Connect with us

International Organizations

ပီအက်စ်ဂျီက စပါးစ်အား ပင်နယ်တီအဆုံးအဖြတ်တွင် အနိုင်ရရှိခဲ့ပြီး ယူအီးအက်ဖ်အေ စူပါဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူး

အီတလီနိုင်ငံ အူဒီနဲမြို့တွင် ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းနှင့် အင်္ဂလန်ကလပ် တော့တင်ဟမ် ဟော့စပါးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၅ ခုနှစ် ယူအီးအက်ဖ်အေ စူပါဖလားပြိုင်ပွဲအပြီးတွင် ပြုလုပ်သည့် ဆုပေးပွဲအခမ်းအနား၌ ပီအက်စ်ဂျီအသင်းသားများ အောင်ပွဲခံနေပုံကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အူဒီနဲ၊ အီတလီ၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)
အီတလီနိုင်ငံ အူဒီနဲမြို့ရှိ စတာဒီယို ဖရီအူလီ အားကစားကွင်း၌ ဩဂုတ် ၁၃ ရက် ညပိုင်းက ပီအက်စ်ဂျီအသင်းနှင့် တော့တင်ဟမ် ဟော့စပါးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ စူပါဖလားပြိုင်ပွဲတွင် ပုံမှန်ပွဲကစားချိန်အတွင်း တစ်ဖက်နှစ်ဂိုးစီ သရေကျနေသည့်အတွက် ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းခဲ့ရာ ပီအက်စ်ဂျီက ၆-၅ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ အဆိုပါပွဲစဉ်၌ ပီအက်စ်ဂျီက နှစ်ဂိုးအသွင်းခံထားရသော်လည်း နောက်မှလိုက်ကစားကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ယခုအောင်ပွဲကြောင့် လီဂူးဝမ်းကလပ် ပီအက်စ်ဂျီမှာ ဥရောပစူပါဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက်တွင် ဆုဖလားကိုင်မြှောက်ခွင့်ရခဲ့သည့် ပထမဆုံး ပြင်သစ်ကလပ် ဖြစ်လာခဲ့သည်။
ပွဲချိန်အစောပိုင်းတွင် နှစ်သင်းစလုံးက ဂိုးသွင်းခွင့်များ ဖန်တီးနိုင်ခဲ့သော်လည်း ပွဲကစားချိန် ၃၉ မိနစ်တွင် စပါးစ်အသင်းက ဦးဆောင်ဂိုးရရှိသွားခဲ့သည်။ ပီအက်စ်ဂျီ ဂိုးဧရိယာထဲသို့ အလွတ်တည်ကန်ဘော ကန်တင်ရာတွင် ရှုပ်ယှက်ခတ်နေသည့်ကြားမှ ဂျာအို ပယ်လင်ညာက အနီးကပ်ပိတ်သွင်းခဲ့ရာ ပီအက်စ်ဂျီဂိုးသမားသစ် လူးကက်စ် ချီဗယ်လီယာ ကာကွယ်ရာမှ ဂိုးဘားတန်းထိ၍ ပြန်ထွက်လာစဉ် မစ်ကီ ဗန်ဒီဗန်က ထပ်ဆင့်ပိတ်သွင်းခဲ့သဖြင့် စပါးစ်အသင်း ၁-၀ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ဒုတိယပိုင်းပွဲစပြီး နှစ်မိနစ်အကြာတွင် စပါးစ်အသင်း ဒုတိယဂိုးရရှိသွားပြီး ပက်ဒရို ပေါ်ရို၏ ခပ်လှမ်းလှမ်းမှ အလွတ်တည်ကန်ဘော ကန်တင်ပေးမှုကို လူကပ်ခံရခြင်းမရှိသည့် အာဂျင်တီးနားနောက်ခံလူ ခရစ်ရှန် ရိုမဲရိုးက အဝေးတိုင်ဆီသို့ ခေါင်းတိုက်သွင်းခဲ့ရာ ချီဗယ်လီယာ မကာကွယ်နိုင်သည့်အတွက် ၂-၀ ဂိုး ဖြစ်သွားခဲ့သည်။
ထို့နောက် ပီအက်စ်ဂျီက ချေပဂိုးသွင်းယူနိုင်ရန် တောက်လျှောက်ဖိအားပေးကစားခဲ့ပြီး ပွဲချိန် ၆၅ မိနစ်တွင် ဒီဆရဲဒူး၏ ကန်ချက်ကို စပါးစ်ဂိုးသမား ဂူလီရယ်လ်မို ဗစ်ကာရီယို ကာကွယ်ရာမှ လျှံထွက်လာသည့် ဘောလုံးကို ဘရက်ဒလေ ဘာကိုလာ ပိတ်သွင်းနိုင်ခဲ့သော်လည်း VAR က လူကျွံဘောအဖြစ် သတ်မှတ်ကာ ပယ်ဖျက်ခဲ့သည်။ သို့သော် ပွဲချိန် ၈၅ မိနစ်တွင် ပီအက်စ်ဂျီအသင်း ချေပဂိုးတစ်ဂိုး ရရှိသွားခဲ့သည်။ ဗီတင်ညာက ဘယ်ခြမ်းရှိ လူစားဝင်ကစားသမား လီကန်အင်းထံ ပေးပို့ခဲ့ရာ လီက တစ်ချက်ထိန်း၍ ဂိုးဧရိယာအစပ်မှ လှလှပပ ကန်သွင်းခဲ့ခြင်းဖြစ်သည်။
ထို့နောက် နာကျင်အချိန်ပိုတွင် အူစမန် ဒမ်ဘီလီ ညာခြမ်းမှဆွဲပြေးလာပြီး အနေတော်ဖြတ်တင်ပေးရာတွင် ဂွန်ကာလို ရာမို့စ်က အနီးကပ်ခေါင်းတိုက်သွင်းယူခဲ့သဖြင့် နှစ်ဂိုးစီသရေဖြစ်သွားခဲ့ရာ ပင်နယ်တီအဆုံးအဖြတ် ဆက်လက်ကန်သွင်းခဲ့သည်။ စူပါဖလားပြိုင်ပွဲတွင် အချိန်ပိုကစားရန်မလိုအပ်ပေ။
ပင်နယ်တီကန်သွင်းရာတွင် ပီအက်စ်ဂျီအသင်းမှ ဗီတင်ညာနှင့် စပါးစ်အသင်းမှ ဗန်ဒီဗန်တို့၏ ကန်ချက်ကို တစ်ဖက်အသင်းဂိုးသမားများ ကာကွယ်နိုင်ခဲ့ပြီး စပါးစ်အသင်းမှ မာသီစ်တဲလ်၏ ကန်ချက်မှာလည်း ဂိုးပေါက်နှင့်လွဲချော်ခဲ့သည်။ ထို့နောက် နူနိုမန်ဒက်စ်က အဆုံးအဖြတ်ပင်နယ်တီကို အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့သဖြင့် ပီအက်စ်ဂျီက ပင်နယ်တီတွင် ၄-၃ ဂိုး (စုစုပေါင်းရလဒ် ၆-၅ ဂိုး) ဖြင့် အနိုင်ရရှိခဲ့သည်။
ပြင်သစ်စူပါဖလား၊ လီဂူးဝမ်းအမှတ်ပေးဖလား၊ ပြင်သစ်ဖလားနှင့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ဆုဖလားတို့ကို ဆွတ်ခူးထားသည့် ပီအက်စ်ဂျီအနေဖြင့် ယခုအခါ ယူအီးအက်ဖ်အေ စူပါဖလားကိုပါ ထပ်မံရယူနိုင်ခဲ့သည့်အတွက် အလွန်ထူးခြားသော နှစ်တစ်နှစ်ဖြစ်လာခဲ့သည်။ ပီအက်စ်ဂျီအနေဖြင့် ဒီဇင်ဘာလ၌ ယှဉ်ပြိုင်ကစားရမည့် ဖီဖာ အင်တာကွန်တီနင်တယ်ဖလားပြိုင်ပွဲတွင်လည်း ဆဋ္ဌမမြောက် ဆုဖလားကို ဆွတ်ခူးနိုင်မည့် အခွင့်အရေးရှိနေသေးသည်။ (Xinhua)

