International Organizations
ခရစ္စတယ်ပဲလေ့စ်က လီဗာပူးလ်အား ပင်နယ်တီအဆုံးအဖြတ်တွင် အနိုင်ရရှိပြီး ကွန်မြူနတီဒိုင်းကို ပထမဆုံးအကြိမ် ဆွတ်ခူး

လန်ဒန်၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)
ဩဂုတ် ၁၀ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ကွန်မြူနတီဒိုင်းပြိုင်ပွဲတွင် ခရစ္စတယ်ပဲလေ့စ်အသင်းက ပုံမှန်ပွဲကစားချိန်အတွင်း လီဗာပူးလ်အသင်း၏ နှစ်ကြိမ်တိုင်တိုင် ဦးဆောင်ဂိုးသွင်းယူခြင်း ခံခဲ့ရသော်လည်း ပင်နယ်တီအဆုံးအဖြတ်တွင် ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ကွန်မြူနတီဒိုင်းအား ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။
ပြီးခဲ့သည့်ရာသီ အက်ဖ်အေဖလား ချန်ပီယံ ပဲလေ့စ်အသင်းမှာ ပင်နယ်တီအထိ ဆွဲခေါ်သွားနိုင်ခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်ကန်သွင်းရာတွင် ဂိုးသမား ဒင်းဟန်ဒါဆန်က အလက်ဆစ် မက်ခ်အယ်လစ္စတာနှင့် ဟာဗေး အဲလိယော့ထ်တို့၏ ကန်ချက်များကို ကာကွယ်နိုင်ခဲ့ပြီး မိုဟာမက် ဆာလာ၏ ကန်ချက်မှာလည်း ဂိုးဘားပေါ်မှ ကျော်သွားခဲ့သည်။
လီဗာပူးလ်ဂိုးသမား အယ်လစ်ဆန် ဘက်ကာကမူ အီဘာရီချီ အီဇီ၏ ကန်ချက်ကို ကာကွယ်နိုင်ခဲ့ပြီး ဘော်နာ ဆိုဆာ၏ ကန်ချက်မှာလည်း ဂိုးဘားတန်းနှင့်ထိခဲ့သော်လည်း နောက်ဆုံးတွင် အိုလီဗာ ဂလက်စ်နာ၏အသင်းမှာ ကွန်မြူနတီဒိုင်းကို ကိုင်မြှောက်နိုင်ခဲ့သည်။
ပွဲကစားချိန် ၄ မိနစ်တွင် ဟူဂို အီကီတိုက်က အပြင်းကန်ချက်ဖြင့် လီဗာပူးလ်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ပွဲချိန် ၁၇ မိနစ်တွင် ဂျင်န်-ဖိလစ် မာတေတာက ပင်နယ်တီမှတစ်ဆင့် ချေပဂိုးသွင်းယူခဲ့သည်။ သို့သော် ၄ မိနစ်အကြာတွင် ဂျယ်ရမီ ဖရင်းပေါင်က ဂိုးသမားဟန်ဒါဆန်ကိုကျော်၍ အမြောက်ဘောကန်သွင်းကာ ဦးဆောင်ဂိုး ပြန်လည်သွင်းယူခဲ့သည်။
သို့သော် ပွဲချိန် ၇၇ မိနစ်တွင် အစ္စမေလာဆားက တစ်ကိုယ်တော်အစွမ်းဖြင့် ပဲလေ့စ်အတွက် ချေပဂိုးသွင်းယူခဲ့ရာ တစ်ဖက်နှစ်ဂိုးစီ သရေဖြစ်သွားခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းခဲ့ရသည်။
လီဗာပူးလ်အသင်းမန်နေဂျာ အာနယ် ဆလော့က ၎င်း၏အသင်းအနေဖြင့် ပရီးမီးယားလိဂ်ရာသီ မစတင်မီ ခံစစ်ပိုင်း ပိုမိုတိုးတက်လာအောင် လုပ်ဆောင်ရမည်ဟု ဝန်ခံပြောဆိုခဲ့သည်။
“ခံစားချက်တွေ ရောထွေးနေပါတယ်။ တော်တော်လေး ကျစ်ကျစ်လျစ်လျစ်ရှိတဲ့ အသင်းတစ်သင်းနဲ့ ရင်ဆိုင်တွေ့ချိန်မှာ ကျွန်တော်တို့အသင်းရဲ့ တိုက်စစ်ကစားပုံကိုကြည့်ရင် ပြီးခဲ့တဲ့ရာသီကထက် အတန်သင့်ပိုကောင်းလာပါတယ်” ဟု ၎င်းက ဆိုသည်။
“တော်တော်လေး ကျစ်ကျစ်လျစ်လျစ်ရှိတဲ့ အသင်းတစ်သင်းနဲ့ ရင်ဆိုင်ရပေမဲ့ အခွင့်အရေးတွေ ပိုပြီးဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပေးဂိုးနှစ်ဂိုး ခွင့်ပြုခဲ့ရတာမို့ အဲဒါက ကျွန်တော်တို့ ပိုကောင်းအောင်လုပ်ရဦးမယ့် အရာပါပဲ။ ပထမဂိုးကတော့ ကောင်းမွန်တဲ့ အသင်းလိုက်ကစားပုံကနေရခဲ့တဲ့ ဂိုးပါပဲ” ဟု ၎င်းက ပြောသည်။
“ကျွန်တော်တို့ အခွင့်အရေးတွေ ပိုပြီးဖန်တီးနိုင်ပေမဲ့ ပေးဂိုးတွေလည်း ပြန်ပြီးခွင့်ပြုခဲ့ရတယ်။ လိဂ်ပြိုင်ပွဲမှာ အနိုင်ရချင်တယ်ဆိုရင် အခွင့်အရေးတွေ၊ ပေးဂိုးတွေကို စောစောစီးစီး ခွင့်ပြုလို့မရပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ခရစ္စတယ်ပဲလေ့စ်နည်းပြ အိုလီဗာ ဂလက်စ်နာက ကစားသမားများ၏ ကျားကုတ်ကျားခဲ ကြိုးစားမှုအပေါ် ချီးကျူးပြောဆိုခဲ့သည်။
