Europe
ထရမ့်၏မှတ်ချက်များ ထွက်ပေါ်လာပြီးနောက် ရုရှားက ယူကရိန်းနှင့် ဆွေးနွေးရန်အသင့်ရှိနေဆဲဟု ကရင်မလင်နန်းတော်ပြော

မော်စကို၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)
ရုရှားအနေဖြင့် ယူကရိန်းနှင့် ဆွေးနွေးမှုများ တစ်ဆင့်တိုးလုပ်ဆောင်ရန် အသင့်ရှိနေဆဲဖြစ်သော်လည်း ယူကရိန်းဘက်မှ တွေ့ဆုံမှုဆိုင်ရာ အဆိုပြုချက်များ လက်ခံရရှိခြင်းမရှိကြောင်း ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမထရီ ပက်စ်ကော့ဗ်က ဇူလိုင် ၁၅ ရက်၌ ပြောကြားခဲ့သည်။
“သူတို့ကတော့ ဝါရှင်တန်မှာတွေ့ချင်တယ်။ ဥရောပမှာ တွေ့ချင်တယ်လို့တော့ ပြောနေကြတာပဲ” ဟု ပက်စ်ကော့ဗ်က ဆိုသည်။
အမေရိကန်နိုင်ငံက ယူကရိန်းအား မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) မှတစ်ဆင့် လက်နက်တွေ ပို့ဆောင်မည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဇူလိုင် ၁၄ ရက်၌ ပြောကြားခဲ့ပြီး ရက်ပေါင်း ၅၀ အတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မရရှိပါက ရုရှားကို ရည်ရွယ်သည့် “ပြင်းထန်သော စည်းကြပ်ခွန်များ” ချမှတ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် ထိုကဲ့သို့မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
ထရမ့်၏ ထုတ်ပြန်ချက်များမှာ “လွန်စွာပြင်းထန်လှ” ကြောင်းနှင့် ထိုပြောကြားချက်များအနက် အချို့မှာ ရုရှားသမ္မတ ဗလာတီမာ ပူတင်အား ပုဂ္ဂိုလ်ရေးအရ ရည်ရွယ်ပြောကြားခြင်းဖြစ်ကြောင်း အထက်ပါ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
“ဝါရှင်တန်က ပြောခဲ့တာတွေကို လေ့လာခွဲခြမ်းစိတ်ဖြာဖို့ ကျွန်တော်တို့ အချိန်အတော်လေး လိုပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။
ရုရှားနှင့် ယူကရိန်းတို့သည် တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် မေ ၁၆ ရက်မှ ဇွန် ၂ ရက်အထိ တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှု နှစ်ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ယခင်တွေ့ဆုံဆွေးနွေးမှုများအတွင်း ညှိနှိုင်းခဲ့သည့်အတိုင်း စစ်အကျဉ်းသားများ လဲလှယ်ခြင်းများနှင့် ကျဆုံးစစ်သည်ရုပ်အလောင်းများကို လွှဲပြောင်းခြင်းများ ပြီးစီးပြီးနောက် တတိယအကြိမ် ဆွေးနွေးပွဲ ကျင်းပရန် နှစ်ဖက်သဘောတူခဲ့ကြကြောင်း ပူတင်က အစောပိုင်း၌ ပြောကြားခဲ့သည်။ (Xinhua)
……………………………………..
(English Version)
Kremlin says Russia remains ready for talks with Ukraine after Trump remarks
MOSCOW, July 15 (Xinhua) — Russia remains ready for further talks with Ukraine but has not received proposals for a meeting from Kiev, Kremlin spokesperson Dmitry Peskov said Tuesday.
“They want to see this dialogue in Washington, they want to see it in Europe, allegedly,” Peskov said.
The comments were made after U.S. President Donald Trump said Monday that the United States will send weapons to Ukraine through the North Atlantic Treaty Organization, and threatened “severe tariffs” targeting Russia if a ceasefire deal is not reached in 50 days.
The spokesperson said Trump’s statements are “very serious,” and something in them is addressed personally to Russian President Vladimir Putin.
“We certainly need time to analyze what was said in Washington,” he added.
Russia and Ukraine held two rounds of direct talks on May 16 and June 2 in Istanbul, Türkiye. Putin previously said that both sides agreed to hold a third round of talks after the completion of the exchange of prisoners of war and the transfer of bodies of fallen soldiers as negotiated in previous talks.
Photo: This photo taken on May 11, 2024 shows the Kremlin in Moscow, Russia. (Photo by Alexander Zemlianichenko Jr/Xinhua)