အီတလီနိုင်ငံ အူဒီနဲမြို့တွင် ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းနှင့် အင်္ဂလန်ကလပ် တော့တင်ဟမ် ဟော့စပါးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၅ ခုနှစ် ယူအီးအက်ဖ်အေ စူပါဖလားပြိုင်ပွဲတွင် ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းရာ၌ ပင်နယ်တီကန်သွင်းပြီးနောက် အောင်ပွဲခံနေသည့် ပီအက်စ်ဂျီ ကစားသမား ဂွန်ကာလို ရာမို့စ်အား ၂၀၂၅ ခုနှစ် ဩဂုတ် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………….
(English Version)
PSG fight back to beat Spurs on penalties, clinch first UEFA Super Cup title
UDINE, Italy, Aug. 14 (Xinhua) — Paris Saint-Germain rallied from two goals down to beat Tottenham Hotspur 6-5 on penalties after a 2-2 draw in regular time, winning their first UEFA Super Cup at the Stadio Friuli on Wednesday night.
The victory made the Ligue 1 side the first French club to lift the trophy in the competition’s history.
Both teams created chances early before the English side struck in the 39th minute. A long free kick into the box caused confusion, with Joao Palhinha’s close-range shot tipped onto the post by PSG debutant goalkeeper Lucas Chevalier. Micky van de Ven pounced on the rebound to make it 1-0.
Two minutes into the second half, Spurs doubled their lead when Pedro Porro’s long free kick found an unmarked Cristian Romero at the far post. The Argentine’s header slipped through Chevalier’s hands to make it 2-0.
PSG pressed for a response. In the 65th minute, Desire Doue was denied by Guglielmo Vicario before Bradley Barcola scored on the rebound, only for VAR to rule it out for offside. The breakthrough came in the 85th minute when Vitinha played the ball left to substitute Lee Kang-in, who controlled and fired a stunning strike from the edge of the box to pull one back.
Deep into stoppage time, Ousmane Dembele surged down the right and delivered a pinpoint cross for Goncalo Ramos to head in from close range, forcing a penalty shootout as the Super Cup has no extra time.
In the shootout, PSG’s Vitinha had his shot saved, Van de Ven’s effort was stopped, and Mathys Tel missed for Spurs. Nuno Mendes converted the decisive kick to seal a 4-3 shootout win and a 6-5 victory overall.
The triumph capped a remarkable year for PSG, who have already won the French Super Cup, Ligue 1, French Cup and UEFA Champions League, and now the UEFA Super Cup. They will have the chance to complete a sextuple at the FIFA Intercontinental Cup in December. ■
English Caption 1
Players of Paris Saint-Germain celebrate during the victory ceremony after the 2025 UEFA Super Cup final football match between Paris Saint-Germain of France and Tottenham Hotspur of England in Udine, Italy, Aug. 13, 2025. (Photo by Alberto Lingria/Xinhua)
English Caption 2
Goncalo Ramos of Paris Saint-Germain celebrates after scoring a penalty during the penalty shootout in the 2025 UEFA Super Cup final football match between Paris Saint-Germain of France and Tottenham Hotspur of England in Udine, Italy, Aug. 13, 2025. (Photo by Alberto Lingria/Xinhua)