Connect with us

Africa & Middle East

အီရန်က ယူရေနီယမ်သန့်စင်သည့် ပမာဏနှင့်ပတ်သက်၍ ညှိနှိုင်းမည်ဟု ကမ်းလှမ်းခဲ့သော်လည်း အလုံးစုံ ရပ်ဆိုင်းမည်မဟုတ်ဟု ဆို

အီရန်နိုင်ငံ တီဟီရန်မြို့ရှိ အဇာဒီရင်ပြင်၌ မီးထွန်းထားသော အထိမ်းအမှတ်အဆောက်အအုံတစ်ခုရှေ့မှ ဖြတ်သန်းသွားလာနေသူများကို ၂၀၂၅ ခုနှစ် ဇွန် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ)
အီရန်အနေဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုများ ဖယ်ရှားရေးအတွက် အပြန်အလှန်အနေဖြင့် မိမိတို့၏ နျူကလီးယား အစီအစဉ်အပေါ် ကန့်သတ်ချက်အချို့ကို လက်သင့်ခံရန် အသင့်ရှိသော်လည်း ယူရေနီယမ် သန့်စင်မှုအား အလုံးစုံရပ်ဆိုင်းရေးမှာ ဆွေးနွေးညှိနှိုင်းစရာမဟုတ်ဟု မှတ်ယူထားကြောင်း အီရန် အကြီးတန်းသံတမန်တစ်ဦးက မကြာသေးမီက ပြောကြားခဲ့သည်။
“ယူရေနီယမ်သန့်စင်တဲ့ ပမာဏနဲ့ ကန့်သတ်မှုတွေနဲ့ပတ်သက်ပြီး ညှိနှိုင်းလို့ရနိုင်ပေမဲ့ ယူရေနီယမ်သန့်စင်မှုကို ရပ်ဆိုင်းဖို့ကိုတော့ အီရန်ဘက်က ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် သဘောတူမှာမဟုတ်ပါဘူး။ အဲဒါကို မဖြစ်မနေလိုအပ်သလို ကျွန်တော်တို့အနေနဲ့ အဓိပ္ပာယ်မရှိတဲ့ ကတိစကားတွေထက် ကိုယ့်အားကိုယ်ကိုးဖို့ပဲ လိုအပ်နေလို့ပါပဲ” ဟု ဂျပန်နိုင်ငံမှ ကျိုဒိုသတင်းဌာနနှင့် ဩဂုတ် ၉ ရက်က ပြုလုပ်သည့် အင်တာဗျူးတစ်ခု၌ အီရန်နိုင်ငံရေးဆိုင်ရာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး မာဂျစ် တက်ခ်-ရာဗန်ချီက ပြောကြားခဲ့သည်။
“အီရန်ဟာ အမေရိကန်နဲ့ ဆွေးနွေးဖို့ အသင့်ရှိပေမဲ့ အမေရိကန်အနေနဲ့ နှစ်ဖက်အကျိုးရှိစေမယ့် တွေ့ဆုံဆွေးနွေးမှုကို စိတ်ဝင်စားလား ဒါမှမဟုတ် သူတို့ဖြစ်ချင်တာကိုပဲ အတင်းအကျပ် လုပ်သွားမလားဆိုတာကို အရင်ဆုံး ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်သင့်ပါတယ်” ဟု ၎င်းတာဝန်ရှိသူက အီရန်-အမေရိကန် နျူကလီးယားဆွေးနွေးပွဲ ပြန်လည်စတင်နိုင်မည့် အလားအလာနှင့် စပ်လျဉ်း၍ ပြောကြားခဲ့သည်။
အီရန်နှင့် အမေရိကန်တို့အကြား ခြောက်ကြိမ်မြောက် တစ်ဆင့်ခံ နျူကလီးယားဆွေးနွေးပွဲမတိုင်မီ နှစ်ရက်အလိုဖြစ်သည့် ဇွန် ၁၃ ရက်၌ အစ္စရေးက နျူကလီးယားနှင့် စစ်ဘက်ဆိုင်ရာနေရာများ အပါအဝင် အီရန်ရှိ နေရာအများအပြားကို လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန် လုပ်ဆောင်ခဲ့သဖြင့် အီရန်၏ အကြီးတန်းတပ်မှူးများ၊ နျူကလီးယားသိပ္ပံပညာရှင်များနှင့် အရပ်သားအများအပြား သေဆုံးခဲ့ကြောင်း သိရသည်။ ယင်းအား တုံ့ပြန်သည့်အနေဖြင့် အီရန်က အစ္စရေးအား ဒုံးကျည်များ၊ ဒရုန်းများဖြင့် အပြင်းအထန် ပြန်လည်တိုက်ခိုက်ခဲ့သည်။
