Connect with us

North America

မြောက်အမေရိက လက်မှတ်ရောင်းအားတွင် Weapons ဇာတ်ကား ထိပ်ဆုံးနေရာ ရောက်ရှိ

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အာကာဒီးယားရှိ AMC ရုပ်ရှင်ရုံတွင် အလိုအလျောက်လက်မှတ်ဝယ်စက်များအနီး ဖြတ်သန်းသွားလာနေသော အမျိုးသားတစ်ဦးကို ၂၀၁၇ ခုနှစ် ဩဂုတ် ၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Xinhua/AFP)

လော့စ်အိန်ဂျလိစ်၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)
ဝါနာဘရားသားစ်နှင့် နယူးလိုင်း ရုပ်ရှင် ထုတ်လုပ်ရေး၏ Weapons အမည်ရှိ ထိတ်လန့်သည်းဖို ရုပ်ရှင်ကားသည် ယခုသီတင်းပတ်ကုန်အစပိုင်း မြောက်အမေရိကရုပ်ရှင်လက်မှတ်ရောင်းအားတွင် သုံးရက်တာ ဝင်ငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၄၂.၅ သန်းခန့် ရရှိကာ ထိပ်ဆုံး‌နေရာ ‌ရောက်ရှိခဲ့ကြောင်း အချက်အလက်ကောက်ယူရေးလုပ်ငန်း Comscore က သြဂုတ် ၁၀ ရက်တွင် ဖော်ပြခဲ့သည်။
ဒါရိုက်တာ Zach Cregger ရိုက်ကူးသည့် အဆိုပါဇာတ်ကားသည် မြို့ငယ်လေးတစ်မြို့မှ ကျောင်းအတန်းတူ ကလေးအုပ်စု ညတစ်ညတွင် တစ်ချိန်တည်း ထူးဆန်းစွာပျောက်ဆုံးသွားမှုအကြောင်း ဖြစ်သည်။
R အဆင့်ရှိသည့် အဆိုပါရုပ်ရှင်ဇာတ်ကားသည် နိုင်ငံရပ်ခြားဝင်ငွေ ဒေါ်လာ ၂၇.၅ သန်း ရရှိထားပြီး ကမ္ဘာတစ်ဝန်း ဒေါ်လာသန်း ၇၀ ရရှိထားသည်။ Rotten Tomatoes ဝက်ဘ်ဆိုက်၏သုံးသပ်ချက်စုစည်းမှုတွင် အတည်ပြုချက် အဆင့် ၉၅ ရာခိုင်နှုန်းရရှိကာ စျေးကွက် သုတေသနကုမ္ပဏီ CinemaScore၏ စစ်တမ်း A+ မှ F သတ်မှတ်ချက် တွင် ကြည့်ရှုသူများမှပေးသည့် A- အဆင့် ရရှိထားသည်ဟုသိရသည်။
နောက်ထပ်ဇာတ်ကားသစ် ဒစ်စနေ၏ဟာသရုပ်ရှင်ကား Freakier Friday ကလည်း ယခုသီတင်းပတ်ကုန်အတွင်း ဒေါ်လာ ၂၉ သန်းရရှိကာ ဒုတိယ ‌နေရာတွင်ရှိခဲ့သည်။
ထိပ်ဆုံးသုံးခု၏နောက်ဆုံးနေရာတွင် ဒစ်စနေနှင့်မာဗယ်တို့၏ စူပါဟီးရိုးရုပ်ရှင် The Fantastic Four: First Steps ရှိနေပြီး တတိယသီတင်းပတ်အကုန် ဒေါ်လာ ၁၅.၅ သန်းရရှိကာ မြောက်အမေရိကရုပ်ရှင်လက်မှတ်ရောင်းအား စုစုပေါင်း ဝင်ငွေ ၂၃၀.၄ သန်း ရရှိထားကြောင်း သိရသည်။ (Xinhua)

……………………..
(English Version)
“Weapons” tops N. American box office on opening weekend
LOS ANGELES, Aug. 10 (Xinhua) — Warner Bros. and New Line Cinema’s horror film “Weapons” held the top spot at the North American box office on its opening weekend with an estimated three-day cume of 42.5 million U.S. dollars, data from measurement firm Comscore showed on Sunday.
Directed by Zach Cregger, the film tells the story of a small town where a group of children from the same class mysteriously vanish into the night at the same time.
The R-rated title earned 27.5 million dollars overseas, for a global debut of 70 million. It holds an approval rating of 95 percent on the review-aggregation website Rotten Tomatoes to date, receiving an “A-” grade from audiences on an “A+” to “F” scale polled by market research firm CinemaScore.
Another newcomer, Disney’s comedy film “Freakier Friday,” came in second with 29 million dollars this weekend.
Rounding out the top three, Disney and Marvel’s superhero film “The Fantastic Four: First Steps” took in 15.5 million dollars on its third weekend for a North American cume of 230.4 million dollars.
File Photo: A man walks past vending machines for automated tickets at an AMC movie theater in Arcadia, California on Aug. 2, 2017. (Xinhua/AFP)