Connect with us

Africa & Middle East

နိုင်ငံတကာက ပြစ်တင်ရှုတ်ချလျက်ရှိသော်လည်း ဂါဇာထိုးစစ် စီမံချက်၏ အဓိကမူဘောင်အား အစ္စရေးစစ်တပ် သဘောတူ၊ ဂါဇာတစ်ခွင်၌ ၄၁ ဦး သေဆုံး

လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများ အစည်းအဝေး တက်ရောက်နေသည့် အစ္စရေးစစ်တပ် အကြီးအကဲ အီယာလ် ဇာမီယာ (အလယ်) အား အစ္စရေးကာကွယ်ရေးတပ် (IDF) က ၂၀၂၅ ခုနှစ် ဩဂုတ် ၁၃ ရက်၌ ထုတ်ပြန်သည့် ဓာတ်ပုံ၌ တွေ့ရစဉ် (ဓာတ်ပုံ- IDF/Handout via Xinhua)

ဂျေရုဆလမ်/ဂါဇာ၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)
ဂါဇာဒေသရှိ အစ္စရေး၏ ထိန်းချုပ်မှုအောက်တွင် မရှိသေးသည့် နယ်မြေများဆီသို့ စစ်ဆင်ရေးချဲ့ထွင်သွားမည့် အစ္စရေးအစိုးရ၏ အဓိကစီမံချက် မူဘောင်အား အစ္စရေးစစ်တပ် အကြီးအကဲ အီယာလ် ဇာမီယာက ဩဂုတ် ၁၃ ရက်၌ သဘောတူလက်ခံခဲ့သည်။
အဆိုပါ ထိုးစစ်အား ဂါဇာဒေသ အလယ်ပိုင်းရှိ ဒုက္ခသည်စခန်းများနှင့် ဂါဇာဒေသခံ လူဦးရေ ၂.၂ သန်းအနက် အများစု ခိုလှုံလျက်ရှိသော ဂါဇာတောင်ပိုင်း အယ်လ်မာဝါဆီဒေသတို့အား ပစ်မှတ်ထား လုပ်ဆောင်မည်ဖြစ်ကြောင်း အစ္စ‌ရေးစစ်တပ်၏ ကြေညာချက်ထုတ်ပြန်မှုအရ သိရသည်။
ထိုစီမံချက်နှင့် စပ်လျဉ်းသည့် မူဝါဒများအား ဩဂုတ် ၁၃ ရက် အစောပိုင်းက ပြုလုပ်သည့် လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများ အစည်းအဝေး၌ အတည်ပြုခဲ့ကြောင်း၊ ဂါဇာကမ်းမြောင်ဒေသ၌ လုပ်ဆောင်သွားမည့် အဆင့်သစ်များအတွက် စီမံချက်၏ အဓိကအယူအဆကို တင်သွင်းရာတွင် နိုင်ငံရေးအခင်းအကျင်းဆိုင်ရာ လမ်းညွှန်ချက်နှင့်အညီ အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း ယင်းကြေညာချက်၌ ဖော်ပြထားသည်။
ဂါဇာမြို့ရှိ ဟားမက်စ်အဖွဲ့၏ လက်ကျန်ခြေကုပ်စခန်းများ၊ ဂါဇာအလယ်ပိုင်းရှိ ဒုက္ခသည်စခန်းများနှင့် အယ်လ်မာဝါဆီ တောင်ပိုင်းဒေသတို့ကို သိမ်းယူရန် ရည်ရွယ်သည့်အနေဖြင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဂါဇာစစ်ပွဲ၏ နောက်ဆုံး အဆုံးအဖြတ်အဆင့်ကို စတင်ရန် အစ္စရေးစစ်တပ်အား ညွှန်ကြားခဲ့ပြီး သုံးရက်အကြာတွင် ဇာမီယာ၏ သဘောတူညီချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဂါဇာ၌ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ပိုမိုဆိုးရွားလာချိန်တွင် ယင်းကဲ့သို့ ညွှန်ကြားခဲ့သည့်အပေါ် ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချမှုများ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့အတူ အစ္စရေး နိုင်ငံခြား‌ရေးဝန်ကြီး ဂီဒီယွန်ဆားကလည်း အစ္စရေးအနေဖြင့် နှစ်နိုင်ငံဖြေရှင်းမှုနည်းလမ်းကို လက်သင့်မခံသလို ပါလက်စတိုင်းနိုင်ငံ တည်ထောင်မှုကိုလည်း ခွင့်ပြုမည်မဟုတ်ဟု ဩဂုတ် ၁၃ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ပြီးနောက် ဇာမီယာ၏ သဘောတူညီချက် ပေါ်ထွက်လာခြင်းလည်းဖြစ်သည်။
ဩဂုတ် ၁၀ ရက်က မကြုံစဖူးကျင်းပခဲ့သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ သီတင်းပတ်ကုန် အရေးပေါ်အစည်းအဝေး၌ အစ္စရေး၏ အစီအစဉ်အပေါ် ကျယ်ကျယ်ပြန့်ပြန့် အမျက်ဒေါသထွက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ သို့သော် ဗီတိုအာဏာ ကိုင်စွဲထားသော လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်သည့် အမေရိကန်က အစ္စရေးဘက်မှ ရပ်တည်ခဲ့သဖြင့် ထိုအစည်းအဝေးအား ဆုံးဖြတ်ချက်တစ်စုံတစ်ရာ ချမှတ်နိုင်ခြင်းမရှိဘဲ အဆုံးသတ်ခဲ့ရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/5Wg

ဂါဇာမြို့ ကမ်းခြေတစ်ခုအနီးရှိ ရွက်ဖျင်တဲများနံဘေးမှ ဖြတ်သန်းသွားလာနေသူများအား ၂၀၂၅ ခုနှစ် ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………..
(English Version)
Israeli army okays “main framework” of Gaza attack plan despite global condemnation, kills 41 across Gaza
JERUSALEM/GAZA, Aug. 13 (Xinhua) — Israel’s military chief Eyal Zamir on Wednesday approved the main framework of a government plan to expand the offensive in Gaza to areas not yet under Israeli control.
The offensive will later target refugee camps in central Gaza and the southern area of Al Mawasi, where most of Gaza’s 2.2 million residents have taken shelter, according to a statement by the Israeli military.
The principles of the plan were approved in a meeting of security officials earlier on Wednesday, the statement said, adding that “the central concept for the plan for the next stages in the Gaza Strip was presented and approved, in accordance with the directive of the political echelon.”
Zamir’s approval came three days after Prime Minister Benjamin Netanyahu said the military had been ordered to enter the “decisive stage” of the Gaza war, aimed at seizing the remaining Hamas strongholds in Gaza City, refugee camps in central Gaza, and Al Mawasi’s southern area, an order widely condemned amid Gaza’s worsening humanitarian crisis.
It also came as Israeli Foreign Minister Gideon Sa’ar told a press briefing on Wednesday that Israel rejects a two-state solution and “will not allow” the establishment of a Palestinian state.
On Sunday, a rare emergency weekend meeting held by the UN Security Council saw widespread outrage at the Israeli plan. Yet the session ended with no resolution as the United States, a veto-wielding permanent member of the Security Council, sided with Israel.
English Caption 1
This photo released by Israel Defense Forces (IDF) on Aug. 13, 2025 shows Israel’s military chief Eyal Zamir (C) attending a meeting of security officials. (IDF/Handout via Xinhua)
English Caption 2
People walk past tents for displaced Palestinians near a beach in Gaza City, on Aug. 10, 2025. (Photo by Rizek Abdeljawad/Xinhua)