Connect with us

Asia

ပထမ ၇ လတာအတွင်း ရော်ဘာစေးတင်ပို့မှုမှ ကမ္ဘောဒီးယား အမေရိကန်ဒေါ်လာ ၂၆၆ သန်း ရရှိ

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်းရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ၊ မြို့တော် နန်နင်းတွင် ပြုလုပ်ခဲ့သည့် ၁၈ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ၌ နန်နင်းအခြေစိုက် တရုတ်-ကမ္ဘောဒီးယား ရာဘာထုတ်လုပ်ရေးလုပ်ငန်းမှ ပြသထားသည့် အလိုအလျောက် ရာဘာစေးခြစ်ထုတ် စက်အား လာရောက်လေ့လာသူများက ကြည့်ရူ့နေကြပုံကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဖနွမ်းပင်၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ ၇ လအတွင်း ရော်ဘာစေးတင်ပို့မှုမှ ဝင်ငွေ အမေရိကန် ဒေါ်လာ ၂၆၆ သန်း ရရှိခဲ့ကြောင်း၊ ယခင်နှစ်ကာလတူထက် ၁ ရာခိုင်နှုန်း ကျဆင်း သွားခဲ့ကြောင်း ဩဂုတ် ၁၂ ရက်က တရားဝင်ထုတ်ပြန်မှုအရ သိရသည်။
ကမ္ဘောဒီးယား ရော်ဘာဌာနညွှန်ကြားရေးမှူးချုပ်ရုံးမှထုတ်ပြန်မှုအရ ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်လအတွင်း ရော်ဘာတင်ပို့ မှုသည် ၁၄၇,၀၇၁ တန်ရှိခဲ့ပြီး ယမန်နှစ် ပထမ ၇ လက ၁၇၃,၉၁၅ တန် တင်ပို့မှုထက် ၁၅.၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု သိရသည်။
သို့ရာတွင် ပြည်တွင်းရော်ဘာစေးအသုံးပြုမှုမှာမူ ထူးခြားစွာ မြင့်တက်လာပြီး ယခုနှစ် ပထမ ၇ လ အတွင်းမှာပင် ၇၆ ရာခိုင်နှုန်း (တန်အားဖြင့် ၆၄,၉၇၈ တန်) ပိုများလာခြင်းကြောင့် ပြည်တွင်း ရောင်းအားမှ စုစုပေါင်းဝင်ငွေမှာ ၁၁၈.၈ သန်း ရှိခဲ့ကြောင်းလည်း သိရသည်။
၂၀၂၅ ခုနှစ် ပထမ ၇ လအတွင်း ရော်ဘာစေး တစ်တန်ပျမ်းမျှ တန်ဖိုးသည် ၁,၈၁၂ ဒေါ်လာရှိပြီး ၂၀၂၄ ခုနှစ် ပထမ ၇ လက ပျမ်းမျှ စျေးနှုန်းထက် ၂၆၅ ဒေါ်လာ ပိုရခဲ့ကြောင်းလည်း ရော်ဘာ ညွှန်ကြားရေးမှူးချုပ်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ခွန်ကာကာဒါက ထည့်သွင်းထုတ်ပြန်ခဲ့သည်။
အရှေ့တောင်အာရှနိုင်ငံဖြစ်သော ကမ္ဘောဒီးယားသည် ရော်ဘာကို အဓိကအားဖြင့် မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူနှင့် တရုတ် နိုင်ငံများသို့ တင်ပို့ခြင်းဖြစ်သည်။
ကမ္ဘောဒီးယားသည် လက်ရှိ ရော်ဘာစိုက်ဧရိယာ ၄၂၅,၄၄၃ ဟက်တာရှိနေသေးပြီး ၎င်းတို့ထဲမှ ၃၃၀,၂၅၉ ဟက်တာ သို့မဟုတ် ၇၇.၆ ရာခိုင်နှုန်းမှာ ရော်ဘာစေး ခြစ်ထုတ်ယူရန် အသင့်ဖြစ်နေကြောင်းလည်း အဆိုပါ အစီရင်ခံစာအရ သိရသည်။ (Xinhua)
(English Version)
……………………..
(English Version)
Cambodia makes 266 mln USD from rubber latex exports in first 7 months
PHNOM PENH, Aug. 12 (Xinhua) — Cambodia earned 266 million U.S. dollars in revenue from exports of natural rubber latex in the first seven months of 2025, down 1 percent year-on-year, said an official report on Tuesday.
The report, released by the General Directorate of Rubber, showed that the kingdom exported 147,071 tons of the commodity during the January-July period this year, down 15.4 percent from 173,915 tons over the same period last year.
However, the domestic consumption of rubber latex saw a significant increase of 76 percent to 64,978 tons in the first seven months of this year, making a gross revenue from local sales of 118.8 million dollars, the report said.
“A ton of rubber latex averagely cost 1,812 U.S. dollars during the first seven months of 2025, about 265 dollars higher than that of the same period in 2024,” Khun Kakada, deputy director general of the General Directorate of Rubber, said in the report.
The Southeast Asian nation exports the commodity mainly to Malaysia, Vietnam, Singapore and China.
Cambodia has so far planted rubber trees on a total area of 425,443 hectares, in which the trees on 330,259 hectares, or 77.6 percent, are old enough to be tapped, the report said.
Photo:
Visitors view an automatic rubber tapping machine at the 18th China-ASEAN Expo in Nanning, capital of south China’s Guangxi Zhuang Autonomous Region, Sept. 11, 2021. (Xinhua/Zhou Hua)