International Organizations
ဆော်ဒီစူပါဖလားပြိုင်ပွဲကစားရန် ဟောင်ကောင်သို့ ရော်နယ်ဒို ရောက်ရှိ

ဟောင်ကောင်၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)
ပေါ်တူဂီနှင့် အယ်နာဆာတိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုသည် ရာသီကြို ဆော်ဒီ စူပါဖလား ပြိုင်ပွဲတွင် ပါဝင်ကစားရန် ဟောင်ကောင်သို့ သြဂုတ် ၁၄ ရက် မွန်းလွဲပိုင်းက ရောက်ရှိလာခဲ့သည်။
အသက် ၄၀ နှစ်အရွယ်ရှိပြီဖြစ်သော မန်ချက်စတာယူနိုက်တက်နှင့် ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်း ကို မျက်မြင်ကိုယ်တွေ့နှုတ်ဆက်လိုသည့် ပရိသတ်များမှာ မိုးရွာနေသည်ကိုပင် အမှုမထားဘဲ Regent ဟိုတယ်အပြင်ဘက်မှ စောင့်ဆိုင်းကြိုဆိုခဲ့ကြသည်။
ရော်နယ်ဒိုနှင့်အတူ ဇူလိုင်လအတွင်းက ချဲလ်ဆီးမှ အယ်နာဆာသို့ပြောင်းရွှေ့လာသော တစ်နိုင်ငံတည်း သား ယာအိုဖီးလစ်နှင့် ဆီနီဂေါတိုက်စစ်မှူး ဆာဒီယိုမာနေးတို့လည်း ဟောင်ကောင်သို့ အတူရောက်လာခဲ့ခြင်းဖြစ်သည်။
ရာသီကြို ဆော်ဒီ စူပါဖလားပြိုင်ပွဲကို ပရိသတ် ၄၀,၀၀၀ ဆံ့ ဟောင်ကောင်အားကစားကွင်းကြီးတွင် ကျင်းပမည်ဖြစ်ကာ အယ်နာဆာအပါအဝင် အသင်း ၄ သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ဩဂုတ် ၁၉ ရက်တွင် အယ်နာဆာနှင့် အယ်အီတီဟတ်၊ ဩဂုတ် ၂၀ ရက်တွင် အယ်အာလီနှင့် အယ်ကွက်စီယာတို့ ကစားကြမည်ဖြစ်သည်။ ဆီမီးဖိုင်နယ်ပွဲစဉ်များမှ အနိုင်ရသည့် ၂ သင်းမှာ လာမည့် ဩဂုတ် ၂၃ ရက်တွင် ဗိုလ်လုပွဲ ကစားရမည်ဖြစ်သည်။ (Xinhua)
………………………
(English Version)
Ronaldo arrives in Hong Kong for Saudi Super Cup
HONG KONG, Aug. 14 (Xinhua) — Cristiano Ronaldo arrived in Hong Kong on Thursday afternoon, as his club side Al Nassr prepares to contest the Saudi Super Cup in the city.
The 40-year-old former Manchester United and Real Madrid player was welcomed by fans, who braved the rain outside the Regent Hotel in hopes of catching a glimpse of their idol. Ronaldo was accompanied by teammates including Joao Felix, who joined Al Nassr from Chelsea last month, and Senegal forward Sadio Mane.
The Saudi Super Cup, set to take place at the 40,000-capacity Hong Kong Stadium, features four teams. Al Nassr will face Al Ittihad in the semifinals on August 19, while Al Ahli taking on Al Qadsiah the following day. The winners of both matches will meet in the final on August 23.
Photo:
Al-Nassr’s Portuguese forward Cristiano Ronaldo gestures to fans during his unveiling at the Mrsool Park Stadium in the Saudi Arabia capital Riyadh on Jan. 3, 2023. (Xinhua/Wang Haizhou)