Connect with us

International Organizations

ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲစဉ်အား လီဗာပူးလ်-ဘုန်းမောက် ပွဲစဉ်ဖြင့် စတင်မည်ဖြစ်ကာ အာဆင်နယ်နှင့် မန်ချက်စတာယူနိုက်တက်တို့ ထိပ်တိုက်တွေ့ဆုံ

ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ကစားမည့် အက်ဖ်အေ ကွန်မြူနတီဒိုင်းလုပွဲမတိုင်မီ လီဗာပူးလ်ကစားသမား အသင်းလိုက် ဓာတ်ပုံရိုက်နေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)
ပရီးမီးယားလိဂ် ရာသီသစ်အား ဩဂုတ် ၁၅ ရက်၌ စတင်မည်ဖြစ်ကာ အစောဆုံးပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းနှင့် ဘုန်းမောက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ရာသီအဖွင့်ပွဲစဉ်၌ စိတ်ဝင်စားဖွယ်ရာ ပွဲစဉ်အများအပြား ပါဝင်လျက်ရှိသည်။
လက်ရှိချန်ပီယံ လီဗာပူးလ်အနေဖြင့် နွေရာသီ၌ အပြောင်းအရွှေ့အသုံးစရိတ် အများအပြား သုံးစွဲထားသလို ကစားသမားသစ်များလည်း ထပ်မံရောက်ရှိလာဖွယ်ရှိရာ အင်ပြည့်အားပြည့်ဖြင့် ရာသီသစ်ကို စတင်မည်ဖြစ်သော်လည်း စိုးရိမ်စရာ အခြေအနေအချို့ ရှိနေသည်ကို တွေ့ရှိရသည်။ ဟူဂို အီကီတိုက်နှင့် ဖလော်ရီယန်ဗက်ဇ်တို့ ရောက်ရှိလာခြင်းကြောင့် တိုက်စစ်ပိုင်း ပိုမိုအားကောင်းသွားသလို ဂျယ်ရမီ ဖရင်းပေါင်နှင့် မီလို့စ် ကာကက်ဇ်တို့ကလည်း ခံစစ်၏ အမြန်နှုန်းကို ပိုမိုအားကောင်းစေခဲ့သည်။ သို့သော် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ယှဉ်ပြိုင်ကစားခဲ့သည့် ကွန်မြူနတီဒိုင်း ပြိုင်ပွဲတွင် ခရစ္စတယ်ပဲလေ့စ်က လီဗာပူးလ်၏ ခံစစ်ဟာကွက်များကို လှစ်ဟပြခဲ့ရာ လီဗာပူးလ်အနေဖြင့် ဗဟိုနောက်ခံလူတစ်ဦး ထပ်မံခေါ်ယူရန် လိုအပ်နေဖွယ်ရှိသည်။
ဘုန်းမောက်အသင်းမှာလည်း ကာကက်ဇ်နှင့် ဒင်းဟူဆန်တို့ မရှိတော့သည့် ခံစစ်ကြောင်းဖြင့် ရာသီသစ်ကို စတင်ရမည်ဖြစ်သည်။ နည်းပြ အန်ဒိုနီ အီရာအိုလာအနေဖြင့် ကစားသမားခေါ်ယူရန် အသုံးစရိတ် ရရှိထားသော်လည်း အန်ဖီးလ်ကွင်း၌ အနည်းနှင့်အများဆိုသလို စိတ်ဖိစီးမှုများ ရှိနေနိုင်သည်။
ယခုသီတင်းပတ်၌ ပရိသတ်စိတ်ဝင်စားမှုအများဆုံး ပွဲစဉ်မှာ ဩဂုတ် ၁၇ ရက်၌ မန်ချက်စတာယူနိုက်တက်နှင့် အာဆင်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်ဖြစ်သည်။ ယူနိုက်တက်အနေဖြင့် ယခုနွေရာသီတွင် အသင်း၏ တိုက်စစ်ပိုင်းအတွက် ကြီးကြီးမားမား အင်အားဖြည့်တင်းခဲ့ပြီးနောက် နည်းပြ ရူဘင်အာမိုရင်မ် လက်ထက်တွင် အခြေအနေ တိုးတက်လာနိုင်သည်ကို လက်တွေ့ပြသရန် ရည်မှန်းထားပေလိမ့်မည်။
အာဆင်နယ်အသင်းကလည်း အသုံးစရိတ်အများအပြား သုံးစွဲထားပြီး မာတင် ဇူဘီမန်ဒီနှင့် ဗစ်တာ ယိုကယ်ရက်စ်တို့ကို ခေါ်ယူထားကာ နည်းပြ မစ်ကယ် အာတေတာအနေဖြင့် ဒုတိယနေရာနှင့်သာ အမြဲတမ်း ကျေနပ်နေရသည်ကို အဆုံးသတ်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်သည်။ သို့ဖြစ်၍ အနိုင်ရလဒ်က ခွန်အားဖြစ်လာမည်ဖြစ်ပြီး ရှုံးနိမ့်ခဲ့လျှင်မူ စောစောစီးစီးပင် သံသယများ ထွက်ပေါ်လာမည်ဖြစ်သည်။
