Connect with us

International Organizations

ဆန်းဒါးလန်းအသင်းက လေဗာကူဆင်အသင်း၏ ဝါရင့်ကွင်းလယ်လူ ရှာကာအား ခေါ်ယူ

ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် လေဗာကူဆင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်၌ ဘိုင်ယန်မြူးနစ် ကစားသမား ဂျမားလ် မူစီယာလာ (ဝဲ) နှင့် လေဗာကူဆင် ကစားသမား ဂရာနစ် ရှာကာတို့ ဘောလုံးယှဉ်လုနေပုံကို ၂၀၂၅ ခုနှစ် မတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)
ပရီးမီးယားလိဂ်သို့ ပြန်လည်တန်းတက်လာသည့် ဆန်းဒါးလန်းအသင်းက ရာသီကြိုပြင်ဆင်မှုများကို ဆက်တိုက်လုပ်ဆောင်လျက်ရှိပြီး လေဗာကူဆင်အသင်းမှ ဆွစ်ဇာလန်လက်ရွေးစင် ကွင်းလယ်လူ ဂရာနစ် ရှာကာကိုလည်း ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
အသက် ၃၂ နှစ်အရွယ် ရှာကာမှာ ၂၀၂၄ ခုနှစ်က လေဗာကူဆင်အသင်းနှင့်အတူ ဘွန်ဒက်စ်လီဂါနှင့် ဂျာမန်ဖလားတို့ကို တစ်ပြိုင်နက်တည်း ဆွတ်ခူးနိုင်ခဲ့ပြီး ယင်းမတိုင်မီကမူ အာဆင်နယ်အသင်းတွင် ခုနစ်နှစ်ကြာ ကစားခဲ့သူဖြစ်သည်။ ရှာကာအနေဖြင့် ပြောင်းရွှေ့ကြေး ပေါင် ၁၃ သန်းဝန်းကျင်ဖြင့် ဆန်းဒါးလန်းအသင်းထံ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး သုံးနှစ်စာချုပ်ချုပ်ဆိုရန် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆန်းဒါးလန်းအနေဖြင့် ချန်ပီယံရှစ်သို့ မြန်မြန်ဆန်ဆန် တန်းပြန်ဆင်းရမည့် အရေးကို ရှောင်လွှဲနိုင်ရန် ရည်မှန်းထားချိန်တွင် ရှာကာမှာ အသင်းအတွက် အတွေ့အကြုံ ကြွယ်ဝမှုကို ယူဆောင်လာမည်ဖြစ်သည်။
“ဒီကိုရောက်လာတဲ့အတွက် ကျွန်တော် သိပ်ကိုဂုဏ်ယူပါတယ်။ အသင်းနဲ့ဆွေးနွေးခဲ့တုန်းက ကျွန်တော် စိတ်လှုပ်ရှားမိခဲ့ပြီး ဒီမှာရှိတဲ့သူအားလုံးနဲ့ ကစားသမားတွေရဲ့ အားအင်တွေ၊ စိတ်နေစိတ်ထားတွေကို ခံစားမိပါတယ်” ဟု ရှာကာက ပြောကြားခဲ့သည်။
“ဒါက ကျွန်တော်ဆန္ဒရှိတဲ့ အရာဆိုတာ ကျိန်းသေပါတယ်။ ကျွန်တော် သိပ်ပျော်ပါတယ်။ ဒီအသင်း ရှိနေသင့်တဲ့နေရာကို ကျွန်တော်တို့ ပြန်ရောက်လာပါပြီ။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်သမိုင်းကြောင်းကို ရေးထိုးဖို့ ဒီမှာပဲဆက်ရှိချင်ပါတယ်” ဟု ရှာကာက ပြောကြားခဲ့ကြောင်း ဆန်းဒါးလန်းအသင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
“အသင်းကို ကျွန်တော့်ရဲ့ အတွေ့အကြုံတွေနဲ့တင်မကဘဲ ဘောလုံးအရည်အသွေးနဲ့ပါ ကူညီပေးဖို့ အသင့်ဖြစ်နေပြီလို့ ထင်ပါတယ်။ ကျွန်တော်တို့ ကွင်းထဲမှာ ခြေစွမ်းပြနိုင်ဖို့လိုပေမဲ့ အဲဒါက ကြီးမားတဲ့ပြဿနာတစ်ခု မဟုတ်ဘူးလို့ ထင်ပါတယ်။ ကျွန်တော် အကြာကြီးစောင့်မျှော်ခဲ့ရပေမဲ့ အခုတော့ ဒီကိုရောက်လာခဲ့ပါပြီ။ ကျွန်တော် ဒီအခွင့်အရေးကို မျှော်လင့်စောင့်စားနေတာပါ” ဟု ရှာကာက နိဂုံးချုပ်ပြောကြားခဲ့သည်။
တန်းတက် ဆန်းဒါးလန်းအသင်းအနေဖြင့် ယခုနွေရာသီတွင် အန်ဇို လီဖီး၊ ဟာဘစ် ဒီယာရာ၊ နိုအာ ဆာဒစ်ကီ၊ ရိုင်နီလ်ဒို မန်ဒါဗာ၊ ချမ်စ်ဒင်း တာလ်ဘီနှင့် ဆိုင်မွန် အာဒင်ဂရာတို့ကို ပေါင်သန်း ၁၁၀ ကျော် အသုံးပြု၍ ခေါ်ယူထားပြီးဖြစ်သည်။
ဆန်းဒါးလန်းအသင်းမှာ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီတွင် ချန်ပီယံရှစ်၌ အဆင့်-၄ ဖြင့် ရာသီသိမ်းခဲ့ပြီးနောက် playoff အဆင့်နှစ်ဆင့်ကို ကျော်ဖြတ်ကာ ပရီးမီးယားလိဂ်သို့ တန်းတက်နိုင်မည့် တတိယမြောက်နှင့် နောက်ဆုံး ဝင်ခွင့်နေရာကို အမိအရ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ (Xinhua)


