Connect with us

International Organizations

၂၀၂၅ ခုနှစ် ကမ္ဘာ့ အားကစားပွဲတော် အမျိုးသား အမျိုးသမီး ၅၈၀ကီလို လွန်ဆွဲပြိုင်ပွဲတွင် ဆွစ်ဇာလန်အသင်း အနိုင်ရရှိ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ချိန်တူးမြို့၌ ကျင်းပပြုလုပ်သည့် ကမ္ဘာ့ အားကစား ပွဲတော် အမျိုးသားအမျိုးသမီး ၅၈၀ ကီလို လွန်ဆွဲပြိုင်ပွဲများ ဆုပေးပွဲအခမ်းအနားတွင် ရွေတံဆိပ်ဆုရှင် ဆွစ်ဇာလန်အသင်း အောင်ပွဲခံနေသည်ကို ၂၀၂၅ ခုနှစ် သြဂုတ် ၁၁ ရက် က တွေ့ရစဥ် (ဆင်ဟွာ)

ချိန်တူး၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ)
အလှည့်ကျတစ်ကြိမ်စီ ယှဥ်ပြိုင်ရသည့် ပွဲစဥ်များအတွင်း ဆွစ်ဇာလန်၊ ဘယ်လ်ဂျီယမ်၊ ဂျာမနီ နှင့် အီတလီ အသင်းလေးသင်းတို့ ထိပ်ပိုင်းရောက်ရှိခဲ့ပြီးနောက် အကြိုဗိုလ်လုပွဲစဥ်များတွင် ဆွစ်ဇာလန်အသင်းက အီတလီအသင်းကို အနိုင်ယူနိုင်ခဲ့သလို ဘယ်လ်ဂျီယမ်အသင်းကလည်း ဂျာမနီအသင်းကိုအနိုင်ရရှိကာ ‌‌ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ကြသည်။
ဆွစ်ဇာလန်အသင်းသည် ဗိုလ်လုဖိုင်နယ်ပွဲတွင်လည်း အကောင်းဆုံးစွမ်းဆောင်နိုင်မှုအနေအထားကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပြီး ဘယ်လ်ဂျီယမ်အသင်းကို ၃-၀ ဖြင့် အနိုင်ရရှိခဲ့သည်။ ‌ဂျာမနီ အသင်းက အီတလီအသင်းကို ၃-၀ ဖြင့်အနိုင်ရကာ ကြေးတံဆိပ် ရရှိသွားသည်။
“ပြိုင်ဘက်တွေက သိပ်ကို သန်မာကြတယ်၊ချန်ပီယံဆု ရရှိဖို့ ကျွန်မတို့ တော်တော် စိတ်လှုပ်ရှား ရင်ခုန်ခဲ့ရတယ်” ဟု ဆွစ်ဇာလန်အသင်းမှ Elena Beier က ပြောကြားခဲ့သည်။ ၎င်းပါဝင်သည့် အသင်းသည် အမျိုးသမီး ကီလို ၅၀၀ လွန်ဆွဲပြိုင်ပွဲတွင်လည်း ငွေတံဆိပ် ရရှိခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ချိန်တူးမြို့၌ ကျင်းပပြုလုပ်သည့် ကမ္ဘာ့ အားကစား ပွဲတော် အမျိုးသားအမျိုးသမီး ၅၈၀ ကီလို လွန်ဆွဲပြိုင်ပွဲများအတွင်း အီတလီအသင်းနှင့် ဂျာမနီအသင်းတို့၏ ကြေးတံဆိပ်လုပွဲတွင် အီတလီအသင်းသားတစ်ဦး ဖိနပ်တွင်ကပ်နေသည့် ရွှံ့များကို ခွာနေသည်ကို ၂၀၂၅ ခုနှစ် သြဂုတ် ၁၁ ရက် က တွေ့ရစဥ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ချိန်တူးမြို့၌ ကျင်းပပြုလုပ်သည့် ကမ္ဘာ့ အားကစား ပွဲတော် အမျိုးသားအမျိုးသမီး ၅၈၀ ကီလို လွန်ဆွဲပြိုင်ပွဲများအတွင်း ဂျာမနီ အသင်းနှင့်အီတလီအသင်းတို့၏ ကြေးတံဆိပ်လုပွဲတွင် အနိုင်ရရှိပြီးနောက် ဂျာမနီအသင်းသားများ အောင်ပွဲခံနေသည်ကို ၂၀၂၅ ခုနှစ် သြဂုတ် ၁၁ ရက် က တွေ့ရစဥ်(ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ချိန်တူးမြို့၌ ကျင်းပပြုလုပ်သည့် ကမ္ဘာ့ အားကစား ပွဲတော် အမျိုးသားအမျိုးသမီး ၅၈၀ ကီလို လွန်ဆွဲပြိုင်ပွဲများအတွင်း ဂျာမနီ အသင်းနှင့်အီတလီအသင်းတို့၏ ကြေးတံဆိပ် လုပွဲတွင် ဂျာမနီအသင်းယှဥ်ပြိုင်နေသည်ကို ၂၀၂၅ ခုနှစ် သြဂုတ် ၁၁ ရက် ကတွေ့ရစဥ် (ဆင်ဟွာ)

……………………..
(English Version)
Switzerland wins mixed 580kg tug of war at The World Games 2025
In the round-robin qualifying rounds, Switzerland, Belgium, Germany and Italy secured the top four spots to advance to the semifinals, where Switzerland defeated Italy and Belgium overcame Germany to set up a gold-medal showdown.
In the final, Switzerland maintained its excellent form, securing a 3-0 victory over Belgium. In the bronze medal match, Germany beat Italy 3-0.
“The opponents are very strong, and we are thrilled to win the championship,” said Elena Beier of Switzerland, who had also won a silver with her team in the women’s 500kg event.
Photo 1: Gold medalists team Switzerland celebrate during the victory ceremony for the Mixed Outdoor 580kg competition of Tug of War event at The World Games 2025 in Chengdu, southwest China’s Sichuan Province, Aug. 11, 2025. (Xinhua/Li Bo)
Photo 2 : A member of team Italy clears the mud of the shoe during the Mixed Outdoor 580kg Bronze Medal Match between Germany and Italy of Tug of War event at The World Games 2025 in Chengdu, southwest China’s Sichuan Province, Aug. 11, 2025. (Xinhua/Li Bo)
Photo 3 : Players of team Germany celebrate after winning the Mixed Outdoor 580kg Bronze Medal Match between Germany and Italy of Tug of War event at The World Games 2025 in Chengdu, southwest China’s Sichuan Province, Aug. 11, 2025. (Xinhua/Li Bo)
Photo 4 :Team Germany compete during the Mixed Outdoor 580kg Bronze Medal Match between Germany and Italy of Tug of War event at The World Games 2025 in Chengdu, southwest China’s Sichuan Province, Aug. 11, 2025. (Xinhua/Li Bo)