Connect with us

Europe

အလက်စကာ၌ ပြုလုပ်မည့် ထရမ့်-ပူတင် ထိပ်သီးဆွေးနွေးပွဲမှ မည်သည်တို့ကို မျှော်လင့်နိုင်သနည်း

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်၌ ရုရှားသမ္မတ ဗလာတီမာ ပူတင် (ဝဲ) နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်တို့ တွေ့ဆုံဆွေးနွေးနေပုံကို ၂၀၂၅ ခုနှစ် ဩဂုတ် ၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Kremlin Press Office/Handout via Xinhua)

ပေကျင်း၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ)
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာတီမာ ပူတင်တို့မှာ ယူကရိန်း၌ ဖြစ်နိုင်ဖွယ်ရှိသော အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးရန် အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်တွင် ဩဂုတ် ၁၅ ရက်၌ တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ယင်းမှာ ၂၀၂၁ ခုနှစ်နောက်ပိုင်း နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးကြား ပထမဆုံး ဆွေးနွေးပွဲ ဖြစ်လာမည်ဖြစ်သည်။
ထရမ့်က ၎င်း သမ္မတရာထူးရရှိပြီး ၂၄ နာရီအတွင်း ယူကရိန်း အကျပ်အတည်းကို အဆုံးသတ်ပေးမည်ဟု ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တို့တွင် မဲဆွယ်စည်းရုံးစဉ်အတွင်း ထပ်ကာတလဲလဲ ကြွေးကြော်ခဲ့သည်။ ဒေသတွင်း ငြိမ်းချမ်းရေးအတွက် ထရမ့်၏ လတ်တလော ကြိုးပမ်းမှုဖြစ်သည့် အဆိုပါ ထိပ်သီးဆွေးနွေးပွဲအား ယူကရိန်း အကျပ်အတည်း အဆုံးသတ်ရေးအတွက် စွန့်စားမှုကြီးသော ကြိုးပမ်းမှုအဖြစ် အိမ်ဖြူတော်က ညွှန်းဆိုထားသည်။
သို့သော် သိသိသာသာတိုးတက်မှု ရရှိနိုင်ရေး အလားအလာမှာ မ‌ရေမရာရှိနေပုံပေါ် ပြီး ယင်းဆွေးနွေးပွဲအပေါ် ခေါင်းဆောင်နှစ်ဦး၏ ရှုမြင်ချဉ်းကပ်ပုံမှာလည်း သိသိသာသာ ကွဲပြားလျက်ရှိကာ အမေရိကန်၏ မဟာမိတ်နိုင်ငံ အများအပြားကလည်း ယူကရိန်း ပါဝင်ခြင်းမရှိသည့် သဘောတူညီချက် မှန်သမျှမှာ တရားဝင်မှု ကင်းမဲ့နေမည်ဟု သတိပေးထားသည်။
ထရမ့်၏ အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်၏ ဩဂုတ် ၆ ရက် မော်စကို ခရီးစဉ်၌ ၎င်းနှင့် ပူတင်တို့ သုံးနာရီကြာ အလုပ်သဘော အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် ခေါင်းဆောင်နှစ်ဦး မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမည့် အစီအစဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။
ယူကရိန်းဘက်မှ ပိုင်နက်နယ်မြေနှင့် ပတ်သက်၍ ကြီးကြီးမားမား လိုက်လျောမှုပြုလုပ်ရန် လိုအပ်သလို ရုရှား၏ တောင်းဆိုချက်များကိုလည်း နိုင်ငံတကာက လက်သင့်ခံရေးအတွက် တောင်းဆိုသွားမည်ဖြစ်ကာ အပြန်အလှန်အနေဖြင့် တိုက်ခိုက်မှုများကို ရပ်ဆိုင်းပေးမည်ဟူသော ကျယ်ပြန့်သည့် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ပူတင်က ထရမ့်အစိုးရအား ယခုသီတင်းပတ်အတွင်း ကမ်းလှမ်းခဲ့သည်ဟု ဥရောပနှင့် ယူကရိန်း တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ ဝေါလ်စထရိဂျာနယ်က ဖော်ပြခဲ့သည်။
