International Organizations
ဘိုင်ယန်မြူးနစ်အသင်းက လီဗာပူးလ် တောင်ပံကစားသမား လူးဝစ်စ် ဒီယက်ဇ်အား ခေါ်ယူ

လန်ဒန်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)
ကိုလံဘီယာလက်ရွေးစင် တောင်ပံကစားသမား လူးဝစ်စ် ဒီယက်ဇ်မှာ လီဗာပူးလ်အသင်းနှင့်အတူ သုံးနှစ်ခွဲကြာ ဖြတ်သန်းမှုကို အဆုံးသတ်ကာ ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့မှု ပြီးမြောက်သွားပြီဖြစ်ကြောင်း သိရသည်။
“ကိုလံဘီယာကစားသမားဟာ ၂၀၂၂ ခုနှစ် အစောပိုင်းမှာ ပေါ်တိုအသင်းကနေ လီဗာပူးလ်အသင်းကို ရောက်ရှိလာခဲ့ပြီး အဓိကအားဖြင့် ပြီးခဲ့တဲ့ရာသီက ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ဆုဖလား အပါအဝင် အဓိကဆုဖလားလေးလုံး ဆွတ်ခူးခဲ့ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီးနောက် အသင်းကနေ ထွက်ခွာသွားပါပြီ” ဟု လီဗာပူးလ်အသင်းက ဇူလိုင် ၃၀ ရက်၌ တရားဝင်ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းက ပေါင် ၆၅.၅ သန်းဖြင့် ကမ်းလှမ်းမှုကို လီဗာပူးလ်အသင်းဘက်က လက်ခံခဲ့ပြီးနောက် အဆိုပါ အသက် ၂၈ နှစ်အရွယ် ကစားသမားမှာ ဘိုင်ယန်အသင်းနှင့် လေးနှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
“ကျွန်တော် အိပ်မက်တွေ တစ်ပွေ့တစ်ပိုက်နဲ့ ရောက်လာခဲ့ပြီး ကျွန်တော်တို့ အတူတကွရယူနိုင်ခဲ့တဲ့ အရာအားလုံးအတွက် ဂုဏ်ယူဝမ်းမြောက်စွာနဲ့ ထွက်ခွာသွားတာပါ” ဟု ဒီယက်ဇ်က အင်စတာဂရမ်၌ ရေးသားခဲ့သည်။
“သိပ်အံ့ဩဖို့ကောင်းတဲ့ ပုဂ္ဂိုလ်တွေ၊ သိပ်တော်တဲ့ အသင်းဖော်တွေ၊ ကျွန်တော့်ကို အများကြီးပံ့ပိုးပေးခဲ့တဲ့ နည်းပြတွေ၊ သိပ်ကောင်းတဲ့ ပရိသတ်တွေနဲ့ ဆုံစည်းခဲ့ပါတယ်။ လီဗာပူးလ်အသင်းက တကယ့်ကို ထူးခြားတဲ့ အသင်းတစ်သင်းဖြစ်ပြီး သူတို့အားလုံးကို အမှတ်ရနေမှာပါ” ဟု ၎င်းက ဆိုသည်။
ထို့ပြင် ယခုလအစောပိုင်းက ယာဉ်မတော်တဆမှုအတွင်း ကွယ်လွန်သွားခဲ့သည့် လီဗာပူးလ် ကွင်းလယ်ကစားသမားဟောင်း ဒီယိုဂို ဂျိုတာကိုလည်း ၎င်းက ရည်ညွှန်းပြောဆိုခဲ့သည်။
“တာဝန်ပြီးမြောက်သွားပြီဆိုတဲ့ ခံစားချက်နဲ့ ထွက်ခွာသွားရတာက ကျေနပ်စရာပါပဲ။ အထူးခြားဆုံးကတော့ ချန်ပီယံအဖြစ်နဲ့ ထွက်ခွာရတာကိုပါ။ ကျွန်တော်တို့ရဲ့ အသင်းဖော်တစ်ယောက်ကို ဒီလိုဝမ်းနည်းဖွယ်အဖြစ်မျိုးနဲ့ မဆုံးရှုံးခဲ့ရဘူးဆိုရင် ပြီးပြည့်စုံတဲ့ နှုတ်ဆက်လမ်းခွဲမှု ဖြစ်လာမှာပါ” ဟု ဒီယက်ဇ်က ဆိုသည်။
“ကျွန်တော့်နှလုံးသားထဲမှာ အားလုံးကို အမှတ်တရရှိနေပေမဲ့ အထူးသဖြင့်တော့ ဒီယိုဂိုပါပဲ။ ကျွန်တော် သူ့ကို ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ သူ့ကို ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်” ဟု ၎င်းက ရေးသားခဲ့သည်။
ဒီယက်ဇ်အနေဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ပေါ်တိုအသင်းမှ လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းအတွက် ၁၄၈ ပွဲ ပါဝင်ကစားခဲ့ပြီး ၄၁ ဂိုး သွင်းယူခဲ့သည်။ (Xinhua)

ဗြိတိန်နိုင်ငံ လီဗာပူးလ်မြို့တွင် လီဗာပူးလ်အသင်းနှင့် အာဆင်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ အသင်းအတွက် ဒုတိယဂိုးသွင်းယူပြီးနောက် လီဗာပူးလ်ကစားသမား လူးဝစ်စ် ဒီယက်ဇ် အောင်ပွဲခံနေပုံကို ၂၀၂၅ ခုနှစ် မေ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………..
(English Version)
Bayern Munich signs Diaz from Liverpool
LONDON, July 30 (Xinhua) — Colombia international winger Luis Diaz has completed a trans-fer to Bayern Munich, bringing an end to his three-and-a-half-year spell with Liverpool.
“The Colombian departs the Reds having played a significant role in the lifting of four major trophies since arriving from FC Porto in early 2022, highlighted by Premier League title glory last term,” Liverpool said in an official statement on Wednesday.
The 28-year-old has signed a four-year contract with the Bundesliga champions, following Liverpool’s acceptance of a reported £65.5 million bid.
“I arrived with all the dreams in the world, and I am leaving proud of everything we achieved together,” Diaz wrote on Instagram.
“I have met incredible people, fabulous colleagues, coaches who helped me a lot, and ex-traordinary fans. Liverpool is, indeed, a special team, and I will keep everyone in my heart.
Diaz also made reference to former Liverpool midfielder Diogo Jota, who died in a car acci-dent earlier this month.
“It’s good to be leaving with the feeling of a duty fulfilled, and, most of all, to be leaving a champion. It would have been the perfect goodbye if we hadn’t lost one of ours in such a tragic way.
“I carry everyone with me in my heart, but one of them in particular: Diogo. I will never forget him. We will never forget him. Thank you for everything,” he wrote.
Diaz joined Liverpool from FC Porto in January 2022 and went on to make 148 appearances, scoring 41 goals during his time at Anfield.
English Caption 1
Luis Diaz (C) of Colombia celebrates after scoring during the 2026 FIFA World Cup CON-MEBOL Qualifier football match between Argentina and Colombia in Buenos Aires, Argentina, June 10, 2025. (Photo by Martin Zabala/Xinhua)
English Caption 2
Liverpool’s Luis Diaz celebrates after scoring his side’s second goal the English Premier League match between Liverpool FC and Arsenal FC in Liverpool, Britain, on May 11, 2025. (Xinhua)