Connect with us

International Organizations

အီတလီလက်ရွေးစင် ရက်စ်ပါဒိုရီ အက်သလက်တီကိုမက်ဒရစ်၏ နွေရာသီတွင် သတ္တမမြောက် ခေါ်ယူမှုဖြစ်လာ

အီတလီနိုင်ငံ နေပယ်လ်စ်မြို့တွင် ၂၀၂၄ ခုနှစ် မတ် ၃ ရက်က နာပိုလီအသင်းနှင့် ဂျူဗင်တပ်စ်အသင်းတို့၏ Serie A ဘောလုံးပွဲစဉ်၌ သွင်းဂိုးသွင်းပြီးနောက် အောင်ပွဲခံနေသော နာပိုလီအသင်းမှ ဂျီယာကိုမို ရက်စ်ပါဒိုရီအား တွေ့မြင်ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

အက်သလက်တီကိုမက်ဒရစ်အသင်းသည် ၎င်းတို့အသင်းသို့ စီးရီးအေချန်ပီယံ နာပိုလီအသင်းမှ အီတလီလက်ရွေးစင် ရှေ့တန်းကစားသမား ရက်စ်ပါဒိုရီ ရောက်ရှိလာပြီဖြစ်ကြောင်း အတည်ပြုချက်ဖြင့် စပိန် လာလီဂါရာသီသစ်မတိုင်မီ သတ္တမမြောက် ကစားသမားခေါ်ယူမှုကိုပြုလုပ်လိုက်ပြီဖြစ်သည်။
အသက် ၂၅ နှစ်အရွယ် ကစားသမား ရက်စ်ပါဒိုရီသည် ၂၀၃၀ ပြည့်နှစ် ဇွန်လအထိ ငါးနှစ်စာချုပ်ကို သဘောတူညီမှုရရှိလိုက်ခြင်းဖြစ်သည်။ ရက်စ်ပါဒိုရီကို ခေါ်ယူမှုအတွက် ယူရို ၂၂ သန်း (အမေရိကန်ဒေါ်လာ ၂၅.၅ သန်း) ကုန်ကျခဲ့ပြီး ယခုနွေရာသီတွင် ကစားသမားခေါ်ယူမှုများအတွက် အက်သလက်တီကို၏ စုစုပေါင်းအသုံးစရိတ်သည် ယူရိုသန်း ၁၇၀ ကျော်သာ ရှိသော်လည်း ရောင်းချမှုတွင် သန်း ၇၀ ဝန်းကျင် ပြန်လည်ရရှိထားပြီးဖြစ်သည်။
နာပိုလီအသင်းအတွက် ၆၃ ပွဲကစားပြီး ၁၁ ဂိုးသာ သွင်းယူကာ အီတလီလက်ရွေးစင်အသင်းအတွက် ပွဲ ၄၀ တွင် ၉ ဂိုးသာ သွင်းယူထားသည့် တိုက်စစ်မှူး ရက်စ်ပါဒိုရီသည် ဂိုးသွင်းကောင်းသော တိုက်စစ်မှူးတစ်ဦးတော့ မဟုတ်ပေ။
အက်သလက်တီကိုအသင်းသည် ဩဂုတ် ၁၇ ရက်တွင် အက်စ်ပန်ညိုအသင်းနှင့် အဝေးကွင်းပွဲဖြင့် ဘာစီလိုနာမြို့၌ ရာသီသစ်စတင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)


…………………….
(English Version)
Italian international Raspadori becomes Atletico Madrid’s seventh signing of summer

MADRID, Aug. 11 (Xinhua) — Atletico Madrid has made its seventh signing ahead of the new La Liga season with the confirmation that Italian international forward Giacomo Raspadori has arrived from Serie A champions Napoli.
The 25-year-old has agreed a five-year contract until June 2030. Raspadori has cost around 22 million euros (25.5 million U.S. dollars) and takes the Atletico’s total spend this summer to just over 170 million euros, although it has recovered around 70 million in sales.
The striker is not a prolific goalscorer, with only 11 goals in 63 appearances for Napoli and nine in 40 games for the Italian national team.
Atletico kicks off the new season in Barcelona, away to Espanyol on August 17th. ■

English Caption
Napoli’s Giacomo Raspadori celebrates his goal during a Serie A football match between Napoli and Juventus in Naples, Italy, on March 3, 2024. (Photo by Augusto Casasoli/Xinhua