အပြောင်းအရွှေ့ဈေးကွက်၌ အခက်ကြုံနေရသည့် အက်စတွန်ဗီလာနှင့် နယူးကာဆယ်တို့မှာ ဩဂုတ် ၁၆ ရက်၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ နယူးကာဆယ်အနေဖြင့် အသင်းမှထွက်ခွာချင်နေသည့် တိုက်စစ်မှူး အလက်ဇန်းဒါး အီဆက်ခ်မပါဘဲ ယှဉ်ပြိုင်ကစားရမည် ဖြစ်သော်လည်း ဗီလာကွင်းလယ်ကစားသမား ဂျေးကက်ဘ် ရမ်ဆီအား ခေါ်ယူနိုင်ရန် နီးစပ်နေပြီဖြစ်သည်။
မန်ချက်စတာစီးတီးက ဝူလ်ဗာဟမ်တန်၏ အိမ်ကွင်း၌ သွားရောက်ကစားရမည်ဖြစ်ပြီး ပြီးခဲ့သည့် ရာသီက ခြေစွမ်းယိမ်းယိုင်မှုများကို ယခုရာသီတွင် ချေဖျက်နိုင်ကြောင်း သက်သေပြသွားမည်ဖြစ်သည်။ ပက်ပ် ဂွါဒီယိုလာအနေဖြင့် ဂိုးသမားနေရာအတွက် ဂျိမ်းစ် ထရက်ဖို့ဒ် သို့မဟုတ် အီဒါဆန်ကို ရွေးချယ်ရမည်ဖြစ်ကာ နွေရာသီအပြောင်းအရွှေ့၌ ခေါ်ယူထားသည့် ရာယန် အေ့ထ်-နူရီမှာမူ ၎င်း၏အသင်းဟောင်းနှင့် စောစောစီးစီး ပြန်လည်ရင်ဆိုင်ရမည်ဖြစ်သည်။
တော့တင်ဟမ်နည်းပြ သောမတ်စ်ဖရန့်ခ်အနေဖြင့် ဥရောပ စူပါဖလားပြိုင်ပွဲတွင် ပီအက်စ်ဂျီအား ပင်နယ်တီဖြင့် ရှုံးနိမ့်ခဲ့ပြီး သုံးရက်အကြာတွင် တော့တင်ဟမ်အား ပရီးမီးယားလိဂ် ပွဲဦးထွက်အဖြစ် ကိုင်တွယ်မည့် ပွဲစဉ်၌ တန်းတက် ဘန်လေအသင်းအား အိမ်ကွင်း၌ ဧည့်ခံကစားရမည်ဖြစ်သည်။ စပါးစ်အသင်းမှာ ပီအက်စ်ဂျီနှင့် ပွဲစဉ်၌ ပုံစံကောင်းပြနိုင်ခဲ့သော်လည်း ပေးဂိုး ၁၆ ဂိုးသာ ခွင့်ပြုခဲ့ရပြီး တန်းတက်လာသည့် ဘန်လေအသင်း၏ ခံစစ်ကို ချိုးဖျက်ရန်မှာ စိန်ခေါ်မှု ဖြစ်လာမည်ဖြစ်သည်။
ကလပ်ကမ္ဘာ့ဖလားချန်ပီယံ ချဲလ်ဆီးအသင်းကမူ အက်ဖ်အေဖလားနှင့် ကွန်မြူနတီဒိုင်းတို့ကို ဆွတ်ခူးထားသည့် ခရစ္စတယ်ပဲလေ့စ်အသင်းအား အိမ်ကွင်း၌ ဧည့်ခံကစားရမည်ဖြစ်သည်။ (Xinhua)

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် မန်ချက်စတာယူနိုက်တက်အသင်းနှင့် ASEAN All-Stars အသင်းတို့ ယှဉ်ပြိုင်ကစားမည့် ခြေစမ်းပွဲမတိုင်မီ မန်ချက်စတာယူနိုက်တက် ကစားသမားများ အသင်းလိုက် ဓာတ်ပုံရိုက်နေသည်ကို ၂၀၂၅ ခုနှစ် မေ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် အာဆင်နယ်အသင်းနှင့် မန်ချက်စတာစီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အင်္ဂလိပ် ပရီးမီးယားလိဂ်ပွဲစဉ်၌ အာဆင်နယ်ကစားသမား မာတင် အိုဒီဂတ် (ဝဲ) ပထမဂိုးသွင်းယူပြီးနောက် အသင်းဖော်များနှင့်အတူ အောင်ပွဲခံနေပုံကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………
(English Version)
Liverpool gets the ball rolling as Arsenal and Man Utd face off in Premier League
LONDON, Aug. 15 (Xinhua) — The new Premier League season kicks off on Friday with Liverpool hosting Bournemouth in an opening round that offers several intriguing matchups.
