Connect with us

Europe

ပါလက်စတိုင်း၏ အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်မှုအရေးအတွက် ဥရောပအင်အားကြီး နိုင်ငံများ၏ တောင်းဆိုမှု မြင့်တက်လာခြင်းက ဥရောပနှင့် အမေရိကန်ကြား သဘောထားကွဲလွဲမှုကို လှစ်ဟပြနေ

အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့၌ ဆန္ဒပြပွဲတစ်ခုတွင် ပါဝင်နေသူများအား ၂၀၂၅ ခုနှစ် မေ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ)
ဂါဇာဒေသ၌ အရပ်သားများ၏ အတိဒုက္ခနှင့် လူသားချင်းစာနာမှု အကျပ်အတည်းများ ပိုမိုကြီးထွားလာခြင်းက ဥရောပ အင်အားကြီးနိုင်ငံများအဖို့ ပါလက်စတိုင်းနိုင်ငံအား တရားဝင် အသိအမှတ်ပြုရေးဆီသို့ တွန်းပို့လျက်ရှိကာ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အနာဂတ်နှင့် စပ်လျဉ်း၍ ဥရောပနှင့် အမေရိကန်နိုင်ငံကြား သဘောထားကွဲလွဲမှု ပိုမိုနက်ရှိုင်းလာသည်ကို လှစ်ဟပြနေခြင်းလည်းဖြစ်သည်။
ပြင်သစ်နိုင်ငံက ဦးဆောင်လျက်ရှိကာ ဗြိတိန်နှင့် ဂျာမနီနိုင်ငံတို့ကလည်း အစ္စရေးအပေါ်  တိုးမြှင့်ဖိအားပေးလျက်ရှိသည်။
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ပြင်သစ်နိုင်ငံအနေဖြင့် စက်တင်ဘာလအတွင်း ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ပါလက်စတိုင်းနိုင်ငံအား တရားဝင် အသိအမှတ်ပြုမည်ဟု ဇူလိုင် ၂၄ ရက်က ကြေညာခဲ့ရာ ယင်းသို့ကြေညာခဲ့သည့် ပထမဆုံး G7 အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။
ပြင်သစ်နိုင်ငံ၏ ဆုံးဖြတ်ချက်မှာ ဥရောပအနေဖြင့် အဆိုပါ အရေးကိစ္စနှင့် ပတ်သက်၍ မူလရပ်တည်ချက်များမှ ပြောင်းလဲလာသည့် လက္ခဏာပင်ဖြစ်သည်။ ယခုကဲ့သို့ အလှည့်အပြောင်း ဖြစ်စေခဲ့သည့် အကြောင်းရင်းမှာ အစ္စရေးက ဂါဇာဒေသအား အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် လူသားချင်းစာနာမှု အကူအညီများကို ရည်ရွယ်ချက်ရှိရှိ တားဆီးပိတ်ပင်မှုကြောင့် အငတ်ဘေးနှင့် အရပ်သားများ၏ အတိဒုက္ခများ ပိုမိုဆိုးရွားလာခြင်းတို့ကြောင့် ဖြစ်သည်ဟု Le Monde သတင်းစာက ဆိုသည်။
အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ အောင်မြင်မှုမရရှိခြင်း၊ အမေရိကန်က အကန့်အသတ်ဖြင့်သာ သံတမန်ရေးအရ ပါဝင်ပတ်သက်ခြင်း၊ အနောက်ဘက်ကမ်းဒေသ တစ်စိတ်တစ်ပိုင်းအား တိုက်ခိုက်သိမ်းယူရန် အစ္စရေးလွှတ်တော်၌ မကြာမီက မဲခွဲဆုံးဖြတ်ခဲ့ခြင်းတို့က ပြင်သစ်နှင့် ဗြိတိန်အစိုးရတို့၏ သဘောထားများကို ပိုမိုခိုင်မာသွားစေခဲ့ပြီး နိုင်ငံတကာက ကြားဝင်စေ့စပ်ပေးရန် ကာလကြာရှည် ကြိုးပမ်းမှုများမှာလည်း ပျက်ပြယ်ခဲ့ရသည်။
ပြင်သစ် နိုင်ငံတကာနှင့် မဟာဗျူဟာရေးရာ အင်စတီကျုမှ သုတေသီတစ်ဦးဖြစ်သူ အဒဲလ် ဘာကာဝမ်က ယင်းဒေသ၌ အမေရိကန်၏ ဩဇာလွှမ်းမိုးမှု ဆက်တိုက်ကျဆင်းလာစဉ် ပြင်သစ်အနေဖြင့် ပေါ်ပေါက်လာသည့် နိုင်ငံရေး အခွင့်အလမ်းတစ်ခုကို အမိအရ အသုံးချနေခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ “ပြင်သစ်အနေနဲ့ တခြားရွေးချယ်စရာ စိတ်ကူးစိတ်သန်းတစ်ခုကို ပေးလိုက်တာပါ” ဟု ၎င်းက ဆိုသည်။
ယင်းလုပ်ရပ်မှာ ညှိနှိုင်းလိုစိတ်နည်းပါးသော အစ္စရေး၊ ဟားမက်စ်နှင့် အမေရိကန်တို့ကသာ ကာလရှည် စိုးမိုးခြယ်လှယ်ထားသည့် ငြိမ်းချမ်းရေးဖြစ်စဉ်အား အရှိန်အဟုန် ဖြည့်တင်းပေးရန် ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်းလုပ်ဆောင်မှု ဖြစ်သည်ဟု လေ့လာဆန်းစစ်သူများက ရှုမြင်လျက်ရှိသည်။
လန်ဒန်၌ ဗြိတိန်အစိုးရကလည်း ဇူလိုင် ၂၉ ရက်၌ အစ္စရေးအပေါ်  တိုးမြှင့်ဖိအားပေးခဲ့ပြီး ဂါဇာဒေသ၏ လူသားချင်းစာနာမှု အကျပ်အတည်း ပြေလျော့စေရေးအတွက် ချက်ချင်းလက်ငင်း လေးလေးနက်နက် တုံ့ပြန်ဆောင်ရွက်ရန် ဒေါင်းနင်းလမ်းက ကြေညာချက်ထုတ်ပြန်၍ တိုက်တွန်းခဲ့သည်။
အစ္စရေးအနေဖြင့် အပစ်အခတ်ရပ်စဲမှုအား ဖော်ဆောင်ခြင်း၊ ဂါဇာဒေသအား ဝန်းရံပိတ်ဆို့ထားမှုကို ရုပ်သိမ်းခြင်း၊ ကုလသမဂ္ဂ ဦးဆောင်၍ လူသားချင်းစာနာမှု အကူအညီများ ပြန်လည်ပေးဝေမှုကို ခွင့်ပြုခြင်း၊ အနောက်ဘက်ကမ်းဒေသအား သိမ်းပိုက်မည့် အစီအစဉ်များကို ရပ်တန့်ခြင်းနှင့် နှစ်နိုင်ငံ ဖြေရှင်းမှုနည်းလမ်းအတွက် ပြန်လည်ကတိကဝတ်ပြုခြင်း အပါအဝင် ဂါဇာဒေသ၏ အကျပ်အတည်းအား အဆုံးသတ်စေမည့် ထိရောက်သော အစီအမံများကို လုပ်ဆောင်ခြင်းမရှိပါက ဗြိတိန်အနေဖြင့်လည်း ပါလက်စတိုင်းနိုင်ငံအား စက်တင်ဘာလ၌ အသိအမှတ်ပြုမည်ဟု ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတားမာက သတိပေးခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/5CH

