International Organizations
ဘာစီလိုနာနှင့်လာလီဂါပွဲအတွက် ပရိသတ်များ အမေရိကသို့ လိုက်ပါအားပေးလျှင် အခမဲ့စီစဉ်ပေးမည်ဟု ဗီလာရီးရဲလ်အသင်းဥက္ကဋ္ဌ ကမ်းလှမ်း

မက်ဒရစ်၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)
စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) က ဒီဇင်ဘာ ၂၀ ရက်တွင် ကစားမည့် ဘာစီလိုနာနှင့် ဗီလာရီးရဲလ်အသင်းတို့၏ လာလီဂါပွဲစဉ်ကို အမေရိကန်နိုင်ငံ မီယာမီတွင် ကျင်းပရန် ဆုံးဖြတ်ပေးခဲ့ပြီးနောက် ဗီလာရီးရဲလ်အသင်းဥက္ကဋ္ဌ ဖာနန်ဒိုရို့ဂ်က အသင်းပရိသတ်များအတွက် ဩဂုတ် ၁၂ ရက်၌ ထိုသို့ကတိပြုပြောကြားခဲ့သည်။
လာလီဂါပွဲစဉ်တစ်ခုကို အမေရိကန်တွင်ကျင်းပရန်ဆုံးဖြတ်ခဲ့ခြင်းအား ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) နှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) တို့မှ အသိအမှတ်ပြုလက်ခံရန် လိုအပ်နေသေးကာ စပိန် ဘောလုံးသမားများသမဂ္ဂ (AFE) နှင့် ပရိသတ်များအဖွဲ့ (FASFE) တို့မှလည်း မကျေမနပ်ဖြစ်ပြီး ဝေဖန် ဖိအားပေးမှုများပြုလုပ်နေကြသည်။
စပိန်နိုင်ငံ၏အရှေ့ပိုင်းတွင် ကစားရမည့်ပွဲကို အမေရိကန်ပြည်ထောင်စုတောင်ပိုင်းသို့ ပြောင်းရွှေ့ကစားပေးရမှုအတွက် ငြင်းခုံ ကန့်ကွက်မှုများပြုလုပ်နေခြင်းဖြစ်သလို ခရီးသွားရမည့် အချိန်အတိုင်းအတာနှင့် လာလီဂါပွဲစဉ်၏ ပျက်စီးမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ဝေဖန်မှုများ ရှိနေသည်။
ဗီလာရီးရဲလ်ပရိသတ်များ၏ယူဆချက်အရလည်း ဘာစီလိုနာအနေဖြင့် ဗီလာရီးရဲလ်ကွင်းတွင် လာရောက်ကစားရမည့် ခက်ခဲသည့်အဝေးကွင်းပွဲအား ၄င်းတို့၏ ပရိသတ်အခိုင်အမာရှိနေသည့် အမေရိကတွင် ဗီလာရီးရဲလ်က သွားရောက်ကစားရမည့်အဖြစ်မျိုးသာ ရောက်သွားစေမည်ဖြစ်ကြောင်း မကျေမနပ်ဝေဖန်မှုများရှိနေသည်။
အဆိုပါ အခြေအနေများကြောင့် ပရိသတ်များ ပျော်ရွှင်ကျေနပ်နိုင်စေရန်ကြိုးစားမှုအဖြစ် ဗီလာရီးရဲလ်ဥက္ကဋ္ဌ ရို့ဂ်က “မီယာမီကို လိုက်ပါအားပေးချင်တဲ့ ပရိသတ်တိုင်း ဒီပွဲမှာ လေယာဉ် လက်မှတ်ခနဲ့ ပွဲကြည့်လက်မှတ်ခ အခမဲ့ဖြစ်စေရပါမယ်။ လက်မှတ်အရေအတွက်ကိုလည်း ကန့်သတ်မှာမဟုတ်ပါဘူး” ဟု ကတိပေးပြောကြားခဲ့ခြင်း ဖြစ်သည်။
အသွားအပြန်အကွာအဝေး ကီလိုမီတာ ၁၅,၀၀၀ နီးပါးရှိသော အဆိုပါခရီးစဉ်ကို လိုက်ပါနိုင်ခြင်းမရှိသည့် တစ်ရာသီစာလက်မှတ်ဝယ်ယူကိုင်ဆောင်ထားသော ပရိသတ်များကိုလည်း လက်မှတ်တန်ကြေး၏ ၂၀ ရာခိုင်နှုန်းအား ပြန်အမ်းပေးသွားမည်ဖြစ်ကာ အဆိုပါ မီယာမီပွဲမှ ရရှိသည့်ငွေကြေးများကိုလည်း အသင်းပရိသတ်များအတွက် အကျိုးရှိမည့်စီမံကိန်းများတွင်သာ အသုံးပြုသွားမည်ဟု ရို့ဂ်က ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)
……………………
(English Version)
Villarreal president offers to fly fans to US for free for Barca La Liga game
MADRID, Aug. 12 (Xinhua) — Villarreal president Fernando Roig on Tuesday made a promise to the club’s supporters after the decision taken by the Spanish Football Federation (RFEF) to allow the La Liga game between his side and FC Barcelona, scheduled for December 20 to be played in Miami, the United States.
The decision to take a La Liga game from Spain to the U.S. needs approval by UEFA and FIFA and has been criticized by the Spanish players’ union (AFE) and the fans’ pressure group the Federacion de Accionistas y Socios del Futbol Espanol (FASFE).
Their arguments against swapping the east of Spain for the southern United States, include the journey time and also the fact that it could adulterate La Liga, with Barcelona swapping a difficult away game for a match certain to be played in front of a crowd made up primarily of Barcelona fans.
In an attempt to keep his club’s fans happy, Riog made the promise, saying “every supporter who wants to go to Miami to see the game will be able to do so, with the flight and ticket free of charge and without a limit on ticket requests,” he said.
Riog added that supporters who don’t want to make the almost 15,000 kilometer round trip would have 20 percent of the cost of their season tickets returned by the club and that any money Villarreal earns from the game will be invested in projects for supporters.
Photo:
Lamine Yamal (L) of FC Barcelona vies with Fran Garcia of Real Madrid during the Laliga football match between FC Barcelona and Real Madrid in Lluis Companys Olympic Stadium, Barcelona, Spain, on May 11, 2025. (Photo by Joan Gosa/Xinhua)