရေကျခဲ့သော်လည်း နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး ဆန်းဒေါင်းစ်ကမူ ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီဖြစ်သည်။
စင်စင်နတီမြို့တွင် ဂျာမန်ကလပ် ဒေ့ါမွန်နှင့် တောင်ကိုရီးယားကလပ် အူလ်ဆန်တို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဒေ့ါမွန်က ဒန်နီရယ် ဆဗင်ဆန်၏ ပထမပိုင်းသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ပွဲကစားချိန် ၃၆ မိနစ်တွင် ဆွီဒင်လက်ရွေးစင် ဆဗင်ဆန်က ဂျို့ဘ်ဘယ်လင်ဟမ် ခင်းပေးသော ဘောလုံးကို တစ်ချက်ထိန်း၍ လှိမ့်ဘောကန်သွင်းခဲ့ခြင်းဖြစ်သည်။
ဆီယက်တဲလ်မြို့တွင် အုပ်စု-E ပွဲစဉ်အဖြစ် အင်တာမီလန်နှင့် ရေးဗားပလိတ်တို့ ယှဉ်ပြိုင်ကစားခဲ့ရာ အင်တာမီလန်က နှစ်ယောက်လျော့ ရေးဗားပလိတ်ကို ဖရန်ဆက်စကို ပီယို အက်စ်ပိုစီတိုနှင့် အလက်ဇန်ဒရို ဘက်စတိုနီတို့၏ ဒုတိယပိုင်း သွင်းဂိုးများဖြင့် နှစ်ဂိုးပြတ် အနိုင်ရရှိကာ အုပ်စုပထမနေရာ၌ ရပ်တည်နိုင်ခဲ့သည်။
ပွဲကစားချိန် ၆၆ မိနစ်တွင် ဂိုးကန်သွင်းရန် ကြိုးစားနေသည့် အာမေးနီးယား ကွင်းလယ်လူ ဟင်းနရစ်ခ် မစ်ခီတာယန်ကို ဂိုးဧရိယာထဲတွင် ဆွဲလှဲမိသဖြင့် ရေးဗားပလိတ် ကစားသမား လူးကက်စ် မာတီနက်ဇ်ကွာတာ တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။
အင်တာမီလန်က ထိုအခွင့်အရေးကို ချက်ချင်းအသုံးချနိုင်ခဲ့ပြီး ပီတာဆူဆစ် အနေတော်ခင်းပေးလိုက်သည့် ဘောလုံးကို အက်စ်ပိုစီတိုက ၁၂ ကိုက်အကွာမှ တည်တည်ငြိမ်ငြိမ် အဆုံးသတ်နိုင်ခဲ့သည်။
ထို့နောက် အလက်ဇန်ဒရို ဘက်စတိုနီက နောက်ခံလူနှစ်ဦးကို ဖြတ်ကျော်၍ ၁၈ ကိုက်အကွာမှ အနိမ့်ကန်ချက်ဖြင့် ကန်သွင်းခဲ့ရာ ဂိုးသမား ဖရန်ကို အာမန်နီ မကာကွယ်နိုင်ခဲ့သဖြင့် အင်တာမီလန် ဒုတိယအနိုင်ဂိုး ရရှိခဲ့သည်။
ပွဲချိန် ၉၅ မိနစ်တွင် နှစ်ဖက်ကစားသမားများ အချင်းများရာမှ ဂွန်ဇာလို မွန်တီရယ် ဒုတိယအကြိမ် အဝါကတ်ပြသခံရသဖြင့် ရေးဗားပလိတ်မှာ ကစားသမားကိုးဦးသာ ကျန်ရှိတော့သည်။ အဆိုပါရလဒ်ကြောင့် ရေးဗားပလိတ်မှာ အုပ်စုတတိယဖြင့်သာ ကျေနပ်ခဲ့ရပြီး ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီဖြစ်သည်။
…..
