Asia
ဘရူနိုင်းတွင် ဆိုလာလျှပ်စစ်ဓာတ်အားပေးစက်ရုံသစ် အုတ်မြစ်ချပွဲ ကျင်းပ

ဘန်ဒါဆရီဘီဂါဝမ်၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)
ဘရူနိုင်းနိုင်ငံ မြို့တော်ဘန်ဒါဆရီဘီဂါဝမ်အနီးရှိ ကမ်ဖွန်းဘီလင်ဘင်းရွာတွင် မဂ္ဂါဝပ် ၃၀ ထုတ်လုပ်မည့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာလျှပ်စစ်ဓာတ်အားပေးစက်ရုံသစ် အုတ်မြစ်ချပွဲအခမ်းအနားကို ဩဂုတ် ၁၁ ရက်က ကျင်းပပြုလုပ်ခဲ့သည်။
ဒေသတွင်း နေ့စဉ်သတင်းစာ Borneo Bulletin က နိုင်ငံ၏ သန့်စင်သော စွမ်းအင်စီမံကိန်းတွင် အဆိုပါ စက်ရုံဖွင့်လှစ်မှုက အဓိကကျသော မှတ်တိုင်တစ်ခုဖြစ်သည်ဟု ရေးသားဖော်ပြခဲ့သည်။
စက်ရုံလည်ပတ်မှုကို ၂၀၂၆ နှစ်အကုန်တွင် စတင်မည်ဖြစ်ပြီး အဆိုပါဆိုလာစက်ရုံမှ နှစ်စဉ် ၆၄၀၀၀ မဂ္ဂါဝပ်နာရီ ၆၄,၀၀၀ ကျော် ထုတ်လုပ်ပေးနိုင်မည်ဖြစ်ရာ အိမ်ထောင်စု ၁၅,၅၀၀ ကို လျှပ်စစ်မီး ပေးနိုင်မည်ဟု Borneo Bulletin က ဖော်ပြသည်။
သန့်စင်သော စွမ်းအင်ထုတ်လုပ်မှုတစ်ခုဖြစ်ခြင်းကြောင့် အဆိုပါ ဆိုလာစက်ရုံကို မြို့တော်အနီး ပြန်လည်ပြုပြင်ထားသော အမှိုက်ပုံနေရာဟောင်း ၃၂.၂၉ ဟက်တာအကျယ်အဝန်းပေါ်တွင် ဗျူဟာကျကျ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
စက်ရုံမှ စွမ်းအင်ထုတ်လုပ်ပေးနိုင်မှုအပြင် အဆိုပါစီမံကိန်းမှ နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုဒ် ၄၁,၀၀၀ တန် လျှော့ချပေးသွားနိုင်မည်ဖြစ်ရာ အဆိုပါပမာဏသည် သစ်ပင်ပေါင်း ၁.၈၇ သန်း စိုက်ပျိုးခြင်းနှင့် တူညီသည့် အကျိုးကျေးဇူးကို ရရှိစေမည်ဖြစ်သည်။
ဘရူနိုင်းနိုင်ငံသည် ဘော်နီယိုကျွန်း၏ မြောက်ဘက်ပိုင်းအစိတ်အပိုင်းတစ်ခုပေါ်တွင် တည်ရှိသော အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်သည်။ အပူပိုင်းဇုန်အတွင်း တည်ရှိသည့် စော်ဘွားနိုင်ငံဖြစ်သည့် ဘရူနိုင်းနိုင်ငံသည် နေရောင်ခြည်ရရှိမှုအားကောင်းသလို သဘာ၀စွမ်းအင်သယံဇာတများလည်း အလွန်ပေါကြွယ်၀သော နိုင်ငံဖြစ်သည်။ (Xinhua)
…………………….
(English Version)
Brunei breaks ground on new solar power plant
BANDAR SERI BEGAWAN, Aug. 12 (Xinhua) — The groundbreaking ceremony for a flagship 30-megawatt (MW) solar photovoltaic power plant has been held in Kampong Belimbing, a village near Brunei’s capital, Bandar Seri Begawan.
The ceremony held on Monday marked a major milestone in the country’s clean energy journey, according to the local daily Borneo Bulletin.
Scheduled for operation by the end of 2026, it will produce over 64,000 megawatt-hours annually, powering more than 15,500 homes, reported Borneo Bulletin.
Strategically situated on a 32.29-hectare remediated landfill site near the capital, the solar plant transforms previously unused land into a productive clean energy asset.
Beyond power generation, the project will offset an estimated 41,000 tons of carbon dioxide annually, equivalent to planting 1.87 million trees.
Brunei is a Southeast Asian country in the northern part of Borneo Island. Located in the tropical zone, the Sultanate enjoys rich natural energy resources, including abundant solar irradiation.
Photo
A National Day parade is staged to celebrate the 41st anniversary of Brunei’s independence in Bandar Seri Begawan, Brunei, Feb. 23, 2025. (Photo by Wong Chee Peng/ Xinhua)