Europe
စတားမာနှင့် ဇယ်လန်းစကီးတို့ လန်ဒန်၌ တွေ့ဆုံ၊ အမေရိကန်-ရုရှားအစည်းအဝေးအတွက် မျှော်လင့်ချက်များအပေါ် အာရုံစိုက်နေ

လန်ဒန်၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)
ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတားမာက ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးနှင့် မြို့တော်လန်ဒန်ရှိ ဒေါင်းနင်းလမ်းတွင် ဩဂုတ် ၁၄ ရက်၌ တွေ့ဆုံခဲ့ကြောင်း ဝန်ကြီးချုပ်၏ရုံးမှ ထုတ်ပြန်ခဲ့သည်။
တရားဝင်ထုတ်ပြန်ချက်တစ်ခုအရ ခေါင်းဆောင်နှစ်ဦးက ဂျာမနီအဓိပတိ ဖရိုင်းဒ်ရစ်ချ် မာ့ဇ်မှ ကျင်းပသည့် ဩဂုတ် ၁၃ ရက်က အွန်လိုင်းအစည်းအဝေးများ၊ အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်တွင် ပြုလုပ်မည့် ထရမ့်-ပူတင် ထိပ်သီးဆွေးနွေးပွဲတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လာမည့်နေ့ရက်များတွင် ရင်းရင်းနှီးနှီး အဆက်အသွယ်ရှိရန် ၎င်းတို့က သဘောတူခဲ့ကြကြောင်း” ထုတ်ပြန်ချက်တွင် ပါရှိကာ အလက်စကာပြည်နယ်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲအပေါ် ၎င်းတို့၏ မျှော်လင့်ချက်များကိုလည်း အလေးပေးဖော်ပြခဲ့သည်။
ဇယ်လန်းစကီး၏ Telegram တွင် ဩဂုတ် ၁၄ ရက်၌ ဖော်ပြချက်အရ ယူကရိန်းနှင့်ဗြိတိန်တို့က ၎င်းတို့၏ ရပ်တည်ချက်များကို ညှိနှိုင်းခဲ့ပြီး အလက်စကာပြည်နယ်တွင် ပြုလုပ်မည့် အစည်းအဝေး၏ အလားအလာများအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။
လာမည့် အမေရိကန်-ရုရှားဆွေးနွေးပွဲအတွက် မျှော်လင့်ချက်များကို စတားမာနှင့် ဆွေးနွေးခဲ့ကြောင်း ဇယ်လန်းစကီးက ပြောကြားခဲ့သည်။
အပစ်အခတ်ရပ်စဲရန် သဘောတူညီပါက တာရှည်ခံသော ငြိမ်းချမ်းရေး သဘောတူညီချက်ကို ဖြစ်မြောက်စေနိုင်သည့် ယူကရိန်းအတွက် ဖြစ်နိုင်ခြေရှိသော လုံခြုံရေး အာမခံချက်များကို ခေါင်းဆောင်နှစ်ဦးက အသေးစိတ်ဆွေးနွေးခဲ့ကြောင်း ၎င်းဖော်ပြချက်အရ သိရသည်။ (Xinhua)

ဗြိတိန်နိုင်ငံ မြို့တော်လန်ဒန်ရှိ ဒေါင်းနင်းလမ်း အမှတ် ၁၀ တွင် ၂၀၂၅ ခုနှစ် ဩဂုတ် ၁၄ ရက်၌ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတားမာ (ဝဲ) က ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးအား လက်ဆွဲနှုတ်ဆက်စဥ် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ မြို့တော်လန်ဒန်ရှိ ဒေါင်းနင်းလမ်း အမှတ် ၁၀ တွင် ၂၀၂၅ ခုနှစ် ဩဂုတ် ၁၄ ရက်၌ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတားမာ (ဝဲ) က ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးနှင့်အတူ မတ်တပ်ရပ်စဥ် (ဆင်ဟွာ)

ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတားမာ (ဝဲ) က ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးအား ဗြိတိန်နိုင်ငံ မြို့တော်လန်ဒန်ရှိ ဒေါင်းနင်းလမ်း အမှတ် ၁၀ တွင် ၂၀၂၅ ခုနှစ် ဩဂုတ် ၁၄ ရက်၌ ကြိုဆိုစဥ် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ မြို့တော်လန်ဒန်ရှိ ဒေါင်းနင်းလမ်း အမှတ် ၁၀ တွင် ၂၀၂၅ ခုနှစ် ဩဂုတ် ၁၄ ရက်၌ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတားမာ (ဝဲ) က ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးအား လက်ဆွဲနှုတ်ဆက်စဥ် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ မြို့တော်လန်ဒန်ရှိ ဒေါင်းနင်းလမ်း အမှတ် ၁၀ တွင် ၂၀၂၅ ခုနှစ် ဩဂုတ် ၁၄ ရက်၌ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတားမာ (ဝဲ) က ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးအား လက်ဆွဲနှုတ်ဆက်စဥ် (ဆင်ဟွာ)
———————
Starmer, Zelensky meet in London, focusing on expectations for U.S.-Russia meeting
LONDON, Aug. 14 (Xinhua) — British Prime Minister Keir Starmer met with Ukrainian President Volodymyr Zelensky on Thursday at Downing Street in London, the Prime Minister’s Office said.
According to an official statement, the two leaders discussed Wednesday’s virtual meetings hosted by German Chancellor Friedrich Merz, as well as the upcoming Trump-Putin summit in the U.S. state of Alaska on Friday.
“They agreed to stay in close touch in the coming days,” the statement noted, stressing their expectations for the talks in Alaska.
According to Zelensky’s post on Telegram on Thursday, Ukraine and Britain coordinated their positions and exchanged views on the prospects of the upcoming meeting in Alaska.
Zelensky said he had discussed expectations for the upcoming U.S.-Russia meeting with Starmer.
The two leaders discussed in detail possible security guarantees for Ukraine that could ensure a durable peace deal if a ceasefire is reached, according to the post. ■
English Caption 1, 2, 5, 6
British Prime Minister Keir Starmer (L) shakes hands with Ukrainian President Volodymyr Zelensky at 10 Downing Street in London, Britain, on Aug. 14, 2025. (Xinhua/Li Ying)
English Caption 3
British Prime Minister Keir Starmer (L) stands with Ukrainian President Volodymyr Zelensky at 10 Downing Street in London, Britain, on Aug. 14, 2025. (Xinhua/Li Ying)
English Caption 4
British Prime Minister Keir Starmer (L) welcomes Ukrainian President Volodymyr Zelensky at 10 Downing Street in London, Britain, on Aug. 14, 2025. (Xinhua/Li Ying)