Connect with us

Australia / Oceania

ဝေလငါးနှင့် လင်းပိုင် မကြာခဏအတူကစားလေ့ရှိဟု ဩစတြေးလျ လေ့လာမှုတွင် တွေ့ရှိ

ဩစတြေးလျနိုင်ငံ Western Australia ပြည်နယ် Ningaloo ကျောက်တန်းတွင် killer whale ဝေလငါးတစ်ကောင်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆစ်ဒနီ၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)
ဘေလိန်းဝေလငါးများ (baleen whales) နှင့် လင်းပိုင်များအကြား ကစားချိန်များသည် မကြာခဏ အပြန်အလှန် လှုပ်ရှားမှုတစ်ခုဖြစ်ကာ တွေ့ဆုံချိန်အများစုသည် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးပါဝင်သည့် တွေ့ဆုံမှုများလည်း ဖြစ်ကြောင်း ဩစတြေးလျ သုတေသီများက ရှာဖွေတွေ့ရှိခဲ့ကြသည်။
သုတေသီများက မျိုးစိတ် ၁၉ ခုနှင့်အကျုံးဝင်သည့် ကမ္ဘာ့နေရာ ၁၇ နေရာမှ အများပြည်သူများ၊ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများ၊ သိပ္ပံပညာရှင်များ ရိုက်ကူးခဲ့သည့် ဓာတ်ပုံများ သို့မဟုတ် ဗီဒီယိုများပါဝင်သည့် မှတ်တမ်း ၁၉၉ ခု ကို လေ့လာဆန်းစစ်ခဲ့ကြ‌ကြောင်း ဩစတြေးလျ Griffith တက္ကသိုလ်၏ သြဂုတ် ၁၂ ရက် ထုတ်ပြန်ချက်အရ သိရသည်။
Humpback ဝေလငါးများ (ဘေလိန်း ဝေလငါးမျိုးစိတ်) သည် လင်းပိုင်များကို သုံးပုံတစ်ပုံ ကောင်းမွန်စွာတုံ့ပြန်ကြ‌ပြီး အဆိုပါ ကစားချိန်များ၏ လေးပုံတစ်ပုံကို အပြန်အလှန်တုံ့ပြန်မှုတစ်ခုအဖြစ် သတ်မှတ်နိုင်ကြောင်း တက္ကသိုလ်၏ ဝေလငါးများနှင့် ရာသီဥတုအစီအစဥ်ကို ဦးဆောင်သူ Olaf Meynecke က ပြောကြားခဲ့သည်။
“Humpback ဝေလငါးတွေက ဘေးချင်းကပ် ကူးခတ်တာ၊ ဝမ်းဗိုက်လှန် ကူးခတ်တာနဲ့ အခြားသော အပြု အမူများက မိတ်ဖက်ကို ရင်းရင်းနှီးနှီးဆက်ဆံခြင်းတွေနဲ့ ဆက်နွှယ်တယ်” ဟု Discover Animals အွန်လိုင်း ဂျာနယ်တွင် ဖော်ပြခဲ့သည့် လေ့လာဆန်းစစ်ချက်များကို ဦးဆောင်သူ Meynecke က ပြောကြားခဲ့သည်။
Humpback ဝေလငါးများတွင် တပ်ဆင်ထားသည့် ရေအောက်ကင်မရာမှရိုက်ကူးထားသည့် ဗီဒီယိုထဲ၌ ပုလင်းပုံစံနှာခေါင်းရှိသည့် လင်းပိုင်များသည် ဆက်ဆံရေးတည်ဆောက်သည့်ပုံပေါ်လွင်ရန် ‌ရေမျက်နှာပြင်တွင် သာမက သမုဒ္ဒရာကြမ်းပြင်အထိပါ Humpback ဝေလငါး နောက်သို့လိုက်နေသည်ကို ပြသခဲ့သည်။
ယခုရှာဖွေတွေ့ရှိမှုများသည် ပင်လယ် နို့တိုက်သတ္တဝါများ၏ ရှုပ်ထွေးသည့် ဆက်ဆံရေးပုံသဏ္ဌာန်များနှင့် ပင်လယ်ပြင်‌ဂေဟစနစ်များအတွင်း မတူညီသည့်မျိုးကွဲများအကြားအပြန်အလှန် တုံ့ပြန်မှုများကို မီးမောင်းထိုး ပြသလျက်ရှိကြောင်း သိရသည်။ (Xinhua)
……………………..
(English Version)
Australian study shows whales, dolphins often play together
SYDNEY, Aug. 13 (Xinhua) — Australian researchers have found that playtime between baleen whales and dolphins is often a mutual activity, with many encounters involving “cooperative and reciprocal” social play.
Researchers analyzed 199 documented encounters involving 19 species, captured on videos or in photographs by the public, tourism operators and scientists across 17 locations worldwide, according to a statement released Tuesday by Australia’s Griffith University.
The university’s Whales & Climate Program lead, Olaf Meynecke, said a quarter of these interactions can be defined as a mutual interaction, with humpback whales (classified as baleen whales) responding positively toward dolphins in about one-third of cases.
“The humpback whales were rolling from side to side, undertaking belly presentation and other behaviors that are associated with courtship or friendly socializing,” said Meynecke, the lead author of the study published in online journal Discover Animals.
Footage from underwater camera tags on humpback whales even showed bottlenose dolphins following humpbacks not only on the surface but also to the ocean floor for apparent social play.
The findings highlight marine mammals’ complex social structures, and interspecies interactions in ocean ecosystems.
Photo : A killer whale is pictured in Ningaloo Reef, Western Australia, July 8, 2025. (Photo by John Totterdell/Xinhua)