“ကစားသမားတွေကို အများကြီးချီးကျူးရပါမယ်။ ကံမကောင်းစွာနဲ့ ဒုတိယဂိုးပေးလိုက်ရပေမဲ့ ကျွန်တော်တို့ နောက်ကနေလိုက်ကစားပြီး ပြန်ချေပနိုင်ခဲ့လို့ ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းခဲ့ရတယ်။ တော်တော်လေး ခြေစွမ်းကောင်းမွန်ခဲ့ပြီး လီဗာပူးလ်နဲ့ ခြေရည်တူနီးပါး ကစားနိုင်ခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။
“ဒီနေ့ အသင်းရဲ့ကစားပုံအတွက် ကျွန်တော် သိပ်ကိုဂုဏ်ယူပါတယ်။ သူတို့ အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်” ဟု ဂလက်စ်နာက ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အက်ဖ်အေ ကွန်မြူနတီဒိုင်းလုပွဲအပြီးတွင် ပရိသတ်များကို နှုတ်ဆက်နေသည့် လီဗာပူးလ်ကစားသမား မိုဟာမက် ဆာလာအား ၂၀၂၅ ခုနှစ် ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………….
(English Version)
Crystal Palace win Community Shield after beating Liverpool on penalties
LONDON, Aug. 10 (Xinhua) — Crystal Palace won their first Community Shield on Sunday, defeating Liverpool 3-2 in a penalty shootout after twice coming from behind in regulation time.
Last season’s FA Cup winners forced the match to spot-kicks, where goalkeeper Dean Henderson saved from Alexis Mac Allister and Harvey Elliott, while Mohamed Salah sent his effort over the bar.
Liverpool’s Alisson Becker denied Eberechi Eze and Borna Sosa hit the crossbar, but Oliver Glasner’s side held on to claim the trophy.
Hugo Ekitike put Liverpool ahead in the fourth minute with a powerful strike, before Jean-Philippe Mateta equalized from the penalty spot in the 17th. Jeremie Frimpong restored Liverpool’s lead four minutes later with a lob over Henderson.
In the 77th minute, Ismaila Sarr’s solo effort brought Palace level again to send the game to penalties.
Liverpool manager Arne Slot admitted his side must improve defensively ahead of the Premier League season.
“It’s mixed feelings. If you look at our attacking play against a team that is so compact, it is a bit better than last season,” he said.
“We created more against a team that is so compact. We conceded two goals and this is something we need to do better. A good team goal for the first one.
“We are creating more, but we are conceding more and if you want to win the league you can’t concede chances first but also goals,” he said.
Crystal Palace coach Oliver Glasner praised his players’ resilience.
“Big credit to the players. Coming back from a very unlucky second goal, decided the game on penalties. A big performance, almost on the same level as Liverpool,” he said.
“I’m very proud of how the team played today. They did an excellent job,” he added. ■
English Caption 1
Crystal Palace’s captain Marc Guehi lifts the trophy after the FA Community Shield final match between Crystal Palace and Liverpool in London, Britain, on Aug. 10, 2025. (Xinhua)
English Caption 2
Liverpool’s Mohamed Salah applauds the supporters after the FA Community Shield final match between Crystal Palace and Liverpool in London, Britain, on Aug. 10, 2025. (Xinhua)