— နူးကမ့်ကွင်းအား ပြန်လည်အသုံးပြုမည့်ရက်ကို ဘာစီလိုနာအသင်း အတည်ပြု
ဘာစီလိုနာအသင်းအနေဖြင့် နူးကမ့်အားကစားကွင်းနှင့် နှစ်နှစ်ကြာ ဝေးကွာနေမှုကို အဆုံးသတ်ကာ ဩဂုတ် ၁၀ ရက်၌ အဆိုပါ အားကစားကွင်းအား အိမ်ကွင်းအဖြစ် ပြန်လည်အသုံးပြုမည်ဖြစ်ကြောင်း ဇွန် ၂၅ ရက်၌ အတည်ပြုကြေညာခဲ့သည်။
အသင်းအနေဖြင့် နှစ်စဉ်ပြုလုပ်မြဲဖြစ်သော ယိုအန်ဂမ်ပါ ရာသီကြိုဖလားပြိုင်ပွဲကို အဆိုပါကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း ဘာစီလိုနာအသင်း၏ တရားဝင် ဝက်ဘ်ဆိုက်တွင် ကြေညာခဲ့သည်။ ဘာစီလိုနာအသင်းမှာ နူးကမ့်ကွင်းအား ပြီးခဲ့သည့် နှစ်နှစ်အတွင်း အကြီးစား ပြင်ဆင်မွမ်းမံမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။
ထိုကာလအတွင်း ဘာစီလိုနာအသင်းမှာ Montjuic တောင်ထိပ်ရှိ ပရိသတ်များကြား ရေပန်းစားခြင်းမရှိသော ကွင်းဟောင်းဖြစ်သည့် ပရိသတ် ၅၇,၀၀၀ အောက်သာဆံ့သော Lluis Companys Olympic အား အသုံးပြုခဲ့ရပြီး အဆိုပါကွင်းမှာ ပရိသတ်များ ကွင်းအပြည့် လာရောက်အားပေးအောင် ဆွဲဆောင်နိုင်ခဲ့ခြင်းမရှိပေ။
အသင်းအနေဖြင့် မွမ်းမံတည်ဆောက်ဆဲဖြစ်သော မူလအိမ်ကွင်းအား ပြန်လည်အသုံးပြုတော့မည်ဖြစ်‌ကြောင်း၊ အသစ်ထည့်သွင်းထားသော တတိယမြောက် ပွဲကြည့်စင်၊ အရေးကြီးပုဂ္ဂိုလ်များအတွက် double VIP ring ၊ အမိုးတည်ဆောက်မှု၊ အတွင်းပိုင်းနေရာအချို့အတွက် ပြင်ဆင်မှု၊ ဘောလုံးကွင်းနေရာတစ်ဝိုက်အား ပြန်လည်မွမ်းမံမှုတို့ကို လတ်စသတ်ရန် လိုအပ်နေသေးကြောင်း ဘာစီလိုနာအသင်းက အတည်ပြုခဲ့သည်။
…..
— လိုက်ပ်ဇစ်အသင်းက အိုလီဝါနာအား နည်းပြချုပ်အဖြစ် ခန့်အပ်
ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် လိုက်ပ်ဇစ်အသင်းက အသက် ၃၇ နှစ်အရွယ် အိုလီ ဝါနာအား နည်းပြချုပ်သစ်အဖြစ် ခန့်အပ်လိုက်ကြောင်း၊ စာချုပ်သက်တမ်းမှာ ၂၀၂၇ ခုနှစ် ဇွန်လအထိဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။
ဝါနာမှာ မတ်လ၌ နည်းပြမာကိုရို့စ် အသင်းမှထွက်ခွာသွားပြီးနောက် ယာယီနည်းပြအဖြစ် ကိုင်တွယ်နေသော ဇော့ထ်လိုး၏နေရာတွင် အစားထိုးတာဝန်ယူရမည်ဖြစ်သည်။
ဝါနာအနေဖြင့် သစ်လွင်သော အရှိန်အဟုန်များကို ဆောင်ကြဉ်းပေးကာ အသင်းအား ဥရောပပြိုင်ပွဲဆီသို့ ပြန်လည်ပို့ဆောင်ပေးနိုင်မည်ဟု လိုက်ပ်ဇစ်အသင်းက မျှော်လင့်လျက်ရှိသည်။ လိုက်ပ်ဇစ်အနေဖြင့် ပြီးခဲ့သည့်ရာသီ၌ ဘွန်ဒက်စ်လီဂါတွင် အဆင့်-၇ ဖြင့်သာ အဆုံးသတ်ခဲ့သည့်အတွက် ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဥရောပဝင်ခွင့်နှင့် လွဲချော်ခဲ့သည်။
…..
