Asia
တစ်နှစ်နီးပါးအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၀၈ ခု မော်လ်ဒိုက် စံချိန်တင် ဆွဲဆောင်နိုင်ခဲ့

ကိုလံဘို၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)
မော်လ်ဒိုက်အစိုးရသည် တစ်နှစ်နီးပါးကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၀၈ ခုကို စံချိန်တင် ဆွဲဆောင်နိုင်ခဲ့သည်ဟု အကြီးတန်းဝန်ကြီးတစ်ဦးအား ကိုးကားပြီး နိုင်ငံပိုင် PSM News သတင်းဌာနက သြဂုတ် ၉ ရက်၌ ဖော်ပြခဲ့သည်။
၂၀၁၃ ခုနှစ် မှ ၂၀၁၈ ခုနှစ်ကြား ၅ နှစ်တာကာလကို ပြည်ပရင်းနှီးမြှုပ်နှံမှုများ နိုင်ငံတွင်းသို့ဝင်ရောက်ရန် အကောင်းဆုံးအချိန်ကာလဟု ယခင်က ထင်မြင်ယူဆခဲ့မိကြောင်း၊ အဆိုပါကာလများအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တစ်နှစ်ပျမ်းမျှ ၈၁ ခုအထိ ဆွဲဆောင်နိုင်ခဲ့ကြောင်း၊ သို့ရာတွင် လက်ရှိသမ္မတ မိုဟာမက်မူအီဇူ စတင်တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း တစ်နှစ်နီးပါးအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအရေအတွက်မှာ ၁၀၈ ခုအထိ စံချိန်တင်တိုးတက်ရရှိလာခြင်းဖြစ်ကြောင်း မော်လ်ဒိုက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီး မိုဟာမက်ဆာအိဒ်က ပြောကြားခဲ့သည်။
လက်ရှိအစိုးရအနေဖြင့် စီးပွားရေးဖိုရမ်ဒါဇင်ဝက်ကို လက်ခံကျင်းပပေးခဲ့ကြောင်း၊ အဆိုပါဖိုရမ်များ ကျင်းပပေးခြင်းဖြင့် ရင်းနှီးမြှုပ်နှံရန် လိုအပ်သည့်သတင်းအချက်အလက်များ မေးမြန်းစုံစမ်းခြင်းနှင့် တရားဝင်ရင်းနှီးမြှုပ်နှံရန် မှတ်ပုံတင်ခြင်း စသည့်လုပ်ငန်းစဉ်များတွင် တိုက်ရိုက်အကျိုးသက်ရောက် စေခဲ့ကြောင်းလည်း ဝန်ကြီးဆာအိဒ်က ထပ်လောင်းပြောကြားသည်။
ရင်းနှီးမြှုပ်နှံလိုသည့် ပြည်ပစီးပွားရေးလုပ်ငန်းရှင်များအတွက် ဥပဒေအကာအကွယ်၊ တရားမျှတမှုနှင့် နှစ်ဖက်နားလည်သဘောပေါက်မှုများဖြင့် ထုံမွှမ်းထားသည့် စီးပွားရေးပတ်ဝန်းကျင်မျိုးကို ဖန်တီးပေးနိုင်ရန် မော်လ်ဒိုက်အစိုးရက အားထုတ်မှုအမြောက်အမြားကို ကြိုးပမ်းလုပ်ဆောင်ခဲ့သည်ဟု လည်း ဝန်ကြီးက ပြောကြားခဲ့သည်။
မော်လ်ဒိုက်အစိုးရသည် နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီသည့် ရင်းနှီးမြှုပ်နှံမှု အခြေခံစနစ်မူဘောင်များ ဖြစ်ထွန်းလာစေရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို နှစ်ပေါင်း ၄၅ နှစ်ကြာပြီးနောက် ပြန်လည် စိစစ် ပြင်ဆင်ခဲ့သည်။ (Xinhua)
…………………….
(English Version)
Maldives sees record 108 foreign investments in 1 year: minister
COLOMBO, Aug. 10 (Xinhua) — The Maldivian government has attracted 108 foreign investments in about one year, a marked improvement from previous years, state-run PSM News reported on Saturday, quoting a senior minister.
Minister of Economic Development and Trade Mohamed Saeed said that between 2013 and 2018, which was previously considered the best period for investments, there were on average 81 foreign investments per year. However, since President Mohamed Muizzu took office, there have been 108 foreign investments in around one year, he said.
He said the current government has hosted business forums in half a dozen countries. These forums have directly contributed to an uptick of investment queries and registered investments in the Maldives, he said.
Saeed said the government puts a lot of effort into creating an investor-friendly environment. The Foreign Investment Act has been revised after 45 years, putting the investment frameworks in line with international norms.
Photo:
This photo taken on April 28, 2024 shows the seaplane docking facility at Velana International Airport in Male, the Maldives. (Xinhua/Wu Yue)