Europe
ပူတင်နှင့် ထရမ့်တို့ အလက်စကာဆွေးနွေးပွဲပြီးနောက် အမေရိကန်နှင့် ဆက်ဆံရေးတိုးတက်ရန် ရုရှား မျှော်လင့်

မော်စကို၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ)
ရုရှားသမ္မတ ဗလာတီမီယာပူတင် နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့၏ လာမည့်တွေ့ဆုံဆွေးနွေးပွဲများမှ နှစ်နိုင်ငံ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရေး အကူအညီဖြစ်နိုင်ရန် မျှော်လင့်ကြောင်း ရုရှား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Sergei Ryabkov ကို ကိုးကား၍ ရုရှားနိုင်ငံထုတ် Izvestia နေ့စဥ် တွင် သြဂုတ် ၁၂ ရက်က သတင်းထုတ် ပြန်ခဲ့သည်။
အလက်စကာ ထိပ်သီးအစည်းအဝေးသည် နှစ်နိုင်ငံကြား တိုက်ရိုက်ခရီးသည်တင်လေယာဥ်ခရီးစဥ်များ ပြန်လည်စတင်ခြင်း အပါအဝင် တိကျသောကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်သဘောတူညီချက်များ ချမှတ်နိုင်ရန် အထောက်အကူဖြစ်စေနိုင်ကြောင်း Ryabkov က ပြောကြားခဲ့သည်။
“ကျွန်တော်တို့ ရှေ့လာမယ့် အဆင့်မြင့်ဆွေးနွေးပွဲများမှ လေကြောင်းဆက်သွယ်မှုများ ပြန်လည်တည်ဆောက်မှု ကဲ့သို့ ကိစ္စရပ်များကို ရှေ့သို့တက်လှမ်းနိုင်ပြီး နှစ်နိုင်ငံဆက်ဆံရေး ပုံမှန် ပြန်ဖြစ်ရန် လှုံဆော် အားပေးမှု တစ်ခု ပေးစွမ်းနိုင်ရန် မျှော်လင့်ကြောင်း ” Ryabkov က ပြောကြားခဲ့သည်။
ရုရှားသမ္မတ ဗလာတီမီယာပူတင်နှင့် လာမည့် သြဂုတ် ၁၅ ရက် ဆွေးနွေးပွဲသည် သဘောတူညီမှုများဆိုင်ရာ အကြိုသဘောအစည်းအဝေးတစ်ခုဖြစ်ကြောင်း ထရမ့်က သြဂုတ် ၁၁ ရက်၌ ပြောကြားခဲ့သည်။ ရုရှားသမ္မတ လက်ထောက် Yuri Ushakov ကလည်း အစည်းအဝေးကျင်းပရာနေရာ ရွေးချယ်မှု ဆီလျော်မှန်ကန်ကြောင်းနှင့် အဆိုပါဒေသသည် နှစ်နိုင်ငံလုံးအတွက် စီးပွားရေးအကျိုးစီးပွားများ ဆုံရာနေရာဖြစ်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)
………………..
(English Version)
Russia hopes for improving ties with U.S. after Putin-Trump Alaska summit
MOSCOW, Aug. 12 (Xinhua) — Russia hopes that the upcoming meeting between Russian President Vladimir Putin and U.S. President Donald Trump could help normalize bilateral relations, the Russian daily Izvestia reported Tuesday, citing Russian Deputy Foreign Minister Sergei Ryabkov.
Ryabkov said that the Alaska summit could also help advance the resolution of specific issues, including the resumption of direct passenger flights between the two countries.
“We hope that the forthcoming high-level meeting will give an impulse to the normalization of bilateral relations, which will allow us to move forward on such issues as restoring air links,” Ryabkov said.
Trump said Monday that his upcoming meeting with Russian President Vladimir Putin on Friday would be a “feel-out meeting.” Russian presidential aide Yuri Ushakov called the choice of venue “logical,” noting that the region is where the economic interests of both countries intersect.
Photo : Russian President Vladimir Putin (L) holds talks with U.S. President Donald Trump’s special envoy Steve Witkoff at the Kremlin in Moscow, Russia, Aug. 6, 2025. (Kremlin Press Office/Handout via Xinhua)