Asia
နိုင်ငံပေါင်း ၁၂ နိုင်ငံမှ နိုင်ငံသားများအား ဗီယက်နမ် ဗီဇာကင်းလွတ်ခွင့်ပြုမည်

ဟနွိုင်း၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံအစိုးရသည် ခရီးသွားလုပ်ငန်းရည်ရွယ်ချက်များအတွက် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ နိုင်ငံသားများအား ၎င်းတို့၏ နိုင်ငံကူးလက်မှတ် အမျိုးအစားများ မည်သို့ပင်ဖြစ်စေကာမူ ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ ဗီယက်နမ်နိုင်ငံသို့ ဝင်ခွင့်ပေးမည်ဖြစ်ကြောင်း ဗီယက်နမ် သတင်းအေဂျင်စီက သြဂုတ် ၁၁ ရက်တွင် ဖော်ပြခဲ့ကြောင်း သိရသည်။
အဆိုပါပဏာမခြေလှမ်းသည် ဗီယက်နမ်နိုင်ငံ၏ ခရီးသွားလုပ်ငန်းမြှင့်တင်ရန် လုပ်ဆောင်နေသော ကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
ဗီဇာကင်းလွတ်ခွင့်သည် ဘယ်လ်ဂျီယမ်၊ ဘူလ်ဂေးရီးယား၊ ခရိုအေးရှား၊ ချက်သမ္မတနိုင်ငံ၊ ဟန်ဂေရီ၊ လူဇင်ဘတ်၊ နယ်သာလန်၊ ပိုလန်၊ ရိုမေးနီးယား၊ ဆလိုဗက်ကီးယား၊ ဆလိုဗေးနီးယားနှင့် ဆွစ်ဇာလန်နိုင်ငံသားများအတွက် အကျိုးသက်ရောက်မည်ဖြစ်သည်။
အဆိုပါစီမံချက်သည် ၂၀၂၅ ခုနှစ် ဩဂုတ် ၁၅ ရက်မှ ၂၀၂၈ ခုနှစ် သြဂုတ် ၁၄ ရက်အထိ အသက်ဝင်မည်ဖြစ်သည်။
ဗီယက်နမ်အမျိုးသားစာရင်းအင်းရုံး၏ ထုတ်ပြန်ချက်အရ ဗီယက်နမ်သို့ ယခုနှစ် ပထမခုနစ်လတာအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် ၁၂ ဒသမ ၂၃ သန်း ဝင်ရောက်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ၂၂ ဒသမ ၅ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း သိရသည်။ (Xinhua)
—————————–
(English Version)
Vietnam to grant visa-free entry to citizens of 12 countries
HANOI, Aug. 11 (Xinhua) — The Vietnamese government will grant visa-free entry for citizens from 12 countries for tourism purposes, regardless of their passport types, Vietnam News Agency reported Monday.
The initiative is part of the country’s ongoing efforts to promote tourism.
The visa exemptions will apply to citizens of Belgium, Bulgaria, Croatia, the Czech Republic, Hungary, Luxembourg, the Netherlands, Poland, Romania, Slovakia, Slovenia and Switzerland.
The policy will be in effect from Aug. 15, 2025 to Aug. 14, 2028.
According to the National Statistics Office, Vietnam welcomed 12.23 million international visitors in the first seven months of this year, marking a 22.5 percent increase year-on-year. ■
English Caption
Travelers are seen at Noi Bai International Airport in Hanoi, Vietnam, on March 15, 2022. (VNA via Xinhua)