Connect with us

North America

ထရမ့်က ကုန်သွယ်ရေးမိတ်ဖက်များနှင့် သက်ဆိုင်သည့် ပြင်ဆင်မွမ်းမံထားသော စည်းကြပ်ခွန်ဆိုင်ရာ အမိန့်ကြေညာချက် လက်မှတ်ရေးထိုး

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ အိမ်ဖြူတော် နှင်းဆီဥယျာဉ်တွင် “အပြန်အလှန်စည်းကြပ်ခွန်များ” ဆိုင်ရာ အမိန့်ကြေညာချက်အား ပြသနေသော သမ္မတ ဒေါ်နယ်ထရမ့်ကို ၂၀၂၅ ခုနှစ် ဧပြီ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ကုန်သွယ်ရေးမိတ်ဖက် ၇၀ နီးပါးနှင့် သက်ဆိုင်သည့် ထပ်မံပြင်ဆင်မွမ်းမံထားသော စည်းကြပ်ခွန် နှုန်းထားများဆိုင်ရာ အမိန့်ကြေညာချက်တစ်စောင်အား ဇူလိုင် ၃၁ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ဤဥပဒေအရ “ကုန်သွယ်ရေးမိတ်ဖက်အချို့၏ ကုန်စည်များအပေါ် ထပ်တိုးစည်းကြပ်ခွန်များ” ကို သတ်မှတ်ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်သည်။
စည်းကြပ်ခွန်သစ်အများစုမှာ ၁၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိရှိကြောင်း အိမ်ဖြူတော်မှ နောက်ဆက်တွဲထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ စည်းကြပ်ခွန်နှုန်းထားအသစ်များသည် ထောက်ပံ့သယ်ယူပို့ဆောင်ရေးကိစ္စရပ်များဆိုင်ရာ ခြွင်းချက်များဖြင့် အမိန့်ကြေညာချက်ထုတ်ပြန်သည့်နေ့ရက်မှ ၇ ရက်အကြာတွင် အသက်ဝင်မည်ဖြစ်သည်။
ဆွေးနွေးညှိနှိုင်းမှုများ ရှိထားသော်ငြားလည်း ကုန်သွယ်ရေးဆက်ဆံမှုတွင် “မညီမျှမှုများ” ကို လုံလောက်ထိရောက်စွာ ‌ဖြေရှင်းခြင်းမပြုထားသော သို့မဟုတ် “စီးပွားရေးနှင့် နိုင်ငံလုံခြုံရေးအကြောင်းအရာများ” ဖြင့် အမေရိကန်နိုင်ငံနှင့် ထိထိရောက်ရောက် ညှိနှိုင်းချိန်ညှိရန် ပျက်ကွက်သော ကုန်သွယ်ရေးမိတ်ဖက်အချို့ကိုလည်း အမိန့်ကြေညာချက်၌ ထရမ့်က မှတ်ချက်ပြုပြောကြားခဲ့သည်။
“အမေရိကန်နဲ့ ညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့ ဒါမှမဟုတ် စီးပွားရေး၊ နိုင်ငံလုံခြုံရေး အကြောင်းအရာတွေကြောင့် အမေရိကန်နဲ့ လုံလုံလောက်လောက် ညှိနှိုင်းချိန်ညှိတဲ့ လိုအပ်တဲ့အဆင့်တွေလုပ်ဆောင်ဖို့ ပျက်ကွက်တဲ့
ကုန်သွယ်ရေးမိတ်ဖက်တွေလည်း ရှိပါသေးတယ်” ဟု ၎င်းက ဆိုသည်။
ထို့ပြင် အမေရိကန် အစိုးရအေဂျင်စီများကလည်း ၎င်းအမိန့်ကြေညာချက် အကောင်အထည်ဖော်ရေးနှင့် အာဏာသက်ရောက်မှုရှိရေး၊ စည်းမျဉ်းစည်းကမ်းများ သို့မဟုတ် အသိပေးကြေညာချက်များ ယာယီဆိုင်းငံ့ခြင်း သို့မဟုတ် ပြင်ဆင်ခြင်း အပါအဝင် သက်ဆိုင်ရာဥပဒေ တစ်သမတ်တည်းဖြစ်ရေး စသည်တို့အတွက် “လိုအပ်သော လုပ်ဆောင်ချက်များအားလုံး” ကို ဆောင်ရွက်ရန် ညွှန်ကြားထားသလို အခွင့်အာဏာပေးအပ်ထားကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
Trump signs executive order modifying tariff rates with dozens of trading partners
NEW YORK, July 31 (Xinhua) — U.S. President Donald Trump on Thursday signed an executive order further modifying tariff rates with nearly 70 trading partners.
The order hereby imposes “additional ad valorem duties on goods of certain trading partners.”
Most of the new tariff rates range from 10 percent to 40 percent, according to an annex to the release from the White House.
The new tariff rates will take effect seven days after the date of the executive order with exceptions on logistical grounds.
Trump noted in the executive order that some U.S. trading partners, despite having engaged in negotiations, have offered terms that do not sufficiently address “imbalances” in trading relationship or have failed to align sufficiently with the United States on “economic and national security matters.”
“There are also some trading partners that have failed to engage in negotiations with the United States or to take adequate steps to align sufficiently with the United States on economic and national security matters,” he said.
In addition, major U.S. governmental agencies are directed and authorized to take “all necessary actions” to implement and effectuate this order, consistent with applicable law, including through temporary suspension or amendment of regulations or notices.
Photo: U.S. President Donald Trump shows an executive order on “reciprocal tariffs” at the Rose Garden of the White House in Washington, D.C., the United States, on April 2, 2025. (Xinhua/Hu Yousong)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.