Europe
ရုရှားနိုင်ငံ မီးတောင် ပေါက်ကွဲမှုပြီးဆုံး၊ ဆင်ဒါခမောက်ပုံစံအသစ် ဖြစ်ပေါ်

ဗလာတီဗော့စတော့၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ Kamchatka ပင်နီဆူလာဒေသတွင် တည်ရှိသည့် Klyuchevskoy မီးတောင် ပေါက်ကွဲမှု ပြီးဆုံးခဲ့ပြီး မီးတောင်ထိပ်ဝတွင် ပုံသဏ္ဌာန်မညီသည့် လောင်ကျွမ်းကျောက်အပိုင်း ဆင်ဒါခမောက်ပုံစံအသစ် ဖြစ်ပေါ်ခဲ့ကြောင်း ရုရှားသိပ္ပံအကယ်ဒမီ အရှေ့ဖျားဌာန၏ မီး တောင်နှင့်မြေငလျင်ပညာ အသင်း ကတယ်လီဂရမ် ချန်နယ်တွင် ပြောကြားခဲ့သည်။
ပင်လယ်ရေမျက်နှာပြင်အထက် ၄၇၅၄ မီတာတွင် ရှိပြီး Klyuchi ကျေးရွာမှ ၃၀ ကီလိုမီတာခန့်အကွာတွင် တည်ရှိသည့် Klyuchevskoy မီးတောင်သည် ယူရေးရှားတိုက်၏ သက်ဝင်လှုပ်ရှားမှုအရှိဆုံး မီးတောင်များအနက် တစ်ခုဖြစ်သည်။ ထိုမတိုင်မီတစ်ရက်က အဆိုပါဒေသတွင် ပြင်းထန်သည့် မြေငလျင် တစ်ခု လှုပ်ခတ်အပြီး ဇူလိုင် ၃၀ ရက် တွင် စတင် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
မီးတောင်ပြာမှုန်များသည် ကောင်းကင်အထက် ၁၂ ကီလိုမီတာအထိ ရောက်ရှိခဲ့ပြီး Ust-Kamchatsky မြူနီစီပယ်ခရိုင်တစ်ဝန်း ပြာများ ကျရောက်ခဲ့ ကြောင်း သိရသည်။ (Xinhua)
……………………….
(English Version)
Russia’s Klyuchevskoy Volcano eruption ends, leaving new scoria cone in Kamchatka
VLADIVOSTOK, Aug. 14 (Xinhua) — The eruption of Klyuchevskoy Volcano, located in Russia’s Kamchatka Peninsula, has ended, leaving behind a new scoria cone in its crater, said the Institute of Volcanology and Seismology of the Far Eastern Branch of the Russian Academy of Sciences on its Telegram channel.
Klyuchevskoy, standing at 4,754 meters above sea level and situated around 30 km from the village of Klyuchi, is one of Eurasia’s most active volcanoes. The eruption, which began on July 30, followed a strong earthquake in the region the day before.
Ash plumes soared up to 12 km into the sky, with ashfall affecting communities across the Ust-Kamchatsky municipal district.