Africa & Middle East
အာဖဂန်နစ္စတန်နှင့် ကာဂျစ်စတန်တို့အကြား ကုန်သွယ်မှုနှင့် စီးပွားရေးဆိုင်ရာ ဆက်ဆံမှုများ တိုးမြှင့်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

ကဘူးလ်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နှင့် ကာဂျစ္စတန်နိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးလိုက်ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ဩဂုတ် ၁၃ ရက်က ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြခဲ့သည်။
နှစ်နိုင်ငံအကြား ပဏာမခြေလှမ်းများစွာနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီးနောက် အဆိုပါသဘောတူညီချက်ကို အာဖဂန်စီးပွားရေးနှင့် စက်မှုဝန်ကြီးဌာန ယာယီဝန်ကြီး Nooruddin Azizi နှင့် ကာဂျစ္စတန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Bakyt Sydykov တို့က ကာဂျစ္စတန်နိုင်ငံ မြို့တော်ဘစ်ရှ်ကန့်၌ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပူးပေါင်းကုန်သွယ်မှုဗဟိုဌာန၊ ကုန်သွယ်မှုအဆောက်အအုံများနှင့် စီးပွားဖြစ်စင်တာများ ထူထောင်ရေး လုပ်ထုံးလုပ်နည်းများ၊ လူကိုယ်တိုင်တွေ့ဆုံမှုများနှင့် အွန်လိုင်းမှ တွေ့ဆုံမှုများ ပုံမှန်အဆင်ပြေချောမွေ့ရေး၊ စီးပွားရေးဖိုရမ်များ၊ ပြပွဲများနှင့် စီးပွားရေးတွေ့ဆုံပွဲများ ကျင်းပရေး၊ ကုန်သွယ်မှုဗဟိုဌာနများ တိုးတက်လာစေရေး ပူးပေါင်းလုပ်ဆောင်ရေးနှင့် အာဖဂန်နစ္စတန်တွင် ပူးတွဲရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေးတို့ကိုလည်း နှစ်နိုင်ငံအကြား ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၁ ခုနှစ် ဩဂုတ်လတွင် အာဏာရလာချိန်မှစ၍ အာဖဂန်ကြားဖြတ်အစိုးရသည် ဒေသတွင်းကုန်သွယ်ရေး ချိတ်ဆက်မှုကို မြှင့်တင်ရန်နှင့် ဆင်းရဲတွင်းနက်နေသော နိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် အာရုံစိုက်ကာ ၎င်း၏ စီးပွားရေးမိတ်ဖက်များ တိုးချဲ့ရန် တက်ကြွစွာ ကြိုးပမ်းလာလျက်ရှိသည်။ (Xinhua)
…………………….
(English Version)
Afghanistan, Kyrgyzstan sign MoU to boost trade, economic ties
KABUL, Aug. 13 (Xinhua) — Afghanistan’s Ministry of Commerce and Industry announced Wednesday the signing of a Memorandum of Understanding (MoU) with Kyrgyzstan to enhance bilateral trade and economic cooperation, the ministry said in a statement.
The agreement was signed in Bishkek by acting Afghan Minister of Commerce and Industry Nooruddin Azizi and Kyrgyz Economy and Commerce Minister Bakyt Sydykov, following discussion on a wide range of initiatives, the statement added.
According to the statement, the two sides also discussed a joint trade center, mechanisms for setting up trade houses and commercial centers, facilitating regular in-person and virtual meetings, organizing economic forums, exhibitions, and business meetings, a joint working ground to advance commercial centers, as well as promoting joint investment in Afghanistan, it said.
Since taking power in August 2021, the Afghan interim government has been actively seeking to expand its economic partnerships, with a focus on boosting regional trade connectivity and attracting foreign investment in the poverty-stricken country. ■
English Caption
This photo taken on Oct. 24, 2023 shows the Victory Square in Bishkek, capital of Kyrgyzstan. (Xinhua/Cao Yang)