International Organizations
ပါးမားနောက်ခံလူ ဂျီယိုဗန်နီ လီယိုနီအား ခေါ်ယူနိုင်ရန် နီးစပ်နေပြီဟု လီဗာပူးလ်အသင်း အတည်ပြု

လန်ဒန်၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)
လီဗာပူးလ်အသင်းက ပါးမားနောက်ခံလူ ဂျီယိုဗန်နီ လီယိုနီအား ခေါ်ယူရန် ပြောင်းရွှေ့ကြေးအတွက် သဘောတူညီမှု ရရှိခဲ့ပြီဟု လီဗာပူးလ်အသင်းနည်းပြ အာနယ် ဆလော့က ဩဂုတ် ၁၄ ရက်၌ ထုတ်ဖော်ပြောကြားခဲ့သည်။
လီဗာပူးလ်အနေဖြင့် အဆိုပါ အသက် ၁၈ နှစ်အရွယ် နောက်ခံလူအား အမေရိကန်ဒေါ်လာ သန်း ၃၀ ဝန်းကျင်ဖြင့် ခေါ်ယူရန် သဘောတူညီခဲ့ခြင်းဖြစ်သည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြလျက်ရှိပြီး နည်းပြဆလော့ကလည်း အပြီးသတ်သဘောတူညီမှုရရှိရန် အလွန်နီးစပ်နေပြီဟု ဝမ်းမြောက်ဝမ်းသာ အတည်ပြုခဲ့သည်။ လီယိုနီမှာ အီတလီစီးရီးအေကလပ် ပါးမားအသင်းအတွက် လိဂ်ပြိုင်ပွဲ ၁၇ ပွဲ ပါဝင်ကစားခဲ့သည်။
“နှစ်ဖက်အသင်းကြား သဘောတူညီမှုရရှိထားပေမဲ့ ကစားသမားကတော့ ကျွန်တော်တို့နဲ့ စာချုပ်မချုပ်ရသေးပါဘူး။ သူ ကျွန်တော်တို့အသင်းနဲ့ စာချုပ်ချုပ်ပြီးရင်တော့ ဒီထက်ပိုပြီး အသေးစိတ်ပြောပြနိုင်မှာပါ” ဟု ဩဂုတ် ၁၄ ရက် သတင်းစာရှင်းလင်းပွဲတွင် ဆလော့က ပြောကြားခဲ့သည်။
ဩဂုတ် ၁၀ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ကွန်မြူနတီဒိုင်းပြိုင်ပွဲတွင် လီဗာပူးလ်အား ပင်နယ်တီဖြင့် အနိုင်ရရှိခဲ့သည့် ခရစ္စတယ်ပဲလေ့စ်အသင်းမှ အင်္ဂလန်လက်ရွေးစင်နောက်ခံလူ မာ့ခ်ဂူဟီအား ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟူသော သတင်းနှင့် ပတ်သက်၍ အဆိုပါ သတင်းစာရှင်းလင်းပွဲ၌ ဆလော့အား မေးမြန်းခဲ့ကြောင်း သိရသည်။
ဆလော့က “ဂူဟီက ကျွန်တော်တို့ကစားသမား မဟုတ်ပါဘူး။ ကံမကောင်းစွာနဲ့ပဲ သူက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ကျွန်တော်တို့ရှုံးနိမ့်ခဲ့တဲ့ အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်နေပါတယ်။ သူ့အကြောင်း ဆွေးနွေးချင်ရင်တော့ ပဲလေ့စ်အသင်းဆီသွားပြီး သူတို့ရဲ့နည်းပြ အိုလီဗာ ဂလက်စ်နာကိုပဲ မေးကြည့်လိုက်ပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။ (Xinhua)

အီတလီနိုင်ငံ ရောမမြို့တွင် လာဇီယိုအသင်းနှင့် ပါးမားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အီတလီစီးရီးအေ ဘောလုံးပွဲစဉ်၌ လာဇီယိုကစားသမား မတ်တီယာ ဇက်ကာနီ (ယာ) နှင့် ပါးမားကစားသမား ဂျီယိုဗန်နီ လီယိုနီတို့ ရင်ဆိုင်တွေ့နေပုံကို ၂၀၂၅ ခုနှစ် ဧပြီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………………..
(English Version)
Liverpool confirms deal close for Parma defender Leoni
LONDON, Aug. 14 (Xinhua) — Liverpool head coach Arne Slot on Thursday revealed the club has agreed a fee to sign Parma defender Giovanni Leoni.
Reports in the British press suggest that Liverpool has agreed to pay around 30 million U.S. dollars for the 18-year-old who has made 17 league appearances for the Italian club, and Slot was happy to confirm the deal was very close.
“The clubs have agreed a deal, but he hasn’t signed for us yet. The moment he signs for us, I can go into more details,” said Slot in his Thursday press conference.
The coach was also asked about interest in England international defender Marc Guehi, whose Crystal Palace side beat Liverpool on penalties in Sunday’s Community Shield.
“Guehi is not our player. Unfortunately he was the captain of the team we lost against last Sunday. If you want to have any talks about him you can go to Palace and [coach] Oliver Glasner and ask him,” he said. ■
English Caption 1
Napoli’s Romelu Lukaku (L) vies with Parma’s Giovanni Leoni during a Serie A football match between Parma and Napoli in Parma, Italy, May 18, 2025. (Xinhua)
English Caption 2
Lazio’s Mattia Zaccagni (R) vies with Parma’s Giovanni Leoni during a Serie A soccer match between Lazio and Parma in Rome, Italy, April 28, 2025. (Photo by Alberto Lingria/Xinhua)