………………..
(English Version)
Sunderland signs Xhaka from Leverkusen
LONDON, July 30 (Xinhua) — Sunderland continues to prepare for its return to the Premier League with the signing of Switzerland international midfielder Granit Xhaka from Bayer Leverkusen.
The 32-year-old won the Bundesliga and German Cup double with Leverkusen in 2024 and previously spent seven years at Arsenal. Xhaka joins for a fee thought to be around 13 million pounds and has agreed a three-year deal at the Stadium of Light.
The midfielder will bring a wealth of experience to Sunderland as the club looks to avoid in-stant relegation back to the Championship.
“I’m very proud to be here. When I spoke to the club, I was excited, and I felt the energy, and the mentality all the people and players have.”
“It’s exactly what I wanted, and I have a very good feeling. We are back to where this club needs to be, and we want to stay here to write our own history,” Xhaka was quoted as saying on the Sunderland website.
“I feel I’m ready to help the team with my experience but with quality as well. We need to find ourselves on the pitch, but I don’t think this will be a big problem. It’s been a long time to wait, but I’m here now, and I’m looking forward to it,” he concluded.
This summer has seen Sunderland bring in Enzo Le Fee, Habib Diarra, Noah Sadiki, Reinildo Mandava, Chemsdine Talbi and Simon Adingra, spending over 110 million pounds.
Sunderland finished fourth in the Championship in the 2024-25 season and grabbed the third and last ticket to promote to the Premier League through two rounds of playoffs.
English Caption
Jamal Musiala (L) of Bayern Munich vies with Granit Xhaka of Bayer 04 Leverkusen during the UEFA Champions League Round of 16 1st leg football match between Bayern Munich and Bayer 04 Leverkusen in Munich, Germany, March 5, 2025. (Photo by Philippe Ruiz/Xinhua)