The defending champions enter the campaign after heavy summer spending and with more arrivals expected, but still have a couple of concerns. Hugo Ekitike and Florian Wirtz strengthen the attack, while Jeremie Frimpong and Milos Kerkez add pace at the back. However, after Crystal Palace exposed a defensive gap in last weekend’s Community Shield, another central defender may still be needed.
Bournemouth begins the season with its backline depleted by the loss of Kerkez and Dean Huijsen. Although coach Andoni Iraola has funds to spend, that may be little comfort at Anfield.
The weekend’s biggest game comes Sunday when Manchester United face Arsenal. United will aim to show they can flourish under Ramon Amorim after overhauling their attack this summer.
Arsenal has also spent heavily, with Martin Zubimendi and Viktor Gyokeres key signings as Mikel Arteta seeks to shed the “eternal runner-up” label. A win would be a statement; a loss could invite early doubts.
Aston Villa and Newcastle meet on Saturday after challenging transfer windows. Newcastle are without wantaway striker Alexander Isak but are close to signing Villa midfielder Jacob Ramsey.
Manchester City visits Wolverhampton Wanderers looking to prove last season’s setbacks were a one-off. Pep Guardiola must choose between James Trafford and Ederson in goal, while summer signing Rayan Ait-Nouri makes an early return against his former club.
Thomas Frank takes charge of Tottenham for the first time in the league, hosting newly promoted Burnley just three days after losing on penalties to Paris Saint-Germain in the European Supercup. Spurs impressed in spells against PSG, but their challenge on Saturday will be breaking down a side that conceded just 16 goals in winning promotion.
World Club Champions Chelsea host FA Cup and Community Shield winners Crystal Palace.
English Caption 1
Liverpool players line up before the FA Community Shield final match between Crystal Palace and Liverpool in London, Britain, on Aug. 10, 2025. (Xinhua)
English Caption 2
Players of Manchester United pose for photos before a friendly football match between ASEAN All-Stars and Manchester United of England, in Kuala Lumpur, Malaysia, May 28, 2025. (Photo by Chong Voon Chung/Xinhua)
English Caption 3
Arsenal’s Martin Odegaard (L) celebrates with teammates after scoring the first goal during the English Premier League match between Arsenal and Manchester City in London, Britain, on Feb. 2, 2025. (Xinhua)