Asia
အိန္ဒိယထိန်းချုပ်သည့် ကက်ရှ်မီးယားဒေသတွင် ရုတ်တရက်မိုးကြီး၍ အနည်းဆုံး လူ ၃၈ ဦးသေဆုံးပြီး ၆၂ ဦး ဒဏ်ရာရ

နယူးဒေလီ၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)
အိန္ဒိယ ထိန်းချုပ်သည့် ကက်ရှ်မီးယားဒေသတွင် ရုတ်တရက်မိုးကြီးမှုကြောင့် အနည်းဆုံး လူ ၃၈ ဦး သေဆုံးပြီး ၆၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အိန္ဒိယထိန်းချုပ်သည့် ကက်ရှ်မီးယားဒေသ နွေရာသီမြို့တော် ဆရီနာဂါ အရှေ့တောင်ပိုင်း ကီလိုမီတာ ၂၉၀ အကွာရှိ ကစ်ရှဝါခရိုင် Chositi ကျေးရွာတွင် ရုတ်တရက် မိုးကြီးခဲ့ခြင်းဖြစ်သည်။
တာဝန်ရှိသူများအဆိုအရ ဆိုးရွားသည့် မိုးသည်းထန်မှုကြောင့် ရုတ်တရက် ရေကြီးကာ ကျေးရွာအနှံ့ ပျက်စီး မှုများ ဖြစ်စေခဲ့ပြီး ရေကြီးခြင်းကြောင့် စုပေါင်းမီးဖိုဆောင်တစ်ခု၊ စျေးဆိုင်များနှင့် နယ်စပ်လုံခြုံရေးစခန်းတစ်ခု အပါအဝင် အဆောက်အအုံများစွာ ရေစီးတွင်မျောပါခဲ့ရသည်။
“အခုအထိ သေဆုံးသူ ၃၈ ဦးအတည်ပြုထားပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေဆဲ ဖြစ်ပါ တယ်” ဟု ဒုတိယ ကော်မရှင်နာမင်းကြီး Kishtwar Pankaj Sharma က ဆင်ဟွာ သတင်းဌာနကို ပြောကြား ခဲ့သည်။
တာဝန်ရှိသူများက မိုးကြီးမှုဖြစ်ရာနေရာ အဆိုပါဧရိယာသို့ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရဲတပ်ဖွဲ့နှင့် သဘာဝဘေးတုံ့ပြန်ကာကွယ်ရေးအဖွဲ့ဝင်များ စေလွှတ်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။
“ဒဏ်ရာရရှိထားသူ ၆၂ ဦးကို အောင်အောင်မြင်မြင်ကယ်ထုတ်ပြီးဖြစ်ကြောင်း“ ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ (Xinhua)
……………………….
(English Version)
38 killed, 62 injured as cloudburst hits Indian-controlled Kashmir
NEW DELHI, Aug. 14 (Xinhua) — At least 38 people were killed and 62 others injured Thursday after a massive cloudburst hit Indian-controlled Kashmir, officials said.
The cloudburst hit Chositi village of Kishtwar district, about 290 km southeast of Srinagar, the summer capital of Indian-controlled Kashmir.
According to officials, the massive cloudburst caused a flash flood, leading to widespread damage in the village. The flash flood washed away several structures, including a community kitchen, shops and a security outpost.
“So far, 38 people are confirmed dead,” Deputy Commissioner Kishtwar Pankaj Sharma told Xinhua. “Rescue efforts are underway.”
Authorities have sent police and disaster response force personnel to the spot to carry out rescue operations in the area.
“We are being told 62 people have been rescued in injured condition,” a police officer said.