Asia
၂၀၂၅ ခုနှစ်တွင် မော်လ်ဒိုက်သို့ ခရီးသွားဧည့်သည်ရောက်ရှိမှု ၂.၃ သန်းရှိမည်ဟု ခန့်မှန်း

ကိုလံဘို၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ)
မော်လ်ဒိုက် ငွေကြေးဆိုင်ရာအာဏာပိုင်အဖွဲ့ (MMA) က ၂၀၂၅ခုနှစ်တွင် ခရီးသွားဧည့်သည် ရောက်ရှိမှု စံချိန်တင်အဖြစ် ၂.၃ သန်းရောက်ရှိရန် ပြင်ဆင်ခန့်မှန်းထားကြောင်း နိုင်ငံပိုင် PSM သတင်းဌာနက သြဂုတ် ၁၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
မေလတွင် ခရီးသွားဧည့်သည် ၂.၂ သန်းရောက်ရှိမည်ဟုမျှော်လင့်ထားကြောင်း MMA က ပြောကြားခဲ့သည်။ အဆိုပါ ပြင်ဆင်ခန့်မှန်းမှုသည် ယခုနှစ် ပထမနှစ်ဝက်အတွင်း အားကောင်းသည့် လုပ်ဆောင်မှုများအပေါ် မြင်တွေ့နေရသည့် နိုင်ငံတကာ ခရီးသွားဧည့်သည်များ ယခင်နှစ် ကာလတူထက် ၉.၁ ရာခိုင်နှုန်း တိုးတက်လာမှု ရှိကြောင်း သိရသည်။ ဇွန်လအကုန်တွင် မော်လ်ဒိုက်သို့ လာရောက်လည်ပတ်သူ ဦးရေ ၁,၁၀၈,၁၃၀ ဦး ရှိခဲ့သည်။
ထို့အပြင် MMA က လာမည့်နှစ်တွင် ခရီးသွား ၂.၄ သန်း စံချိန်တင် ရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
ယခုနှစ်ဝက် ကာလအတွင်း လာရောက်နေထိုင်သည့်ကြာချိန်အနေဖြင့် ညအိပ်လာရောက်လည်ပတ်သူ စုစုပေါင်းအရေအတွက် ၆,၈၉၂,၅၃၃ ဦး ရှိခဲ့သောကြောင့် လွန်ခဲ့သည်နှစ် ကာလတူနှင့် နှိုင်းယှဥ်လျှင် ၁.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း အချက်အလက်များအရ သိရသည်။ (Xinhua)
…………………….
(English Version)
Maldives raises 2025 tourist arrival forecast to record 2.3 million
COLOMBO, Aug. 11 (Xinhua) — The Maldives Monetary Authority (MMA) has revised projected tourist arrivals for 2025 to a record 2.3 million, state-run PSM News reported on Sunday.
In May, MMA said it expected arrivals to be 2.2 million. The revision of the forecast was based on a strong performance on the first half of the year, which saw a 9.1 percent year-on-year increase in international arrivals. By the end of June, 1,108,130 tourists had visited the country.
Besides, MMA has projected a record 2.4 million tourist arrivals next year.
Growth was also evident in the duration of stays, with total bed nights reaching 6,892,533 by mid-year, an increase of 1.2 percent over the same period last year, data shows.
Photo: Tourists enjoy the night view in Male, Maldives, Jan. 6, 2022. (Xinhua/Tang Lu)