၎င်းအနေဖြင့် အပစ်အခတ်ရပ်စဲမှု ရရှိရေးအတွက် ရည်ရွယ်ကြောင်း၊ သဘောတူညီချက်၌ နယ်မြေလဲလှယ်မှုများ ပါဝင်နိုင်ကြောင်း ထရမ့်က ဩဂုတ် ၈ ရက်၌ ပြောကြားခဲ့သည်။ ၎င်းက မည်သည့်သတ်မှတ်ချက်များ ပါဝင်မည်ကို အသေးစိတ်ပြောဆိုခဲ့ခြင်း မရှိသော်လည်း ယင်းအပေါ် ယူကရိန်းနှင့် မဟာမိတ်များက ချက်ချင်း တုံ့ပြန်ဝေဖန်ခဲ့သည်။
ယူကရိန်းက မိမိတို့၏ နယ်မြေများကို လက်လွှတ်ရမည့် မည်သည့်သဘောတူညီချက်ကိုမဆို လက်သင့်ခံမည် မဟုတ်ဟု အကြိမ်ကြိမ်ပြောဆိုထားသည်။ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ၎င်း၏အစိုးရကို ချန်လှန်ထားသည့် အလက်စကာ ဆွေးနွေးပွဲအား ဩဂုတ် ၉ ရက်က ဝေဖန်ပြစ်တင်ခဲ့ပြီး ဆွေးနွေးပွဲ စားပွဲဝိုင်းပေါ်တွင် ယူကရိန်းမပါဝင်ဘဲ ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို ရရှိနိုင်မည်မဟုတ်ဟု သတိပေးခဲ့သည်။
“ကျွန်တော်တို့ကို ဆန့်ကျင်ပြီးတော့ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တိုင်းနဲ့ ယူကရိန်းမပါဝင်ဘဲ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တိုင်းဟာ တစ်ပြိုင်နက်တည်းမှာပဲ ငြိမ်းချမ်းရေးကို ဆန့်ကျင်နေတဲ့ ဆုံးဖြတ်ချက်တွေဖြစ်တယ်” ဟု ဇယ်လန်းစကီးက ဗီဒီယိုမိန့်ခွန်း၌ ပြောကြားခဲ့သည်။ “အဲဒီဆုံးဖြတ်ချက်တွေက ဘာကိုမှ ဆောင်ကြဉ်းပေးနိုင်မှာ မဟုတ်ပါဘူး၊ အဲဒါတွေက အသက်မဝင်တဲ့ ဆုံးဖြတ်ချက်တွေမို့ ဘယ်တော့မှ အလုပ်ဖြစ်မှာမဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။
ဥရောပနိုင်ငံများက နယ်မြေလဲလှယ်မည်ဟူသော ထရမ့်၏ အရိပ်အမြွက်ပြောဆိုမှုအပေါ် အလျင်အမြန် တုံ့ပြန်ခဲ့ကြသည်။ ဥရောပကော်မရှင်နှင့် ပြင်သစ်၊ အီတလီ၊ ဗြိတိန်၊ ဂျာမနီ၊ ပိုလန်၊ ဖင်လန်နိုင်ငံတို့မှ ခေါင်းဆောင်များက ယူကရိန်း၏ နယ်နိမိတ်များကို နိုင်ငံတကာက အသိအမှတ်ပြုထားသည့်အတိုင်း အတင်းအဓမ္မ ပြောင်းလဲ၍မရနိုင်ကြောင်း အခိုင်အမာပြောကြားခဲ့သည့် ပူးတွဲကြေညာချက်တစ်စောင်ကို ဩဂုတ် ၉ ရက်၌ ထုတ်ပြန်ခဲ့သည်။ ယူကရိန်းအနေဖြင့် ယင်း၏ အချုပ်အခြာအာဏာနှင့် သက်ဆိုင်သည့် ဆွေးနွေးမှုတိုင်းတွင် တိုက်ရိုက်ပါဝင်ရမည်ဟုလည်း ကြေညာချက်၌ အလေးအနက်ဖော်ပြထားသည်။
လွန်ခဲ့သည့် ရုရှား-ယူကရိန်း ဆွေးနွေးပွဲကို အစ္စတန်ဘူလ်မြို့တွင် ဇူလိုင် ၂၃ ရက်က ပြုလုပ်ခဲ့ရာ အပစ်အခတ် ရပ်စဲရေးအတွက် သိသိသာသာ တိုးတက်မှုမရရှိဘဲ ပြီးဆုံးသွားခဲ့သော်လည်း ဖမ်းဆီးထိန်းသိမ်းခံ အရပ်သားများ အပါအဝင် စစ်သုံ့ပန်းများ ထပ်မံလဲလှယ်ရေးအတွက် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/5QD

