Connect with us

Asia

ဒေသခံများအတွက် သန့်ရှင်းသောရေ ပိုမိုပေးဝေနိုင်ရန် လာအို တိုးမြှင့်လုပ်ဆောင်

လာအိုနိုင်ငံ၊ မြို့တော် ဗီယင်ကျန်းတွင် တရုတ်မြောက်ပိုင်းစက်မှုလုပ်ငန်းစုကော်ပိုရေးရှင်း လီမီတက် (NORINCO) မှ တည်ဆောက်ပေးခဲ့သည့် ရေပေးဝေမှုစီမံကိန်းဖွင့်ပွဲ၌ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးနေကြပုံကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)
လာအိုပြည်သူ့လုပ်ငန်းနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနက ဒေသခံများအတွက် ဘေးကင်းပြီး သန့်ရှင်းသည့်ရေပေးဝေမှုကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ရေပေးဝေမှုစနစ်အဆင့်မြှင့်တင်မှု များကိုလည်း မိတ်ဖက်လုပ်ငန်းများနှင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
လာအိုနိုင်ငံ၊ ဘိုလစ်ဟမ်ဇေးပြည်နယ်၊ ခမ်ခန်ခရိုင်အတွင်း၌ ၂၀၂၅ ခုနှစ်မှ ၂၀၂၉ ခုနှစ်အတွင်း
ရေပေးဝေရေးနစ် အဆင့်မြှင့်တင်မည့်စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ် ကြောင်းလည်း လာအိုသတင်းအေဂျင်စီ၏ သြဂုတ် ၁၃ ရက် သတင်းဖော်ပြမှုအရ သိရသည်။
အဆိုပါ စီမံကိန်းမှ ပြည်သူများအတွက် သန့်ရှင်းသည့်ရေပေးဝေမှုများကို တိုးမြှင့်လုပ်ဆောင်သွား မည်ဖြစ်ရာ ၂၀၄၀ ပြည့်နှစ်၌ ပြည်သူ ၁၂,၇၃၄ ဦးမှ ၂၄,၁၁၉ ဦးအထိ ရေပေးဝေသွားနိုင်ရန်လည်း မျှော်မှန်းထားကြသည်။
စီမံကိန်း၏ရည်ရွယ်ချက်မှာ အမျိုးသမီးနှင့်ကလေးငယ်များအနေဖြင့် ရေခပ်ရန် အချိန်ပေးအားထုတ် နေရခြင်းများအား လျှော့ချပေးနိုင်ရန် ဖြစ်သည်။
အဆိုပါစီမံကိန်းတွင် ရေပေးဝေမှုအခြေခံအဆောက်အအုံများအား အဆင့်မြှင့်တင်တိုးချဲ့ခြင်း၊ ရေပေးဝေမှု အဆောက်အအုံသစ်များ ဒီဇိုင်းရေးဆွဲ တည်ဆောက်ခြင်း၊ လက်ရှိ ရေပေးဝေမှုစနစ်ကို အဆင့်မြှင့်တင်ခြင်းလည်းပါဝင်ကာ သဘာ၀ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်အပေါ်ထိခိုက်နိုင်မှုများကို လည်း တွက်ချက်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
၂၀၃၀ ပြည့်နှစ်တွင် ခေတ်မီ ရေပေးဝေရေးစနစ်ရရှိရန်နှင့် လာအိုနိုင်ငံ၏ ရေပေးဝေရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျုဟာကို အထောက်အကူပြုနိုင်ရန် စီမံကိန်းကို ဒီဇိုင်းရေးဆွဲပုံဖော်ထားကာ ပြည်နယ်နှင့်ခရိုင် စည်ပင်သာယာရေးလက်အောက်ရှိ လူဦးရေ ၉၀ ရာခိုင်နှုန်းသို့ သန့်ရှင်းဘေးကင်းသည့် ရေကို ပိုမိုပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)


…………………………
(English Version)
Laos expands safe water supply for local communities
VIENTIANE, Aug. 13 (Xinhua) — The Lao Ministry of Public Works and Transport and its partners will expand and upgrade the water supply system to provide safe and reliable water for local communities.
A project to improve the water supply system will be implemented from 2025 to 2029 in Khamkeut district in Bolikhamxay province, Lao News Agency reported on Wednesday.
The project is expected to expand access to clean water for the population, increasing from 12,734 to 24,119 people by 2040. It also aims to enhance the lives of women and children by reducing the time and effort needed to collect water.
The project will include expanding and improving water supply infrastructure, designing and constructing new water supply facilities and upgrading existing systems, and conducting environmental and social impact assessments.

The project is designed to achieve a modern water supply system and contribute to Laos’ water supply sector development strategy 2030, which seeks to ensure that 90 percent of the population in provincial and district municipalities have access to safe water.
Photo:
Guests cut a ribbon during the completion ceremony of a water supply project built by Chinese firm in Vientiane, capital of Laos, Feb. 27, 2019. (Xinhua/Zhang Jianhua)