Connect with us

International Organizations

ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား ကာမာဗင်ဂါ ခြေချင်းဝတ်ဒဏ်ရာကြောင့် ရာသီအစပိုင်း ပွဲစဉ်များကို လွဲချော်မည်

စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ဆန်တီယာဂို ဘာနေဗျူး အားကစားကွင်း၌ ရီးရဲလ်မက်ဒရစ်အသင်းနှင့် ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါပွဲစဉ်၌ ရီးရဲလ်မက်ဒရစ် ကစားသမား အက်ဒွါဒို ကာမာဗင်ဂါ (ဝဲ) နှင့် ဘာစီလိုနာကစားသမား လာမင်း ယမားလ်တို့ ဘောလုံးယှဉ်လုနေပုံကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)
ကွင်းလယ်ကစားသမား အက်ဒွါဒို ကာမာဗင်ဂါမှာ ခြေချင်းဝတ်ဒဏ်ရာကြောင့် ရာသီအစပိုင်း ပွဲစဉ်များကို လွဲချော်မည်ဖြစ်ကြောင်း ရီးရဲလ်မက်ဒရစ်အသင်းက အတည်ပြုကြေညာခဲ့ရာ အသင်းအနေဖြင့် လာလီဂါ ရာသီသစ်မတိုင်မီ ဒဏ်ရာပြဿနာနှင့် စတင်ရင်ဆိုင်နေရပြီဖြစ်သည်။
“ရီးရဲလ်မက်ဒရစ် ဆေးအဖွဲ့က အက်ဒွါဒို ကာမာဗင်ဂါကို စမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် ကစားသမားဟာ ညာဘက်ခြေချင်းဝတ် အဆစ်လွဲနေတာကို တွေ့ရှိခဲ့ပါတယ်။ နောက်ထပ် ထူးခြားတဲ့အခြေအနေတွေကို စောင့်ကြည့်နေပါတယ်” ဟု ရီးရဲလ်အသင်း၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသည်။
ယခုကဲ့သို့ ဒဏ်ရာရရှိခဲ့ခြင်းကြောင့် အဆိုပါ ပြင်သစ်ကစားသမားအနေဖြင့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ရာသီကြိုလေ့ကျင့်မှုများ ပြန်လည်စတင်ပြီးနောက် တစ်ပွဲတည်းသော ခြေစမ်းပွဲအဖြစ် ဩဂုတ် ၁၂ ရက်၌ WSG Tirol အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်အား လွဲချော်မည်ဖြစ်သည်။ ထို့ပြင် ၎င်းအနေဖြင့် ဩဂုတ် ၁၉ ရက်၌ အိုဆာဆူနာအသင်းအား အိမ်ကွင်း၌ လက်ခံကစားရမည့် ရာသီအဖွင့်ပွဲစဉ်တွင်လည်း ပါဝင်နိုင်မည်မဟုတ်ပေ။
ကာမာဗင်ဂါမှာ ရာသီသစ်၏ ဒုတိယမြောက်ပွဲစဉ်အဖြစ် လာမည့်သီတင်းပတ်ကုန်၌ တန်းတက် အိုဗီယေဒိုအသင်းနှင့် အဝေးကွင်းပွဲစဉ်၌လည်း ပါဝင်နိုင်ရန် မသေချာသေးကြောင်း သိရသည်။ (Xinhua)

ကာတာနိုင်ငံ လူဆေးလ်မြို့ရှိ လူဆေးလ် အားကစားကွင်း၌ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်နှင့် မက္ကဆီကိုကလပ် စီအက်ဖ် ပါချူကာတို့ ယှဉ်ပြိုင်ကစားမည့် ဖီဖာအင်တာကွန်တီနင်တယ်ဖလား ဗိုလ်လုပွဲအတွက် လေ့ကျင့်နေသော ရီးရဲလ်မက်ဒရစ် ကစားသမားများဖြစ်သည့် ကီလီယန် အမ်ဘာပေ (ယာ) နှင့် အက်ဒွါဒို ကာမာဗင်ဂါ (ဝဲ) တို့အား ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………..
(English Version)
Real Madrid midfielder Camavinga to miss start of campaign with ankle injury
MADRID, Aug. 10 (Xinhua) — Real Madrid has suffered its first injury setback ahead of the new La Liga season, with the club confirming that central midfielder Eduardo Camavinga will miss the start of the campaign with an ankle injury.
Following tests conducted on Eduardo Camavinga by the Real Madrid Medical Services, the player has been diagnosed with a sprain to his right ankle. Awaiting further development,” the club said on its website.
The injury means the Frenchman will miss the team’s only friendly, against WSG Tirol on Tuesday, after returning to pre-season training following the Club World Cup. He will also sit out the opening game of the season at home to Osasuna on Aug. 19.
Camavinga is also doubtful for the second match of the campaign, away to newly promoted Oviedo the following weekend. ■
English Caption 1
Eduardo Camavinga (L) of Real Madrid vies with Lamine Yamal of FC Barcelona during the La Liga football match between Real Madrid and FC Barcelona in Santiago Bernabeu stadium, Madrid, Spain, on Oct. 26, 2024. (Photo by Gustavo Valiente/Xinhua)
English Caption 2
Kylian Mbappe (R) and Eduardo Camavinga (L) of Real Madrid attend the training session ahead of the FIFA Intercontinental Cup final match between Spain’s Real Madrid and Mexico’s CF Pachuca at the Lusail Stadium in Lusail, Qatar, Dec. 17, 2024. (Photo by Nikku/Xinhua)