Africa & Middle East
ဂါဇာဒေသတွင် အစာရေစာ ငတ်မွတ်မှုကြောင့် ၂၄ နာရီအတွင်း ပါလက်စတိုင်း ၁၈ ဦး သေဆုံးခဲ့ဟု ကျန်းမာရေးဌာန တာဝန်ရှိသူများ ပြော

ဂါဇာ၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)
ဂါဇာကမ်းမြောင်ဒေသတွင် အစာရေစာ ငတ်မွတ်မှုကြောင့် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ပါလက်စတိုင်း ၁၈ ဦးထက်မနည်း သေဆုံးခဲ့ရာ အဆိုပါဒေသတွင် မတ်လမှစ၍ ငတ်မွတ်မှုကြောင့် သေဆုံးသူပေါင်း ၈၆ ဦး ရှိလာခဲ့သည်ဟု ဂါဇာအခြေစိုက် ကျန်းမာရေးဌာန တာဝန်ရှိသူများက ဇူလိုင် ၂၀ ရက်၌ ပြောကြားခဲ့သည်။
လူနှစ်သန်းကျော် မှီတင်းနေထိုင်သော ဂါဇာဒေသ၏ အခြေအနေမှာ “တိတ်တဆိတ် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံနေရခြင်း” ပင်ဖြစ်ကြောင်း၊ ထိုဒေသရှိ ကလေးငယ် ၁၇,၀၀၀ ခန့်မှာ ဆိုးဆိုးရွားရွား အာဟာရချို့တဲ့မှုနှင့် ရင်ဆိုင်နေရကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူများ၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ စားနပ်ရိက္ခာနှင့် ဆေးဝါးများ ပေးပို့နိုင်ရေးအတွက် နယ်စပ်ဂိတ်များကို ချက်ချင်း ပြန်ဖွင့်ပေးရန်လည်း တောင်းဆိုခဲ့ကြောင်း သိရသည်။
ထိုစဉ် ပါလက်စတိုင်း ဒုက္ခသည်များ အကူအညီပေးရေးဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ (UNRWA) က အစ္စရေး အာဏာပိုင်များအနေဖြင့် ကလေးငယ်တစ်သန်း အပါအဝင် ဂါဇာဒေသရှိ အရပ်သားများအား အစာရေစာ ငတ်မွတ်အောင် လုပ်ဆောင်နေသည်ဟု X ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အစ္စရေးက ဂါဇာဒေသအား ပိတ်ဆို့ဝန်းရံထားမှုကို ရုပ်သိမ်းပေးရန်လည်း အဆိုပါ အေဂျင်စီက တိုက်တွန်းခဲ့သည်။
ပါလက်စတိုင်း ဝန်ကြီးချုပ် မိုဟာမက် မူစတာဖာကလည်း ဂါဇာဒေသ၏ အခြေအနေမှာ “ယုံနိုင်စရာမရှိသလို လျော်ကန်မှုလည်းမရှိ” ဟု ဇူလိုင် ၂၀ ရက်က ပြောကြားခဲ့သည်။
ဂါဇာဒေသတွင် သွေးထွက်သံယို ဖြစ်စေမှုကို ရပ်တန့်ရေး၊ ဂါဇာဒေသ ပြန်လည်တည်ဆောက်ရေး၊ နိုင်ငံ လက်တွေ့တည်ထောင်ရန် ဂါဇာနှင့် ယင်း၏ အင်စတီကျူးရှင်းများကို နိုင်ငံအဆင့် အင်စတီကျူးရှင်းများနှင့် ပေါင်းစည်းရေးအတွက် မူစတာဖာက တိုက်တွန်းခဲ့သည်ဟု ၎င်း၏ရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အစ္စရေးက ဂါဇာဒေသတွင် မတ် ၁၈ ရက်မှစ၍ အပြင်းအထန် တိုက်ခိုက်မှုများကို တစ်ကျော့ပြန် လုပ်ဆောင်ခဲ့ပြီးနောက် ပါလက်စတိုင်း ၈,၀၆၆ ဦး သေဆုံးကာ ၂၈,၉၃၉ ဦး ဒဏ်ရာရရှိခဲ့သဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလနောက်ပိုင်း သေဆုံးသူ ၅၈,၈၉၅ ဦး၊ ဒဏ်ရာရရှိသူ ၁၄၀,၉၈၀ ဦး ရှိလာခဲ့ကြောင်း ဂါဇာအခြေစိုက် ကျန်းမာရေးဌာန တာဝန်ရှိသူများ၏ ဇူလိုင် ၂၀ ရက် အစောပိုင်း ပြောကြားချက်အရ သိရသည်။ (Xinhua)
……………..
(English Version)
Hunger kills 18 in Gaza over 24 hours: health authorities
GAZA, July 20 (Xinhua) — At least 18 Palestinians died in the past 24 hours due to hunger in Gaza, bringing the total death toll of hunger in the enclave since March to 86, including 76 children, the Gaza-based health authorities said Sunday.
What is happening in Gaza, home to more than two million people, is a “silent massacre,” it said in a press statement, adding that about 17,000 children suffer from severe malnutrition in the enclave. It demanded immediate opening of the crossings to allow the entry of food and medicine.
Meanwhile, the UN Relief and Works Agency for Palestine Refugees in the Near East said in a statement on social media platform X that “Israeli authorities are starving civilians in Gaza, including one million children.”
It urged lifting the Israeli blockade on Gaza.
Also on Sunday, Palestinian Prime Minister Mohammed Mustafa said the situation in Gaza is “unbelievable and unreasonable.”
According to a statement issued by his office, Mustafa called for stopping the bleeding in Gaza, reconstructing the enclave, and “unifying Gaza and its institutions with national institutions” so as to “establish the state on the ground.”
At least 8,066 Palestinians have been killed and 28,939 others injured since Israel renewed its intensive strikes in Gaza on March 18, bringing the total death toll since October 2023 to 58,895, and injuries to 140,980, Gaza-based health authorities said earlier on Sunday.
English Caption
Displaced Palestinians wait to receive free food from a food distribution center in Gaza City, on July 14, 2025. (Photo by Rizek Abdeljawad/Xinhua)