ဇွန် ၂၂ ရက်ကလည်း အမေရိကန်တပ်ဖွဲ့ဝင်များက အီရန်၏ နျူကလီးယားအဆောက်အအုံ သုံးခုဖြစ်သည့် ဖော်ဒိုး၊ နာတန့်ဇ်နှင့် အက်စ်ဖာဟန်တို့အား ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အီရန်ကလည်း ကာတာနိုင်ငံရှိ အမေရိကန်၏ အယ်လ်ယူဒေး လေတပ်စခန်းကို တန်ပြန်တိုက်ခိုက်ခဲ့သည်။ အီရန်နှင့် အစ္စရေးတို့မှာ ၁၂ ရက်ကြာ စစ်ပွဲဖြစ်ပွားပြီးနောက် ဇွန် ၂၄ ရက်က အပစ်အခတ်ရပ်စဲရန် သဘောတူညီမှုရရှိခဲ့သည်။
အီရန်အနေဖြင့် ယူရေနီယမ်သန့်စင်မှုကို အလုံးစုံရပ်ဆိုင်းရန် အမေရိကန်အစိုးရက မကြာသေးမီရက်ပိုင်းအတွင်း ထပ်ကာတလဲလဲ တိုက်တွန်းခဲ့ပြီး ယင်းအား အီရန်ဘက်က ပြတ်ပြတ်သားသား ပယ်ချခဲ့ကြောင်း သိရသည်။ (Xinhua)
……………………..
(English Version)
Iran offers compromise on uranium enrichment levels but refuses total halt
TEHRAN, Aug. 11 (Xinhua) — Iran is ready to accept certain limitations on its nuclear program in return for the removal of sanctions, but deems it “nonnegotiable” to end its uranium enrichment entirely, a senior Iranian diplomat said recently.
“Iran can be flexible on the capacities and limits of enrichment, but cannot agree to stop enrichment under any circumstance because it’s essential, and we need to rely on ourselves, not on empty promises,” Deputy Foreign Minister for Political Affairs Majid Takht-Ravanchi told Japan’s Kyodo News in a Saturday interview.
On the possibility of the resumption of Iran-U.S. nuclear talks, the official said, “Iran is ready for talks with the United States, but the United States should first make it clear whether it is interested in win-win dialogue or the imposition of its will.”
On June 13, two days prior to the sixth round of indirect nuclear talks between Iran and the United States, Israel launched major airstrikes on several areas in Iran, including nuclear and military sites, killing senior commanders, nuclear scientists and many civilians. Iran responded with multiple waves of missile and drone attacks on Israel.
On June 22, U.S. forces bombed the three Iranian nuclear facilities of Natanz, Fordow, and Isfahan. In retaliation, Iran struck the U.S. Al Udeid Air Base in Qatar.
Following the 12-day war, a ceasefire between Iran and Israel was achieved on June 24.
In recent days, Washington has repeatedly demanded that Iran completely cease uranium enrichment, a request firmly rejected by Tehran. ■
English Caption
People walk in front of an illuminated monument at the Azadi Square in Tehran, Iran, June 25, 2025. (Xinhua)