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ဝက်စ်မင်စတာတံတားပေါ်တွင် သွားလာနေသူများအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………
(English Version)
European powers’ rising call for Palestine’s statehood exposes transatlantic divide
LONDON, July 31 (Xinhua) — Mounting civilian suffering and humanitarian crises in Gaza are pushing European powers toward formal recognition of the State of Palestine, exposing a widening rift between Europe and the United States over the future of the Middle East peace process.
France is taking the lead, with Britain and Germany increasing pressure on Israel to act.
On July 24, French President Emmanuel Macron announced that his country would officially recognize Palestine during the United Nations General Assembly in September, making it the first G7 country to do so.
France’s decision marks a shift from previous European positions on the issue. According to Le Monde, the tipping point was Israel’s continued bombardment of Gaza and its deliberate obstruction of humanitarian aid, which has fueled famine and civilian suffering.
The failure of ceasefire negotiations, limited U.S. diplomatic engagement, and the Israeli Knesset’s recent symbolic vote to annex parts of the West Bank have reinforced perceptions in Paris and London that long-standing international mediation efforts have broken down.
Adel Bakawan, a researcher at the French Institute for International and Strategic Affairs, said France was seizing a “window of political opportunity” as U.S. influence in the region continues to decline. “France is offering an alternative vision,” he said.
Analysts view the move as a calculated effort to inject momentum into a peace process long dominated by Israel, Hamas, and the United States, all of whom, they say, have shown little appetite for compromise.
In London, the British government stepped up pressure on Israel on Tuesday, as Downing Street issued a statement urging “immediate and meaningful” action to ease the humanitarian disaster in Gaza.
British Prime Minister Keir Starmer warned that unless Israel takes “substantive steps” to end the crisis in Gaza, including implementing a ceasefire, lifting the blockade, allowing the resumption of UN-led humanitarian aid, halting annexation plans in the West Bank, and recommitting to the two-state solution, Britain too will recognize Palestine in September.
English Caption 1
People attend a demonstration in Tel Aviv, Israel, May 28, 2025. (Photo by Jamal Awad/Xinhua)
English Caption 2
People walk on the Westminster Bridge in London, Britain, on Dec. 8, 2024. (Xinhua/Li Ying)