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်၌ ရုရှားသမ္မတ ဗလာတီမာ ပူတင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေပုံကို ၂၀၂၅ ခုနှစ် မေ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………..
(English Version)
What to expect at upcoming Trump-Putin summit in Alaska?
BEIJING, Aug. 10 (Xinhua) — U.S. President Donald Trump and Russian President Vladimir Putin are set to meet on August 15th in Alaska to discuss a potential ceasefire in Ukraine, marking the first talks between the leaders of the two countries since 2021.
On the campaign trail in 2023 and 2024, Trump made repeated claims that he would end the Ukraine crisis within 24 hours of winning presidency. The summit, Trump’s latest push for peace in the region, has been billed by the White House as a high-stakes push to end the Ukraine crisis.
But the prospects for a breakthrough appear uncertain, with the two leaders approaching the talks from sharply different positions and many of America’s allies warning that any deal struck without Kiev’s participation will lack legitimacy.
The plans for the face-to-face meeting between the two leaders surfaced after Putin’s three-hour working meeting with Trump’s special envoy Steve Witkoff during the latter’s visit to Moscow on Wednesday.
Putin this week offered the Trump administration a broad ceasefire proposal that requires significant territorial concessions from Kiev and seeks international acceptance of Russia’s claims in return for stopping the fighting, The Wall Street Journal reported, citing European and Ukrainian officials.
Trump said Friday that he intended to secure a ceasefire, even suggesting that “swapping of territories” could be part of the deal. While he has not specified what that would entail, the phrase has drawn immediate pushback from Ukraine and its allies.
Ukraine has repeatedly said it will not accept any arrangement that cedes its territory. President Volodymyr Zelensky criticized Saturday the Alaska talks for excluding his government and warned that lasting peace cannot be achieved without Ukraine at the table.
“Any decisions made against us, any decisions made without Ukraine, are at the same time decisions against peace,” Zelensky said in a video address. “They will bring nothing. These are dead decisions; they will never work.”
European capitals reacted swiftly to Trump’s suggestion of a land swap. Leaders from the European Commission, France, Italy, Britain, Germany, Poland and Finland issued a joint statement on Saturday affirming that Ukraine’s borders, as recognized internationally, cannot be changed by force. The statement underscored that Ukraine must be directly involved in any negotiations regarding its sovereignty.
The last round of Russia-Ukraine talks held in Istanbul on July 23 concluded with no breakthrough towards a ceasefire but an agreement on another prisoner swap with civilian detainees included.
English Caption 1
Russian President Vladimir Putin (L) holds talks with U.S. President Donald Trump’s special envoy Steve Witkoff at the Kremlin in Moscow, Russia, Aug. 6, 2025. (Kremlin Press Office/Handout via Xinhua)
English Caption 2
Russian President Vladimir Putin attends a press conference at the Kremlin in Moscow, Russia, May 11, 2025. (Xinhua/Liu Kai)