— ဥရောပဝင်ခွင့် ရရှိထားသည့် ဆယ်လ်တာဗီဂိုက ဘရုဂေးအသင်းမှ ဂျက်ဂလာကို ခေါ်ယူကာ တိုက်စစ်ပိုင်းကို အင်အားဖြည့်
စပိန်လာလီဂါကလပ် ဆယ်လ်တာဗီဂိုအသင်းမှာ လာမည့်ရာသီအတွက် တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းသည့်အနေဖြင့် ဘယ်လ်ဂျီယမ်ကလပ် ကလပ်ဘရုဂေးအသင်းမှ ဖယ်ရန် ဂျက်ဂလာကို ခေါ်ယူလိုက်ပြီဖြစ်သည်။
၂၀၂၁-၂၀၂၂ ဘောလုံးရာသီ၌ ဘာစီလိုနာအသင်းအတွက် ကိုးပွဲ ပါဝင်ကစားခဲ့ဖူးသည့် အသက် ၂၆ နှစ်အရွယ် ဂျက်ဂလာမှာ ဘရုဂေးအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး ဘယ်လ်ဂျီယမ်လိဂ်တွင် အောင်မြင်သည့် ဘောလုံးရာသီသုံးခုကို ဖြတ်သန်းခဲ့ကာ ၁၄၈ ပွဲ ပါဝင်ကစားခဲ့ပြီး ဂိုး ၄၀ သွင်းယူနိုင်ခဲ့သလို ဥရောပပြိုင်ပွဲ အတွေ့အကြုံများကိုလည်း ရယူနိုင်ခဲ့ပြီးနောက် စပိန်သို့ တစ်ကျော့ပြန်ရောက်ရှိလာခြင်းဖြစ်သည်။ (Xinhua)

 


…………………
(English Version)
Inter, Dortmund, Flu advance as River crashes out at Club World Cup
Inter Milan clinched top spot in Group E at the FIFA Club World Cup on Wednesday with a win that knocked River Plate out of the tournament while Borussia Dortmund sealed first place in Group F after beating eliminated Ulsan.
Elsewhere, Monterrey reached the last 16 by thrashing Urawa Red Diamonds, which was out of contention, and Fluminense advanced following a goalless draw that ended Mamelodi Sundowns’ campaign.
In Cincinnati, Daniel Svensson’s first-half goal gave German club Borussia Dortmund a 1-0 win over South Korea’s Ulsan. Sweden international Svensson broke the deadlock in the 36th minute as he took a touch to control Jobe Bellingham’s pass before firing low past Jo Hyeon-woo.
In Seattle, Francesco Pio Esposito and Alessandro Bastoni netted second-half goals as Inter Milan topped Group E with a 2-0 win over nine-man River Plate.
Lucas Martinez Quarta was shown a straight red card in the 66th minute for scything down Henrikh Mkhitaryan when the Armenian midfielder was through on goal.
Inter immediately took advantage as Esposito finished calmly from 12 yards after Petar Sucic’s clever layoff.
Alessandro Bastoni added to River Plate’s misery by charging past two defenders and thumping a low 18-yard shot beyond goalkeeper Franco Armani.
The Argentine outfit finished with nine men after Gonzalo Montiel received a second yellow card in the 95th minute for his part in a scuffle between players from both sides.
The result left River Plate third in the group as it bid farewell to the competition.
….
FC Barcelona confirms Camp Nou return date
FC Barcelona on Wednesday confirmed the club will end its two years in exile and return to Camp Nou Stadium on August 10.
The official Barcelona website announced the club will play its traditional Joan Gamper pre-season opener in the ground, which has been undergoing extensive renovation works over the past two years.
Barca has been forced to spend that time in the former Lluis Companys Olympic Stadium on the top of Montjuic, although the venue hasn’t been popular with supporters, have rarely been able to fill the ground, which has a capacity of just below 57,000.
The club returns to its traditional home with building work still going on, with Barcelona confirming that; “among the parts still needing to be finished, are the construction of the new third stand, the double VIP ring, the installation of the roof and the preparation of some interior spaces and the remodeling of the area around the ground.”
…..
Ole Werner appointed RB Leipzig head coach on two-year deal
RB Leipzig have confirmed the appointment of Ole Werner as their new head coach on Tuesday, with the 37-year-old signing a contract that runs until June 2027.
Werner takes over from interim boss Zsolt Low, who had been in charge since Marco Rose’s departure in March.
After finishing seventh in the Bundesliga last season and missing out on European qualification for the first time since 2016, Leipzig is hoping Werner can bring fresh momentum and steer the club back to continental competition.
…..
Jurgla joins Celta from Brugge to strengthen attack ahead of European return
Celta Vigo has moved to strengthen its attack for the forthcoming season by signing striker Ferran Jutgla from Belgian side Club Brugge.
The 26-year-old, who played nine times for FC Barcelona in the 2021-22 season before joining Brugge, returns to Spain after three successful seasons in Belgium where he scored 40 goals in 148 appearances and also gained experience of playing in European competitions.