Africa & Middle East
ကိပ်ဗာဒီအတွက် ကမ္ဘာ့ဘဏ်မှ အရေးပေါ်အကူအညီ အမေရိကန်ဒေါ်လာ ၁၀ သန်း ထုတ်ပေးမည်

ပရိုင်ယာ၊ ကိပ်ဗာဒီ၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)
ကိပ်ဗာဒီနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ၈ ဦးသေဆုံးကာ ၃ ဦးပျောက်ဆုံးခဲ့ပြီး ထောက် ပံ့မှုလုပ်ငန်းများ တုံ့ပြန်ဆောင်ရွက်နိုင်ရန် ကမ္ဘာ့ဘဏ်မှ အရေးပေါ်အကူအညီအဖြစ် အမေရိကန် ဒေါ်လာ ၁၀ သန်းထုတ်ပေးသွားမည်ဟု အတည်ပြုကြောင်း ကိပ်ဗာဒီဝန်ကြီးချုပ် ယူလစ်ဆက် ကော်ရီယာအီးဆေးလ်ဗားက ပြောကြားခဲ့သည်။
ကော်ရီယာအီးဆေးလ်ဗားက ဩဂုတ် ၁၃ ရက်၌ ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှ ရေးသားအသိပေး ခဲ့ခြင်းဖြစ်ပြီး ကိပ်ဗာဒီအစိုးရ၏ စီးပွားရေးများ အဆင်ပြေချောမွေ့စွာ ပြန်လည်ဦးမော့လာနိုင်စေရန် ကမ္ဘာ့ဘဏ်က ပူးပေါင်းဆောင်ရွက်ကူညီမှုအဖြစ် အဆိုပါငွေကြေးကို ချက်ချင်းထုတ်ပေးခြင်းဖြစ် ကြောင်းလည်း ရေးသားအသိပေးခဲ့သည်။
ကိပ်ဗာဒီနိုင်ငံ၏ မေတ္တာရပ်ခံမှုကို ကမ္ဘာ့ဘဏ်မှ ခိုင်မာသောစည်းလုံးညီညွတ်မှုအဖြစ် လျျင်မြန်စွာ အကူ အညီပေးခဲ့ခြင်းကြောင့် ကျေးဇူးတင်ရှိကြောင်း၊ လူမှုအသိုင်းအဝိုင်းနှင့် အခြေခံအဆောက်အအုံများ အတွက်လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းပေးသွားမည်ဖြစ်ကာ ခံနိုင်ရည်ပိုရှိသည့် တည် ဆောက်မှုများကိုလည်း လုပ်ဆောင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ကိပ်ဗာဒီအစိုးရက မိုးသည်းထန်ပြီး ရေကြီးမှုများကြုံတွေ့နေရသည့် ဆာအိုဗင်းဆင့်၊ ဆန်တိုအန်နာတို နှင့် ဆာအိုနီကိုလူကျွန်းများတွင် နိုင်ငံအဆင့် အရေးပေါ်အခြေအနေကြေညာထားပြီး အဆိုပါကျွန်းများ၌ ပျက်စီးဆုံးရှုံးမှုများကြီးမားခဲ့ကာ လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ (Xinhua)
…………………….
(English Version)
World Bank approves 10 mln USD emergency aid for Cape Verde
PRAIA, Cape Verde, Aug. 14 (Xinhua) — The World Bank has approved 10 million U.S. dollars in emergency assistance to support Cape Verde’s response to heavy rains that have left eight people dead and three others missing, Cape Verdean Prime Minister Ulisses Correia e Silva has said.
In a post on his official social media page Wednesday, Correia e Silva said the aid was activated under a cooperation program aimed at supporting the government’s efforts toward a resilient and equitable economic recovery, with the World Bank authorizing an immediate disbursement.
He thanked the World Bank Group for its “swift response” to Cape Verde’s request and its “strong sense of solidarity” in addressing urgent social and infrastructure needs to protect communities and rebuild with greater resilience.
The Cape Verdean government has declared a state of emergency on the islands of Sao Vicente, Santo Antao and Sao Nicolau, where heavy rains and flooding have caused significant material damage in addition to the casualties.
Photo:
Cape Verdean Prime Minister Ulisses Correia e Silva speaks during the handover ceremony of the China-built maternity ward building of Dr. Baptista de Sousa Hospital in Mindelo, Sao Vincente Island, Cape Verde, July 22, 2025. (China Railway 14th Bureau Group Co., Ltd./Handout via Xinhua)