Connect with us

Australia / Oceania

ဆစ်ဒနီမြို့ အရှေ့မြောက်ပိုင်းတွင် အိမ်နီးချင်း နှစ်ဦးကို ဓားဖြင့်တိုက်ခိုက်သူ အမျိုးသား စွဲချက်တင်ခံရ

ဆစ်ဒနီ၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ)
ဆစ်ဒနီအ‌ရှေ့မြောက်ပိုင်းတွင် အိမ်နီးချင်းများနှင့်အငြင်းပွားမှုဖြစ်ရာမှ ဓားဖြင့်တိုက်ခိုက်ခဲ့သူတစ်ဦးကို စွဲချက်တင်ထားကြောင်းသိရသည်။
နယူးဆောက်ဝေးလ်ပြည်နယ် ဗဟိုကမ်းရိုးတန်း ဆစ်ဒနီအရှေ့မြောက်ပိုင်းမှ ၆၀ ကီလိုမီတာအကွာ Killarney Vale အရပ်ရှိ လမ်းတစ်ခုတွင် သြဂုတ် ၁၁ ရက် နေ့လယ် ၂း၀၀ နာရီ ခန့်က အရေးပေါ် ဝန်ဆောင်မှုအဖွဲ့ ကို ခေါ် ယူခဲ့ရပြီး အဆိုပါနေရာတွင် ဓားဒဏ်ရာ ရရှိထားသည့် အသက်၂၀ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၂၃ နှစ်နှင့် ၃၃ နှစ်အရွယ် အမျိုးသမီးနှစ်ဦးကို တွေ့ရှိခဲ့ရကြောင်းသိရသည်။
အသက်အန္တရာယ် စိုးရိမ်ရသည့်အသက် ၂၃ နှစ်အရွယ် အမျိုးသမီးကို လေယာဥ်ဖြင့် ဆေးရုံတင်ပို့ခဲ့ပြီး ဒဏ်ရာပြင်းထန်သည့် အသက် ၃၃ နှစ် အရွယ် အမျိုးသမီးကိုလည်း အထက်ပါဆေးရုံသို့ပင် အရေးပေါ် ဆေးဘက်ဝန်ထမ်းများက ပို့ဆောင်ပေးခဲ့ကြသည်။
အခြေအနေတည်ငြိမ်မှုရှိသည့် အမျိုးသားကိုမူ ဖမ်းဆီးကာ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆေးရုံမှဆင်းလျှင် ကိုယ်ခန္ဓာထိခိုက်နာကျင်စေမှု၊ ရိုက်နှက်မှု၊ တားမြစ်မူးယစ်ဆေးလက်ဝယ်တွေ့ရှိမှုတို့ဖြင့် ရဲစခန်းသို့ စွဲချက်တင် ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဓားဒဏ်ရာများသည် အိမ်နီးချင်းများနှင့်အငြင်းပွားပြီးနောက် တိုက်ခိုက်မှုတွင် ရရှိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ နယူးဆောက်ဝေးလ် ရဲတပ်ဖွဲ့ က ပြောကြားခဲ့သည်။
ယင်းဖြစ်ရပ်တွင် ပါဝင်သူသုံးဦးစလုံးသည် တစ်ဦးနှင့်တစ်ဦး သိကျွမ်းကြသူများဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
ဒေသစံတော်ချိန် သြဂုတ် ၁၁ ရက်တွင်မူ အမျိုးသမီးနှစ်ဦးလုံး တည်ငြိမ်သည့်အခြေအနေတွင်ရှိကြောင်း သိရသည်။
နယူးဆောက်ဝေးလ် ရဲတပ်ဖွဲ့ က ဖြစ်စဥ်နှင့်ပတ်သက်ပြီး ဆက်လက်စုံစမ်းလျက်ရှိကြောင်းသိရသည်။ (Xinhua)
…………………..
(English Version)
Man charged over alleged stabbing of 2 neighbors northeast of Sydney
SYDNEY, Aug. 12 (Xinhua) — A man has been charged over a stabbing attack during a dispute with neighbors northeast of Sydney.
Emergency services were called to a street in Killarney Vale, 60 km northeast of Sydney in the Central Coast region of the state of New South Wales (NSW), around 2 p.m. on Monday where they found two women, aged 23 and 33, and a 20-year-old man with stab wounds.
The 23-year-old woman was airlifted to the hospital in a critical condition, while the 33-year-old was taken to the same hospital by ambulance paramedics in a serious condition.
The man was placed under arrest and taken to the hospital in a stable condition. Upon being released from the hospital, he was taken to a local police station and charged with assault occasioning bodily harm, affray, and possessing a prohibited drug.
NSW Police said in a statement that the stab wounds were sustained during a fight following an alleged neighbor dispute.
All three people involved were known to each other, police said.
As of Tuesday, both women were in a stable condition.
NSW Police said that inquiries into the incident are ongoing.
People walk near Sydney Opera House in Sydney, Australia, Aug. 4, 2021. (Xinhua/Bai Xuefei)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.